ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘန်ကောက်တွင် မြန်မာလုပ်သားနှစ်ဦး ဓါတ်လိုက်သေဆုံး

Dawei Watch

March 25, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘန်စူးနယ်မြေတွင် ရေမြောင်းကြီးအတွင်းသန့်ရှင်းရေး ဆင်းလုပ်သော မြန်မာအလုပ်သမားနှစ်ဦး မနေ့ ညသန်းခေါင်အချိန်တွင် ဓါတ်လိုက်သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၂၄ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မြန်မာအလုပ်သမားနှစ်ဦးက မြောင်းထဲ သန့်ရှင်းရေးလုပ်ရန် လှေကားဖြင့်ဆင်းစဉ် ဓါတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများမှာ အသက် ၃၀ နှစ်အရွယ် ကိုမင်းလွင်ဝင်းနှင့် အသက် ၃၅ နှစ်အရွယ် ကိုလင်းနိုင်တို့ဖြစ်ကြပြီး မြေအောက်မြောင်းထဲတွင်ပင် သေဆုံးခဲ့ကြသည်။ မြန်မာအလုပ်သမားများ ဓါတ်လိုက်ပြီး မြောင်းထဲ ပြုတ်ကျသွားချိန် ကယ်ဆယ်ရေးအဖွဲ့များ အချိန်မီ ရောက်လာကြသော်လည်း မြောင်းထဲတွင် လျှပ်စစ်မီးကြိုးများ ပေါက်ပြဲမှု ရှိမရှိ ကနဦး စစ်ဆေးမှုများ ပြုလုပ်ရကြောင်း သတင်းတွင်ဖော်ပြထားသည်။ ယင်းကြောင့် မတော်တဆဖြစ်ပြီး ၂ နာရီအကြာတွင် မြန်မာအလုပ်သမားများအား […]

ချောင်းလမုရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲ၊ ဆီအုန်းလုပ်သားနှစ်ဦးသေဆုံး

Dawei Watch

March 25, 2025

တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာအတွင်းရှိ ဆီအုန်းစိုက်ခင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဆီအုန်းကုမ္ပဏီလုပ်သားနှစ်ဦး သေဆုံးသွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ မတ်လ ၂၄ ရက် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် စစ်ကောင်စီလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ချောင်းလမုရွာကျေးရွာရှိ ကျော်မော်-၁၉ ဆီအုန်း ကုမ္ပဏီ၏ စိုက်ခင်း အတွင်းသို့ ပေါင် ၅၀၀ ဗုံး နှစ်လုံးကျရောက်ပေါက်ကွဲပြီး ဆီအုန်းကုမ္ပဏီဝင်း အတွင်းရှိ အလုပ်သမားများနေထိုင်ရာ အိမ်ရာကိုထိမှန်ခဲ့ကြောင်း ဒေသခံအချို့ထံကသိရသည်။ ယင်းဗုံးစထိမှန်၍ ဆီအုန်းကုမ္ပဏီလုပ်သား အသက် ၂၅ နှစ်နှင့် အသက် ၃၀ နှစ်အရွယ် အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း အမျိုးသားတစ်ဦးက ပြောသည်။ “ဆီအုန်းကုမ္ပဏီမှာတော့ ဆီအုန်းလုပ်သားတွေ ၅၀ လောက်ရှိတယ်။ […]

စစ်ပွဲကြောင့် ဂါဇာတွင် သေဆုံးသူ ငါးသောင်းကျော် ရှိလာ

Dawei Watch

March 25, 2025

ဟားမတ်စ်နှင့် အပစ်ရပ်သဘောတူညီချက်ကို ပြီးခဲ့သည့်အပတ်တွင် အစ္စရေးဘက်က ချိုးဖောက်ကာ တိုက်ခိုက်မှု ပြန်လည်စတင်လိုက်ပြီးနောက် စစ်ပွဲကြောင့် ဂါဇာတွင် သေဆုံးသူ ငါးသောင်းကျော် ရှိလာပြီ ဖြစ်ကြောင်း ပါလက်စတိုင်းအရာရှိများက ထုတ်ဖော်ပြောဆိုလိုက်သည်။ ကျန်ရှိနေသေးသည့် အစ္စရေးဓားစာခံများကို ဟားမတ်စ်ဘက်က ပြန်မလွှတ်ပေးလျှင် ဂါဇာကို အလုံးစုံပျက်စီးအောင် တိုက်ခိုက်မည်ဟု အစ္စရေးဘက်က ခြိမ်းခြောက်ထားသည်။ အစ္စရေးက ဂါဇာရှိ နေရာတော်တော်များကို စစ်ရေးပစ်မှတ်ဟု ဆိုကာ တိုက်ခိုက်မှု ပြုလုပ်လျက်ရှိပြီး ဂါဇာမြောက်ပိုင်းသို့ မြေပြင်ကျူးကျော်ထိုးစစ်လည်း ပြုလုပ်လျက် ရှိသည်။ ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့ပတ်ဝန်းကျင်ဧရိယာထဲကိုလည်း အစ္စရေးတင့်ကားများ ဝင်ရောက်လာခဲ့သည်ဟု ဒေသခံများက ဆိုသည်။ အစ္စရေး-ဟားမတ်စ်စစ်ပွဲအတွင်း ပါလက်စတိုင်းဦးရေ စုစုပေါင်း ၅၀,၀၂၁ ဦး သေဆုံးခဲ့ပြီး ၁၁၃,၀၀၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဟားမတ်စ်အဖွဲ့ ဦးဆောင်သည့် ဂါဇာကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်လိုက်သည်။ […]

မြိတ်တွင် သုံးနှစ်အတွင်း တညင်းသီးဈေး သုံးဆနီးပါးမြင့်တက်

Dawei Watch

March 25, 2025

မြိတ်တွင် သုံးနှစ်တာကာလအတွင်း တညင်းသီးဈေး သုံးဆနီးပါးမြင့်တက်လာကြောင်း မြိတ်မြို့နေ တညင်းသီး ကုန်သည်များထံမှ သိရသည်။ ယခုမတ်လ ရာသီအစတွင် အခွံနွှာပြီးသားတညင်းသီး သံပုံး (ဆီပုံး) တစ်ပုံးလျှင် ငွေကျပ် ကိုးသောင်းဝန်းကျင်အထိ ဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ၂၀၂၂ ခုနှစ်ကမူ တညင်းသီးတစ်ပုံးလျှင် ကျပ် သုံးသောင်းဝန်းကျင် သာ‌ဈေးရှိခဲ့ပြီး သုံးနှစ်အတွင်း သုံးဆအထိ စျေတက်လာခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။ ရာသီဥတုအခြေအနေနှင့် နယ်မြေ မအေးချမ်းမှုများကြောင့် တညင်းသီး အထွက်နည်းလာကြောင်း တနင်္သာရီမြို့နယ်ရှိ တောင်သူတစ်ဦးက ဆိုသည်။ “ခူးရတဲ့ အခက်အခဲတွေက‌တော့ မျိုးစုံပါပဲ။ အခုချိန်မှာက တောထဲဝင်ရမှာတောင် ခပ်လန့်လန့်ပါပဲ။ မိုင်းအန္တရာယ်ကို ကြောက်ရ၊ ဒီကြားထဲ အသီးကလည်း အထွက်နည်းတယ်။ အရဲစွန့်ပြီး ရှာစားနေရတဲ့ဘဝတွေပါဗျာ” ဟု ၎င်းက ပြောသည်။ တညင်းပင်မှာ […]

Flow ရုပ်ရှင်ကြောင့် ကြောင်နက်လေးများကို မွေးစားသူ များလာ

Dawei Watch

March 24, 2025

လတ်ဗီးယားနိုင်ငံမှ ဖန်တီးထုတ်လုပ်လိုက်သည့် ‘Flow’ အက်နီမေးရှင်းရုပ်ရှင်ကားကြောင့် ကြောင်နက်များကို မွေးစားသူပိုများလာကြောင့် ပိုလန်အခြေစိုက် TVP World သတင်းဌာနက ဖော်ပြသည်။ ယင်းရုပ်ရှင်ကြောင့် လက်ရှိတွင် လူအများက ကြောင်နက်များကို ပိုမိုသဘောကျနှစ်သက်လာကြပြီး ၊ ကြောင်နက်များကို မွေးစားသည့်အိမ်များ ပိုမိုတိုးပွားလာသည်ဟု ဆိုသည်။ အကယ်ဒမီဆုရထားသည့် အက်နီမေးရှင်းရုပ်ရှင် “Flow” သည် ကြောင်နက်များအပေါ် လူအများ၏ အမြင်ကို ပြောင်းလဲစေခဲ့သည်ဟု ယင်းသတင်းဌာနက ဆိုသည်။ ယင်းရုပ်ရှင်တွင် အနက်ရောင်ကြောင် ကလေးတစ်ကောင်ကို အဓိကသရုပ်ဆောင်အဖြစ် ထည့်သွင်းဖန်တီးထားသည်။ ရေကြီးမှုတစ်ခု ဖြစ်ပြီးနောက် အခြားတိရစ္ဆာန်များနှင့်အတူ လှေတစ်စီးပေါ်တွင် သောင်တင်ပိတ်မိနေသည့် အနက်ရောင်ကြောင်ကလေးတစ်ကောင်၏ ဇာတ်လမ်းဖြစ်သည်။ တကိုယ်တည်းအထီးကျန်ဖြစ်ကာ ကြောက်ရွံ့နေသည့် အဆိုပါ ကြောင်နက်ကလေးက ၎င်း၏ အဖော်များအပေါ် ယုံကြည်မှုရှိလာပြီး အသက်ရှင်ရန် ရုန်းကန်သည့်အကြောင်း ဇာတ်အိမ်တည်ထားသည်။ ယင်းရုပ်ရှင်ကြောင့် လူတော်တော်များများက […]

ရန်ကုန်-မော်လမြိုင်ကားလမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့ ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး

Dawei Watch

March 24, 2025

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကြာဖြူကျေးရွာနှင့် ခမိတ်ကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် မော်တော်ယာဉ်များကို စစ်ဆေးနေသည့် စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများ၊ ဒေသခံများထံမှ သိရသည်။ မတ်လ ၂၃ ရက် ညနေ ၅ နာရီခွဲခန့်က ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီ လက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ဒုစုံစမ်းစစ်ဆေးရေးမှူး ဦးမင်းသူနှင့် လက်ထောက်စုံစမ်းစစ်ဆေးရေးမှူး ဦးမျိုးသန့်တို့နှစ်ဦး အခင်းဖြစ်ရာနေရာတွင်ပင် သေဆုံးခဲ့ပြီး စုံစမ်းစစ်ဆေးရေးမှူး ဦးသူရစိုး အပြင်းအထန် ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။ “အဲဒီအဖွဲ့က ကြာဖြူနှင့် ခမိတ်ရွာကြားလမ်းမကြီးမှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်တင်ယာဉ်တွေကို စစ်ဆေးနေတဲ့အဖွဲ့ ဖြစ်တယ်” ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ […]

ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆို ဆွေးနွေး

Dawei Watch

March 24, 2025

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်အပေါ် အယုံအကြည်မရှိအဆိုကို ယနေ့ လွှတ်တော်ထဲတွင် အချေတင်ဆွေးနွေးခဲ့ရာ သက်ဆင်လွှမ်းမိုးမှုရှိသော ဝန်ကြီးချုပ်ကို ရုပ်သေးရုပ်ဝန်ကြီးချုပ်ဟု ခေါ်ဝေါ်သုံးစွဲခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်သည် ညွန့်ပေါင်းအစိုးရအဖွဲ့ကို ထိထိရောက်ရောက် ဦးဆောင်စီမံနိုင်ခြင်းမရှိသဖြင့် အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီခေါင်းဆောင် Natthaphong Ruengpanyawut က ပြီးခဲ့သောဖေဖော်ဝါရီလ အယုံအကြည်မရှိအဆိုကို တင်သွင်းခဲ့ခြင်းအတွက် ယနေ့တွင် စတင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ကို အယုံအကြည်မရှိကြောင်း အဆိုအတွက် မနက်ဖြန် မတ်လ ၂၅ ရက်နေ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး မတ်လ ၂၆ ရက်နေ့တွင် မဲပေးဆုံးဖြတ်သွားမည်ဖြစ်သည်။ ဝန်ကြီးချုပ်၏ အခွန်ရှောင်မှုနှင့် ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်၏ လွှမ်းမိုးမှုများအတွက် အဓိက ဝေဖန်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်ချသည့်အချိန်များတွင် သက်ဆင်မိသားစုက လွှမ်းမိုးနေမှု ပိုများနေသဖြင့် ဝန်ကြီးချုပ်သည် ရုပ်သေးရုပ် […]

မြိတ်မှတနင်္သာရီကိုလာသည့် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရ

Dawei Watch

March 24, 2025

မြိတ်မြို့ဘက်မှ တနင်္သာရီမြို့နယ်ဘက်လာသည့် စစ်ကောင်စီယာဥ်တန်းကို ဘန်းလမွတ်ကျေးရွာအုပ်စု အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့အပါအဝင် တော်လှန်ရေးတပ်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ကား ၈ စီးပါ စစ်ကောင်စီတပ် ယာဥ်တန်းကို (ယနေ့)မတ်လ ၂၄ ရက် နံနက် ၁၁နာရီဝန်းကျင်တွင် ဘန်းလမွတ်ကျေးရွာအုပ်စု ရမ်းဖိုရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့က ဆိုသည်။ ထိုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ယာဥ်တန်းပါ ကားတစ်စီးထိခိုက်သွားသော်လည်း ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ ဝင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ”ထိသွားတဲ့ကားက အထိအခိုက်တော့များမယ်ထင်တယ်။ အင်အားက လမ်းကင်းယူထားတာနဲ့ဆို တော်တော်လေးများမယ်ထင်တယ်”ဟု ၎င်းကဆိုသည်။ အဆိုပါ စစ်ကောင်စီတပ်ကားများက မြိတ်ဘက်မှ သိန်ခွန်းရွာဘက်သို့ စစ်ကူသွားမည့် ကားများဖြစ်နိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ထို့အပြင် သိန်ခွန်းရွာဘက်ရှိ ဒဏ်ရာရစစ်ကောင်စီ တပ်သားများကို ပြန်သယ်ရန်လည်း ဖြစ်နိုင်ကြောင်း၎င်းကဆိုသည်။ […]