ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖူးခက်တွင် ထားဝယ်ကလေးငယ်အများစုအပါအဝင် မြန်မာသုံးရာကျော် ပညာသင်နေသောကျောင်းကို ရပ်ခိုင်း

Dawei Watch

March 18, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်ကျွန်းတွင် မြန်မာကလေးငယ် သုံးရာကျော် ပညာသင်ယူနေသည့် ကျောင်းကို ရပ်နားရန် ထိုင်းအာဏာပိုင်များက ညွှန်ကြားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖူးခက်မြို့၏ ငါးဖမ်းလှေဆိပ်ထဲက မြန်မာကလေးများ၏ အခမဲ့စာသင်ကျောင်းကို ရုပ်သံတင်ဆက်သူတစ်ဦးက ရုပ်သံမှတ်တမ်းထဲတွင် ထည့်သွင်းတင်ဆက်လိုက်ရာမှ ထိုင်းနိုင်ငံသားများက ဝေဖန်မှုမြင့်တက်လာခြင်းဖြစ်သည်။ မြန်မာစာသင်ကျောင်းများ အခမဲ့ဖွင့်ထားခြင်းနှင့်ပတ်သက်၍ မတ်လ ၁၇ ရက်က ဖူးခက်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ပေါင်းစုံက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ကျောင်းတွင် စာသင်ကြားခြင်းကို ရပ်နားရန် ညွှန်ကြားထားကြောင်း ပြောဆိုသည်။ သို့သော်လည်း ကလေးငယ်များ အခြားလှုပ်ရှားမှုများ လာရောက်လုပ်ဆောင်နိုင်ရန်အတွက် ကျောင်းကို ဆက်လက် ဖွင့်ခွင့်ပြုထားကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာကလေးစာသင်ကျောင်းရုပ်သံသည် Ride with Gabi အမည်ဖြင့် Youtube တွင် ရုပ်သံတင်ဆက်သူက “ဖူးခက်မြို့၏ အခြားတဖက်-The Other Side […]

အပစ်ရပ်သဘောတူညီချက် ချိုးဖောက်၍ အစ္စရေးက ဂါဇာအနှံ့ကို ရုတ်တရက် တိုက်ခိုက်၊ ပါလက်စတိုင်း ၂၀၀ ကျော် သေဆုံး

Dawei Watch

March 18, 2025

ဟားမတ်စ်ပစ်မှတ် ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်ခြင်းဖြစ်သည်ဟုဆိုကာ အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသ အနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများကို ယနေ့ (အင်္ဂါနေ့)အစောပိုင်းက ပြုလုပ်ခဲ့သည်။ ယင်းမှာ ယခုနှစ်ဇန်နဝါရီလတွင် အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသက်ဝင်လာခဲ့ပြီးနောက်ပိုင်း ရုတ်တရက် ပြန်လည်ပေါ်ပေါက်လာသည့် အစ္စရေးဘက်က အပြင်းထန်ဆုံး တိုက်ခိုက်မှု ဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးသူငယ် အမြောက်အများအပါအဝင် ပါလက်စတိုင်းဦးရေ ၂၀၀ ကျော် သေဆုံးခဲ့ရကြောင်း ဂါဇာအစိုးရမီဒီယာဌာနက ထုတ်ပြန်ထားသည်။ အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရှေ့ဆက်တိုးရန် ဆွေးနွေးမှုတွင် တိုးတက်မှုမရသဖြင့် ယင်းသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် အမိန့်ပေးခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက ဆိုသည်။ ယင်းတိုက်ခိုက်မှုမှာ ဆက်လက်ကျယ်ပြန့် လာဖွယ်ရှိနေသည်ဟု အစ္စရေးအရာရှိများက ဆိုသည်။ “အခုချိန်ကစပြီး အစ္စရေးက ဟားမတ်တွေအပေါ်မှာ စစ်ရေးအရ အင်အားတိုးမြှင့်ပြီး […]

စစ်ကောင်စီ ဒရုန်းတိုက်ခိုက်မှုကြောင့် ဒေါနတပ်ရင်းက ရဲဘော်နှစ်ဦးသေဆုံး

Dawei Watch

March 18, 2025

မွန်နှင့် တနင်္သာရီတွင် စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၏ တပ်ခွဲ ၃ ၊ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ရဲဘော်နှစ်ဦးသည် စစ်ကောင်စီတပ်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးကြောင်း YGF တပ်ဖွဲ့ ထံမှ သိရသည်။ ရဲဘော် ရဲဇာနည်ကျော် (ခေါ်) ဇာနည်နှင့် ရဲဘော် လင်းလင်း (ခေါ်) မင်းမွန်တို့သည် မတ်လ ၁၅ ရက်တွင် ရှေ့တန်း စစ်ဆင်ရေးတစ်နေရာတွင် စစ်ကောင်စီ၏ ဒရုန်းဗုံး ထိမှန်ပြီး သေဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ “ရဲဘော်တွေကတော့ တိုက်ပွဲဖြစ်ပွားရင်းကျဆုံးခဲ့တာ မဟုတ်ဘဲ ရှေ့တန်းမှာပဲ စစ်ကြောင်းထိုးလာတဲ့ ရန်သူစစ်‌ကောင်စီ ဒရုန်း အကြဲခံခဲ့ရပြီး ကျဆုံးခဲ့ရတာပါ” ဟု YGF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ စောခေတ်သစ်က ပြောသည်။ ရဲဘော်နှစ်ဦး၏ စျာပနကို […]

ရဝမ်ဒါက ဘယ်လ်ဂျီယမ်နှင့် သံတမန်ဆက်ဆံရေး ရပ်စဲ

Dawei Watch

March 18, 2025

ဘယ်လ်ဂျီယမ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ရပ်စဲလိုက်ပြီဟု ရဝမ်ဒါအစိုးရက တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာလိုက်ပြီး ရဝမ်ဒါရှိ ဘယ်လ်ဂျီယမ်သံတမန်များအားလုံး ၄၈ နာရီအတွင်း နိုင်ငံမှ ထွက်ခွာသွားရန် အမိန့်ထုတ်လိုက်သည်။ လက်ရှိဖြစ်ပွားနေသည့် ကွန်ဂိုလက်နက်ကိုင်ပဋိပက္ခအရေးနှင့် ပတ်သက်၍ ရဝမ်ဒါနိုင်ငံ ထိခိုက်စေမည့် အရာကို ဘယ်လ်ဂျီယမ်အစိုးရက အစဉ်တစိုက် လုပ်ဆောင်လျက်ရှိသည်ဟု ရဝမ်ဒါနိုင်ငံခြားရေး ဝန်ကြီးဌာနက စွပ်စွဲခဲ့သည်။ ဘယ်လ်ဂျီယမ်အစိုးရကလည်း ရဝမ်ဒါသံတမန်များကို နိုင်ငံအတွင်း လက်ခံတော့မည် မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။ ဘယ်လ်ဂျီယမ်နှင့် သံတမန်ဆက်ဆံရေးဖြတ်တောက်ပြီး သံတမန်များကို လက်မခံတော့ကြောင်း ရဝမ်ဒါ၏ ဆုံးဖြတ်ချက်အပေါ် ဝမ်းနည်းကြောင်း ဘယ်လ်ဂျီယမ်နိုင်ငံခြားရေးဝန်ကြီး Maxime Prevot က X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။ ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခအရေးတွင် ရဝမ်ဒါအစိုးရအပေါ် နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှု ချမှတ်ရန် ဘယ်လ်ဂျီယမ်က အားပေးလှုံ့ဆော်နေသည်ဟု ရဝမ်ဒါသမ္မတက […]

ဒေါ်နယ်ထရမ့်၊ ပထမဆုံး အားကစားပွဲများနှင့် အမေရိကန်ပြည်ထောင်စု

Dawei Watch

March 17, 2025

ဒေါ်နယ်ထရမ့်၊ ပထမဆုံး အားကစားပွဲများနှင့် အမေရိကန်ပြည်ထောင်စု

စစ်ကောင်စီတပ် ကားလမ်းဖျက်ထားသဖြင့် တကူဒေသထွက် ရာသီပေါ်သီးနှံများ စျေးမရ

Dawei Watch

March 17, 2025

စစ်ကောင်စီတပ်က ကားလမ်းကို ဖျက်ဆီးပြီး ဖြတ်သန်းခွင့်ပိတ်ပင်ထားသဖြင့် တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုထွက် ရာသီပေါ်သီးနှံများ မြိတ်မြို့သို့ တင်ပို့ခွင်မရသဖြင့် စျေးကျသွားကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ တကူကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၈၀၀ ခန့်မှာ ရာသီပေါ် သီးနှံများဖြစ်သည့် ခရမ်းသီး၊ အစိမ်းစားဥ၊ ပြောင်းဖူးနှင့် ငရုတ်သီး စသည့် ရာသီပေါ်သီးနှံများ စိုက်ပျိုးပြီး မြိတ်မြို့သို့ တင်ပို့ရောင်းချလေ့ရှိကြကြောင်း ၎င်းတို့က ဆိုသည်။ မြိတ်မြို့သို့ တင်ပို့ရာတွင် ဖြတ်သန်းရလေ့ရှိသည့် ဇဝဲရွာရှိ လမ်းပိုင်းကို စစ်ကောင်စီတပ်သားများက မြေတူးစက်များဖြင့် ပြီးခဲ့သည့် နှစ်လခန့်က ဖျက်ဆီးကာ ဖြတ်တောက်ထားကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါကားလမ်းမှာ လက်ရှိအချိန်အထိ ဖြတ်သန်းခွင့်မရသဖြင့် ဒေသထွက်ရာသီပေါ်သီးနှံများ မြိတ်မြို့သို့တင်ပို့ခွင့်မရဘဲ ဈေးကျကာ တောင်သူများ အခက်အခဲကြုံနေရကြောင်း ခရမ်းသီးစိုက်ပျိုးနေသည့် အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက […]

မြိတ်တွင် အသက် ၇နှစ်အရွယ် မိန်းကလေးငယ် ပျောက်ဆုံးနေပြီး လေးရက်ကြာအထိ ပြန်မတွေ့

Dawei Watch

March 17, 2025

မြိတ်မြို့တွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးသွားပြီး လေးရက်အကြာ ယနေ့ မတ်လ ၁၇ရက်အထိ ပြန်မတွေ့သေးကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ မြိတ်မြို့၊ မြိတ်‌တောင်အုပ်စု၊ တရုတ်တန်းရပ်၊ အေးမြဖြူစင်လမ်း‌တွင်နေထိုင်သည့် အသက် ၇ နှစ်အရွယ် မသီသီဝင်းသည် မတ်လ ၁၄ ရက်က ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ရက်ကွက်နေသူအချို့ ပြောသည်။ ယင်းနေ့ နံနက်ပိုင်းက ရပ်ကွက်အတွင်း မသီသီဝင်းနှင့် အခြားကလေးငယ်များ ကစားနေချိန် ဘုန်းကြီးတစ်ပါးက လာရောက်ခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေသူအချို့က ဆိုသည်။ မိန်းကလေးငယ်အား ခေါ်သွားသည်ကို သိရသည့်အချိန်တွင် မိဘဖြစ်သူက အဆိုပါဘုန်းကြီးထံ ချက်ချင်းဖုန်းဆက်ကာ ကလေးကိုပြန်ပို့ပေးရန် ပြောဆိုခဲ့သော်လည်း ပြန်လည်‌ပြောဆိုခြင်းမရှိဘဲ ဖုန်းစက်ပိတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ “ဘုန်းကြီးက စကားပြောကောင်းတယ်။ ကောင်မငယ် (ကလေးငယ်) […]

မွန်တွင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေသူ ကိုးထောင်ကျော်ရှိ

Dawei Watch

March 17, 2025

မွန်ပြည်နယ်တွင် ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ အရေအတွက်သည် ယမန်နှစ်ကထက် သုံးထောင်ကျော်တိုးလာကြောင်း ပြည်နယ်ပညာရေးဌာန၏ အချက်အလက်များအရ သိရသည်။ ပြီးခဲ့သည့် ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ၆၀၀၀ ကျော်သာရှိခဲ့ပြီး ယခုနှစ်တွင် ၉၃၀၀ ကျော်ရှိကြောင်း အထက်ပါစာရင်းများအရ သိရသည်။ ယနေ့ မတ်လ ၁၇ရက်တွင် စတင်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် မွန်ပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာန ၂၃ ခု ရှိကြောင်း ပြည်နယ်ပညာရေးဌာနထံမှ သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲကာလ လုံခြုံရေးအထူးဆောင်ရွက်ကြရန် စစ်ကောင်စီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မတ်လ ၁၄ရက်တွင် ပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးတွင် ဌာနဆိုင်ရာများကို ညွှန်ကြားခဲ့သည်။ ယင်းအပြင် စာမေးပွဲဖြေဆိုသည့်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ […]