ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တရုတ်နှင့်စစ်ဖြစ်ပါက တိုက်ခိုက်မည့် ထိပ်တန်းစစ်ရေးလျှို့ဝှက်ချက်များကို အီလွန်မတ်အား ချပြမည်

Dawei Watch

March 21, 2025

တရုတ်နှင့် စစ်ဖြစ်လာမည့်အရေး ပြင်ဆင်ထားသည့် အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်၏ ထိပ်တန်းလျှို့ဝှက်ချက် စစ်ရေးအစီအမံများကို ယနေ့ သောကြာနေ့တွင် အီလွန်မတ်အား ချပြသွားမည်ဟု The New York Times က ဖော်ပြလိုက်သည်။ ပင်တဂွန်စစ်ဌာနချုပ်၏ ထိပ်တန်းစစ်ရေးလျှို့ဝှက်အစီအမံများကို အီလွန်မတ်အား ကြည့်ရှုခွင့် ပြုလိုက်ခြင်းမှာ အီလွန်မတ်၏ သြဇာကြီးထွားလာနေမှုကို မီးမောင်းထိုးပြနေသည်ဟု The New Yorks က ဖော်ပြထားသည်။ အီလွန်မတ်အား ထိပ်တန်းစစ်ရေးလျှို့ဝှက်ချက်များ ချပြခြင်းက အီလွန်မတ်၏ အကျိုးစီးပွားပဋိပက္ခများအပေါ် စိုးရိမ်မှုများလည်း မြင့်တက်လာစေသည်။ အီလွန်မတ်သည် အမေရိကန်အစိုးရ၏ အသုံးစရိတ် ဖြတ်တောက်လျှော့ချမှုများတွင် ဦးဆောင်လျက်ရှိသူ ဖြစ်သည်။ ၎င်း၏ စီးပွားရေးအကျိုးအမြတ်နှင့် အစိုးရအသုံးစရိတ်လျှော့ချမှုအကြား အကျိုးစီးပွားပဋိပက္ခ ပေါ်ပေါက်လာလျှင် အီလွန်မတ်သည် ဆုံးဖြတ်ချက်ချမှတ်မှုတွင် မပါဝင်ဘဲ နေလိမ့်မည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားခဲ့ဖူးသည်။ အီလွန်မတ်ပိုင် တက်စ်လာနှင့် […]

ထားဝယ်နည်းပညာတက္ကသိုလ်က စစ်ကောင်စီတပ်သားသုံးဦးကို ဒူရကစစ်ကြောင်း ပစ်သတ်

Dawei Watch

March 21, 2025

ထားဝယ်မြို့အနီး၊ မောင်မယ်ရှောင်ရွာရှိ ထားဝယ်နည်းပညာတက္ကသိုလ်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သား သုံးဦး မတ်လ ၁၈ရက် နံနက်ပိုင်းက အပြင်ထွက်ချိန် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း သွားရောက်ပစ်ခတ်ခဲ့သည့် ဒူရကစစ်ကြောင်းထံမှ သိရသည် ။ အဆိုပါ စစ်ကောင်စီတပ်သားသုံးဦးထံမှ သေနတ်သုံးလက်နှင့် ကျည်ဆန်၊ ကျည်ဘောက်များလည်း သိမ်းဆည်းရမိကြောင်း ဒူရကစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “ဘုရားမဲဂိတ်အနားမှာပဲ မုန့်ထွက်ဝယ်တဲ့အချိန် ပစ်လိုက်တယ်။ သုံးယောက်ကတော့ တစ်ခါတည်းသေသွားတယ်။ ဂိတ်ဘက်နဲ့ နည်းပညာတက္ကသိုလ်ဘက်က ပြန်ပစ်လို့ အပြန်အလှန်ဆယ်မိနစ်လောက် ပစ်ပြီးတာနဲ့ လက်နက်ကောက်ပြီး ပြန်ဆုတ်လာလိုက်တယ်။ (ဒူကရစစ်ကြောင်းဘက်က) အထိအခိုက်တော့ မရှိခဲ့ဘူး” ဟု ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်သားသုံးဦး၏ ရုပ်အလောင်းကို လူနာတင်ယာဥ်ဖြင့် ထားဝယ်မြို့ဘက်သို့ သယ်ဆောင်သွားသည်ကို မြင်တွေ့ရကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံများက ပြောဆိုသည်။ ဒူရကစစ်ကြောင်းက မတ်လ ၂၀ […]

အစ္စတန်လ်ဘူမြို့တော်ဝန် ဖမ်းဆီးခံရပြီးနောက် နိုင်ငံအနှံ့ ဆန္ဒပြပွဲများပြင်းထန်

Dawei Watch

March 21, 2025

လမ်းပေါ်လူစုလူဝေးလုပ်ခြင်းကို တားမြစ်ထားသည့် တူရကီနိုင်ငံအနှံ့မှ မြို့ကြီးများတွင် ကြာသပတေးနေ့တွင်လည်း လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသည်။ တူရကီသမ္မတအာဒိုဂန်၏ အကြီးမားဆုံး နိုင်ငံရေးပြိုင်ဘက်ဖြစ်သူ အစ္စတန်ဘူလ်မြို့တော်ဝန် အက်ခရင်အီမာမိုလူအား အာဏာပိုင်များက ဖမ်းဆီးလိုက်သည့်အပေါ် မကျေမနပ် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ အန်ကာရာ ၊ အစ္ဇမာနှင့် အစ္စတန်ဘူလ်မြို့တို့တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်စဉ်အချို့ ဖြစ်ပွားခဲ့သည်။ အသက် ၅၄ နှစ်အရွယ် အက်ခရင်အီမာမိုလူအား အကျင့်ပျက်ခြစားမှု ၊ အကြမ်းဖက်အဖွဲ့တစ်ခုအား ထောက်ပံ့ပေးမှု စွဲချက်တို့ဖြင့် ဗုဒ္ဓဟူးနေ့တွင် အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် ယင်းနေ့မှာပင် ဆန္ဒပြပွဲများ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ အဓိကအတိုက်အခံ CHP ပါတီ၏ ပါတီဝင်ဖြစ်သူ အက်ခရင်အီမာမိုလူအား ဖမ်းဆီးမှုသည် ဒီမိုကရေစီနည်းလမ်းမကျသည့် လုပ်ရပ်ဟု ဆန္ဒပြသူများက ဆိုသည်။ အက်ခရင်အီမာမိုလူသည် ၂၀၂၈ သမ္မတရွေးကောက်ပွဲအတွက် အတိုက်အခံ CHP […]

အမေရိကန် သမ္မတထရမ့်က ပညာရေးဌာန ပိတ်သိမ်းကြောင်းအမိန့် လက်မှတ်ထိုး

Dawei Watch

March 21, 2025

ရွေးကောက်ပွဲ ကတိကဝတ်အတိုင်း ပညာရေးဌာနကို ဖျက်သိမ်းရန် သမ္မတအမိန့်အာဏာကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။ ပညာရေးဌာနပိတ်သိမ်းရေး လိုအပ်သည့် အဆင့်အားလုံး ဆောင်ရွက်ရန် ၊ ပညာရေးကဏ္ဍလုပ်ပိုင်ခွင့် အာဏာကို ပြည်နယ်နှင့် ဒေသန္တရအစိုးရများထံ လွှဲပြောင်းပေးရန် ပညာရေးဌာနအကြီးအကဲဖြစ်သူ Linda McMahon အား ထရမ့်၏ သမ္မတအမိန့်အာဏာက ညွှန်ကြားထားသည်။ ယင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အသေးစိတ်ညွှန်ကြားချက်များကိုမူ မဖော်ပြထားပေ။ ပညာရေးဌာန၏ အရေးပါသည့် လုပ်ငန်းအချို့ကိုမူ ဆက်လက်လည်ပတ် ဆောင်ရွက်နေဦးမည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။ ထရမ့်သည် ပညာရေးဌာနကို မကြာခဏ ဝေဖန်ခဲ့သူ ဖြစ်သည်။ ပညာရေးဌာနသည် ငွေကြေးအပြုန်းအတီးများပြီး လစ်ဘရယ်အယူအဆများ လွှမ်းမိုးခံနေရသည်ဟုလည်း ၎င်းက ဆိုသည်။ ပညာရေးဌာနသည် ငွေလိမ်လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး အမေရိကန်ပညာရေး အရည်အသွေး ကျဆင်းရသည်မှာ ပညာရေးဌာနကြောင့် ဖြစ်သည်ဟု ထရမ့်က […]

ထားဝယ်တွင် ဈေးဆိုင်များ အလစ်သုတ်ခံရမှုဆက်တိုက်ဖြစ်

Dawei Watch

March 20, 2025

ထားဝယ်မြို့တွင် လမ်းဘေးဈေးဆိုင်များ အလစ်သုတ်ခံရမှု ဆက်တိုက်ဖြစ်လာကြောင်း အလစ်သုတ်ခံရသူများထံမှ စုံစမ်းသိရသည်။ မတ်လ ၁၉ ရက်က ထားဝယ်မြို့ တလိုင်းမရပ်ကွက်ရှိ အသုပ်ဆိုင်တစ်ဆိုင်တွင် ဈေးဝယ်သူဟန်ဆောင်ပြီး စျေးရောင်းသူ အလစ်တွင် ပိုက်ဆံအိတ်အတွင်းမှ ငါးထောင်တန် ငွေစက္ကူများကို နှိုက်ယူသွားကြောင် စျေးဆိုင်နှင့်နီးစပ်သူက လူမှူကွန်ရက်တွင် မျှဝေထားသည်။ အလစ်သုတ်ခံရသည်မှာ ဟုတ်မှန်ကြောင်း စျေးသည်က Dawei Watch မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပြီး ဆိုင်တွင် စျေးဝယ်သူများ ရှိနေသည့်အပြင် ဖြစ်စဉ်အသေးစိတ်ကိုမူ ပြောဆိုခြင်း မရှိသေးပေ။ ပြီးခဲ့သည့် တစ်ပတ်ခန့်ကလည်း လောင်းလုံးမြို့နယ် သောကြာပြင်ဈေးရှိ စျေးဆိုင်တစ်ဆိုင်နှင့် လမ်းဘေးဈေးဆိုင် နှစ်ဆိုင်တွင် အလစ်သုတ်ခံရကြောင်း ကိုယ်တိုင်ကြုံရသည့် ဈေးသည် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “ဆိုင်ထဲဝင်လာတယ်၊ ပစ္စည်းတွေ ကြည့်ပြီး အများကြီးယူမယ်လိုလိုနဲ့ ဟိုပစ္စည်းယူပေး၊ ဒီပစ္စည်းယူပေးလို့ ပြောတယ်။ အဲဒီပစ္စည်းသွားယူပေးနေတုန်းမှာပဲ […]

ထား၀ယ်တွင် စိတ်ဝေဒနာသည်အမျိုးသမီး ပျောက်ဆုံးပြီးခြောက်ရက်ကြာအထိ ရှာမတွေ့

Dawei Watch

March 20, 2025

ထားဝယ်တွင် စိတ်ဝေဒနာသည်အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေပြီး ခြောက်ရက်အကြာ ယနေ့ မတ်လ ၂၀ရက်အထိ ပြန်လည်ရှာမတွေ့သေးကြောင်း သမီးဖြစ်သူက ပြောသည်။ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာ ရွှေဂူတံတားအနီးနေထိုင်သည့် အသက် ၄၀ကျော်အရွယ် ဒေါ်တင်တင်ထွေးသည် မတ်လ ၁၅ရက်တွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကျွန်မ (မတ်လ) ၁၄ ရက်နေ့မှာ ထမင်းသွားပို့သေးတယ်။ နောက်နေ့ မရှိတော့ဘူး။ အခုဆိုရင် တစ်ပတ်လောက်ရှိနေပြီ” ဟု သမီးဖြစ်သူက ပြောဆိုသည်။ ဒေါ်တင်တင်ထွေးသည် စိတ်ဝေဒနာခံစားနေရသည်မှာ ၁၈ နှစ်ခန့်ရှိပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ မိသားစုနှင့်အတူ နေထိုင်ရန် ခေါ်၍မရသောကြောင့် ရွှေဂူတံတားအနီးတွင် တစ်ယောက်တည်းနေထိုင်သူဖြစ်ကြောင်း သမီးဖြစ်သူက ပြောသည်။ လက်ရှိတွင် မိသားစုဝင်များက လိုက်လံရှာဖွေနေရာ ယခင်က သွားလေ့ရှိသည့် ဆွေမျိုးများထံသို့လည်း မရောက်ဘဲ ရှာမတွေ့ ဖြစ်နေကြောင်း […]

မွန်တွင် စစ်ဘေးရှောင် နှစ်သောင်းခန့်အကူအညီလို

Dawei Watch

March 20, 2025

မွန်ပြည်နယ်တွင် စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူနှစ်သောင်းခန့်ရှိနေပြီး အစားအသောက်နှင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်အရေးအကူအညီပေးနေသူများထံမှ သိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် စစ်ကောင်စီ စစ်ကြောင်းထိုးမှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မြို့နယ် ခြောက်ခုထက် မနည်းတွင် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူ ကျိုက်ထိုမြို့နယ်တွင် ၉၀၀ ကျော်၊ ဘီးလင်းမြို့နယ်တွင် ၅၅၀၀ ကျော်၊ သထုံမြို့နယ်တွင် ၂၀၀၀ ကျော်၊ ကျိုက်မရောမြို့နယ်တွင် ၁၀၀၀ ကျော်၊ သံဖြူဇရပ်မြို့နယ်တွင် ၃၃၀၀ ကျော်နှင့် ရေးမြို့နယ်တွင် ၄၅၀၀ ကျော်ရှိကြောင်း မွန်ပြည်နယ် လူသားချင်းစာနာမှုကွန်ရက်၏အချက်အလက်များအရ သိရသည်။ ထွက်ပြေးတိမ်းရှောက်နေရသူအများစုသည် နယ်မြေအခြေအနေ မတည်ငြိမ်မှုကြောင့် နေရပ်သို့ ပြန်လာနိုင်ခြင်းမရှိသလို ဒေသအချို့တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသော်လည်း ဒေသတွင်း စစ်ကောင်စီတပ်က […]

ပြစ်မှုဟောင်းဖြင့် နေရပ်ပြန်ပို့ခံရဖူးသောမြန်မာတစ်ဦး ပန်းရောင်ကတ်လုပ်ချိန် ပြန်ဖမ်းဆီးခံရ

Dawei Watch

March 20, 2025

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီးနောက် နေရပ်ပြန်ပို့ခံရဖူးသော မြန်မာနိုင်ငံသားတစ်ဦးသည် နေထိုင်အလုပ်လုပ်ခွင့် လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် လဝကတွင် လက်ဗွေနှိပ်ချိန် ပြစ်မှုဟောင်း ပြန်ပေါ်လာသဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၃၇နှစ်အရွယ် ကိုမင်းထွန်းသည် စမွတ်စာခွန်ခရိုင် လဝကရုံးတွင် လက်ဗွေနှိပ်စဉ် ပြီးခဲ့သော ၂၀၂၂ ခုနှစ်က ခိုးမှုကျူးလွန်ဖူးသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) လျှောက်ထားသည့် ရွှေ့ပြောင်းအလုပ်သမားများ သည် ကျန်းမာရေးစစ်ဆေးမှုခံယူခြင်း၊ လဝကတွင် ဇီဝ အချက်အလက်ပေးသွင်းရန် လက်ဗွေနှိပ် မျက်လုံးစကင်ဖတ် ခြင်းများ ပြုလုပ်ရသည်။ ကိုမင်းထွန်းသည် အမည်ပြောင်းလဲကာ ပန်းရောင်ကတ်လျှောက်ထားခဲ့ခြင်းဖြစ်သော်လည်း လက်ဗွေနှိပ်ချိန်တွင် ယခင်ပြစ်မှုမှတ်တမ်းဟောင်း ပြန်ပေါ်လာကြောင်း သတင်းများတွင် ဖော်ပြသည်။ ကိုမင်းထွန်းကို ယခင်ပြစ်မှုကြောင့် နေရပ်ပြန်ပို့ထားပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေအရ […]