ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီ-ထုံခါ-မောတောင်လမ်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ၍ တံတားကျိုးကျ

Dawei Watch

March 23, 2025

တနင်္သာရီ–ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချောင်းနှစ်ပေါက်တံတား ပြိုကျပျက်စီးသွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ တနင်္သာရီတိုင်းစစ်ဌာနနှင့် တော်လှန်ရေးအင်အားစုများထံက သိရသည်။ ယနေ့(မတ် ၂၃) နေ့လယ် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်က ချောင်းနှစ်ပေါက်တံတား ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ- Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားက ပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အကျယ် ပေ ၂၀၊ အလျား ၂၄၀ ပေအရှည်ရှိသည့် ကွန်ကရစ်တံတား ပြိုကျပျက်စီးသွားပြီး လမ်းပိုင်းပြတ်တောက်သွားပြီဖြစ်ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း ၎င်းကဆိုသည်။ “တိုက်ပွဲကတော့ ဒီတစ်ပတ်လုံးတောက်လျောက်ဖြစ်နေတာ ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် ဒီချောင်းနှစ်ပေါက်တံတားအနီးမှာ ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်တယ်။ စစ်ခွေးတွေဘက်လည်း ထိခိုက်သေဆုံးမှုများတယ်။ […]

စူရတ်ဌာနီတွင် လောင်းကစားဝိုင်းဝင်ဖမ်း၊ မြန်မာ ၂၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

March 23, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ထဲက လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးရာတွင် မြန်မာနိုင်ငံသား ၂၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၂၂ ရက်နေ့ညက ခီရီရတ်နီခွန်ဒေသရှိ နွားခြံအဟောင်းထဲက လောင်းကစားဝိုင်းကို ထိုင်းအာဏာပိုင်များအဖွဲ့က ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လောင်းကစားဝိုင်းတွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၂၁ ဦးနှင့် ထိုင်းနိုင်ငံသား ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ လောင်းကစားဝိုင်းထဲရှိ ဘတ် ၂၈၅၅၀ ဘတ်နှင့် ဖဲထုပ် ၃၅ ထုပ်ကိုလည်း သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူများကို ခီရီရတ်နီခွန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ခွင့်မပြုထားသော လောင်းကစားလုပ်မှု (ရှမ်းကိုးမီး) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းတွင် ဖော်ပြသည်။ Ref: Khaosod English, หม่อนไหม สุราษฎร์ […]

ထားဝယ်မြို့တွင် တရုတ်ဘိုးဘိုး လှည့်လည်ပွဲကျင်းပ

Dawei Watch

March 23, 2025

ထားဝယ်မြို့ ၊ ဇရစ်ရပ်ကွက် ၊ ကျန့်တိတ်(ခ)ကျမ်းတိတ် ဗုဒ္ဓဘာသာတရုတ်ဘုရားကျောင်း တွင် တည်ရှိသည့် တွာပေ့ကုန်း(ခ)ထွာပေကုန်း တရုတ်ဘိုးဘိုး လှည့်လည်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည့် မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ တွာပေ့ကုန်းဘိုးဘိုးကို ဘုရားကျောင်းမှ ပင့်ဆောင်ပြီး ညောင်ပင်ကြီးလမ်းဆုံ ၊ တောင်ခွလမ်းဆုံ ၊ ဘုရားရှစ်မြှောင့်လမ်းဆုံ ၊ ဗိုလ်ချုပ်လမ်းဆုံ စသည့် လမ်းကြောင်း အတိုင်း လှည့်လည်ပြီး ဘုရားကျောင်းသို့ ပြန်လည်ပင့်ဆောင်ခဲ့ကြသည်။

ထရမ့်အစိုးရကိုဝေဖန်၍ ပြင်သစ်တစ်ဦးကို အမေရိကန်လေဆိပ်က ပြည်ဝင်ခွင့်မပြု

Dawei Watch

March 23, 2025

အမေရိကန်လေဆိပ်တွင် ပြင်သစ်နိုင်ငံသား သိပ္ပံသုတေသီတစ်ဦး၏ ဖုန်းထဲတွင် ထရမ့်အစိုးရ၏ သုတေသနမူဝါဒများအပေါ် ဝေဖန်ပြောဆိုထားသည့် မက်ဆေ့များတွေ့ရှိမှုကြောင့် ပြည်ဝင်ခွင့် ငြင်းပယ်ပြီးနှင်ထုတ်ခဲ့ကြောင်း ပြင်သစ်နိုင်ငံ အဆင့်မြင့်ပညာရေးနှင့် သုတေသနဝန်ကြီးက ယခုအပတ် ကြာသပတေးနေ့တွင် ပြောဆိုလိုက်သည်။ အဆိုပါ နှင်ထုတ်မှုမှာ ယခုနှစ် မတ်လ ၈ ရက်နေ့က အမေရိကန်လေဆိပ်တစ်ခုတွင် ဖြစ်ပွားခဲ့သည်ဟု သံတမန်အသိုင်းအဝိုင်း သတင်းအရင်းအမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြထားသည်။ “အမေရိကန်နိုင်ငံ ၊ ဟွန်စတန်မြို့က ဆွေးနွေးပွဲတစ်ခု တက်ရောက်ဖို့အတွက် ရောက်လာတဲ့ ပြင်သစ်အမျိုးသားသိပ္ပံသုတေသနဌာန(CNRS) က သုတေသီတစ်ယောက်ကို အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့် ငြင်းဆန်ပြီး ပြန်နှင်ထုတ်လိုက်တဲ့အကြောင်း စိတ်မကောင်းစွာနဲ့ ကြားသိရပါတယ်” ဟု ပြင်သစ်နိုင်ငံ အဆင့်မြင့်ပညာရေးနှင့် သုတေသနဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်သူ Philippe Baptiste က ဆိုသည်။ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

March 22, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၁၆ ရက်မှ ၂၂ ရက်အထိ VOA နဲ့ RFA သတင်းဌာနတွေ ပိတ်သိမ်းရနိုင်ခြေရှိနေ မြန်မာပြည်သူတွေ နှစ်ပေါင်းဆယ်နဲ့ချီပြီး သတင်းတွေနားဆင်ခဲ့ရတဲ့ အမေရိကန်အသံ VOA နဲ့ လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာနတွေ ပိတ်သိမ်းရနိုင်တဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လုပ်ငန်းလျှော့ချရေးအမိန့်အသစ်ဟာ VOA နဲ့ RFA သတင်းဌာနတွေကို တိုက်ရိုက် သက်ရောက်စေခဲ့တာပါ။ VOA နဲ့ RFA အပါအဝင် ကမ္ဘာတစ်ဝန်းမှာ ဘာသာစကားပေါင်း ၆၀ကျော်နဲ့ ရုပ်သံထုတ်လွှင့်နေတဲ့ သတင်းလုပ်ငန်းခြောက်ခုကို ငွေကြေးထောက်ပံ့ ကြီးကြပ်ရတဲ့ အမေရိကန်ပြည်ထောင်စု ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) ကို လုပ်ငန်းအဆုံးစွန်ထိ […]

လောင်းလုံး မီးဘေးသင့်ပြည်သူများကို ဇမ္ဗူသီရိအဖွဲ့ မနက်ဖြန် သွားကူမည်

Dawei Watch

March 22, 2025

လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာရှိ မီးဘေးသင့်ပြည်သူများကို မတ်လ ၂၃ ရက်တွင် ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့က သွားရောက်ကူညီလှူဒါန်းမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် ထားဝယ်မြို့ခံများအနေဖြင့် မီးဘေးသင့်ပြည်သူများအတွက် အစားအစာ၊ အဝတ်အထည်၊ ဆေးဝါးနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ကူညီလှူဒါန်းလိုပါက ဇမ္ဗူသီရိအဖွဲ့ရုံးတွင် လာရောက်လှူဒါန်းနိုင်ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူက ပြောသည်။ “အခုလောလောဆယ်တော့ ကျွန်တော်တို့မှာ ရှိတဲ့ပစ္စည်းတွေနဲ့ အရေးပေါ်ဆင်းလှူမယ်။ မြို့သူမြို့သားတွေအနေနဲ့လည်း ရုံးမှာ လာရောက်ပြီးတော့ လှူပေးထားလို့ရတယ်။ နေရာ နီးနီးလေးဆိုတော့ ကျွန်တော်တို့ အချိန်မရွေး ဆင်းလှူပေးလို့ရတယ်” ဟု ၎င်းက ပြောဆိုသည်။ မီးဘေးသင့်ပြည်သူများကို သွားရောက်လှူဒါန်းရန် မတ်လ ၂၃ ရက် နံနက် ၉ နာရီတွင် ဇမ္ဗူသီရိရုံးမှ ကားများစတင်ထွက်ခွာမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ မတ်လ ၂၂ ရက် […]

အိုင်ယာလန်သမ္မတအဖြစ် ဝင်အရွေးခံမည့် UFC ဖိုက်တာဟောင်း မုဒိမ်းမှုအတွက် အယူခံဝင်

Dawei Watch

March 22, 2025

မုဒိမ်းမှုကျူးလွန်ကြောင်း တရားရုံးကဆုံးဖြတ်ပြီး ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည့် UFC ဖိုက်တာဟောင်းတစ်ဦးဖြစ်သူ ကော်နာမက်ဂရေဂေါ်က သောကြာနေ့တွင် စတင်အယူခံဝင်လိုက်သည်။ ကော်နာမက်ဂရေဂေါ်က ယခုနှစ် အိုင်ယာလန်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဟု အသိပေးပြောဆိုလိုက်ပြီးနောက် ၎င်း၏ရှေ့နေများက ယင်းသို့ အယူခံဝင်လိုက်ခြင်း ဖြစ်သည်။ ကော်နာမက်ဂရေဂေါ်က ၂၀၁၈ ခုနှစ်တွင် နှိပ်စက်မုဒိမ်းကျင့်ခဲ့ကြောင်း Nikita Hand အမည်ရှိ အမျိုးသမီးတစ်ဦးက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ တရားရုံးက အဆိုပါ အမျိုးသမီးကို အနိုင်ပေးလိုက်ပြီး ကော်နာမက်ဂရေဂေါ်ဘက်က လျော်ကြေးငွေ ၂၄၈,၆၀၃ ယူရို ပေးရန် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အမိန့်ချခဲ့သည်။ ကော်နာမက်ဂရေဂေါ်တွင် သက်သေအထောက်အထားအသစ်များ ရှိနေပြီဟုဆိုကာ ၎င်း၏ ရှေ့နေများက သောကြာနေ့တွင် စတင်အယူခံဝင် လျှောက်ထားခဲ့သည်။ အဆိုပါ အယူခံဝင်မှုကို တရားရုံးက မေလ ၂ ရက်နေ့တွင် စတင်ကြားနာစစ်ဆေးသွားမည် ဖြစ်သည်။ […]

ချောင်းလမုရွာတွင် အိမ်ပြန်ပြီး ရိက္ခာယူချိန် လက်နက်ကြီးထိပြီး စစ်ရှောင်နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

Dawei Watch

March 22, 2025

တနင်္သာရီမြို့နယ်၊ ချောင်းလမုရွာတွင် နေအိမ်ပြန်သွားပြီး ရိက္ခာသွားယူစဉ် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်၍ စစ်ဘေးရှောင်နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စစ်ရှောင်နေရာက မတ်လ ၂၁ ရက် ညနေ၃နာရီခန့်တွင် ရွာရှိနေအိမ်၌ စားနပ်ရိက္ခာပြန်သွားယူစဉ် သိန်ခွန်းရွာဘက်ရှိ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးဒဏ်ရာရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “သူတို့က ဆိုင်ကယ်နှစ်စီးနဲ့ ရိက္ခာယူပြီး အိမ်ထဲမှ ပြန်အထွက် လက်နက်ကြီးလာကျရာက ထိသွားပြီး ရိက္ခာတွေလည်း မြေပြင်ပြန့်ကြဲနေ၊ အိုးခွက်တွေလည်း တစ်စစီပြဲ။ ဆိုင်ကယ်လည်း မီးလောင်သွားတယ်” ဟု အသက် ၃၂နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် အသက်၃၀ အရွယ် အမျိုးသားတစ်ဦးနှင့်အသက်၂၂ နှစ် အမျိုးသမီး တစ်ဦး နေရာတွင်ပင် သေဆုံးပြီး အသက်၂၂နှစ်နှင့်အသက်၂၆နှစ် အမျိုးသားနှစ်ဦး ဒဏ်ရာအပြင်းထန်ရကြောင်း ဒေသခံအမျိုးသား […]