ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေဖြူတိုက်ပွဲတွင် အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

Dawei Watch

March 24, 2025

ရေဖြူမြို့နယ် ညင်းထွေးရွာနှင့် ကျောက်ကညာရွာကြား မတ်လ ၂၄ ရက်(ယနေ့)နံနက်က ဖြစ်ပွားသည့်တိုက်ပွဲ၌ ညင်းထွေးရွာသား အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။ လက်နက်ကြီးထိမှန်သေဆုံးသူမှာ ညင်းထွေးရွာသား အသက် ၄၀ ကျော်အရွယ်ရှိ ကိုငယ်သား ဆိုသူဖြစ်ကြောင်း ဒေသခံများကပြောသည်။ ကိုငယ်သားသည် တိုက်ပွဲဖြစ်နေချိန် နံနက် ၁၀ နာရီကျော်ခန့်တွင် ဥယျာဉ်ခြံထဲမှ နေအိမ်သို့ ပြန်ရောက်လာစဉ် စစ်ကောင်စီတပ်ကပစ်သည့် လက်နက်ကြီးတစ်လုံး အိမ်နားကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့‌ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “သူကခြံထဲကနေ ဆိုင်ကယ်နဲ့အိမ်ပြန်လာတဲ့အချိန် အိမ်ရှေ့မှာပဲ လက်နက်ကြီးလာကျပြီး ကျည်စမှန်တယ် ရင်ဘတ်မှာ ထိတယ်”ဟု ၎င်းကပြောသည်။ ယနေ့ နံနက် စောစောပိုင်းတွင် ညင်းထွေးရွာနှင့် ကျောက်ကညာရွာကြား၌ စစ်ကောင်စီတပ်က လမ်းကင်းချထားသည်ဟုဒေသခံများကပြောသည်။ ထိုလမ်းကင်းချထားသည့် စစ်ကောင်စီတပ်သားများ တပ်ပြန်ရုပ်ချိန်တွင် တော်လှန်ရေး‌တပ်ဖွဲ့က စောင့်ကြိုပစ်ခတ်ရာမှ နံနက် ၉ […]

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ထိတွေ့ပစ်ခတ်မှုဖြစ်

Dawei Watch

March 24, 2025

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာအတွင်း၌ ရှိသော နဘုလယ်ခြေတော်ရာဘုရားအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ယနေ့ မတ်လ ၂၄ ရက် မွန်းလွှဲပိုင်းတွင် နှစ်ဖက် ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ပြန်လည် စတင်ရန် စစ်ကောင်စီနှင့် ရုရှာနိုင်ငံအစိုးရတို့ သဘောတူညီမှုရပြီး‌နောက် စစ်ကောင်စီတပ်သည် မတ်လ ၁၃ ရက်ကစပြီး ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်အင်အားဖြည့်တင်းလာခြင်း ဖြစ်သည်။ ယင်းသို့ အင်အားဖြည့်ထားရာမှ အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကြောင်းတစ်ကြောင်းသည် မတ်လ ၂၀ ရက်မှ စ၍ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေကြောင်း ဒေသခံများက ဆိုသည်။ ယနေ့ မွန်းလွှဲ ၁ နာရီခန့်တွင်မူ နဘုလယ်ဒေသ လဲရှောင်ရွာအနီး ခြေတော်ရာဘုရားအနီးတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “စစ်ကြောင်း စစထိုးချင်း […]

တရုတ်က ၂ နှစ်အတွင်း ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရန်ရှိဟု အမေရိကန်ထောက်လှမ်းရေးပြော

Dawei Watch

March 24, 2025

တရုတ်သမ္မတရှီကျင့်ဖျင်သည် ၂၀၂၇ မတိုင်မီ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရန် ရည်ရွယ်နေကြောင်း အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာတစ်ခုကို ကိုးကား၍ ထိုင်ဝမ်အခြေစိုက် Focus Taiwan သတင်းဌာနက ဖော်ပြသည်။ “တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်မှုအတွင်း ကြွယ်ဝချမ်းသာမှုနှင့် အကျင့်ပျက်ခြစားမှုများ” ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါ အစီရင်ခံစာကို အမေရိကန်နိုင်ငံ ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (DNI) က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ သမ္မတရှီကျင့်ဖျင်သည် ယင်းကျူးကျော်မှုလုပ်ဆောင်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ခေတ်မီစစ်တပ်တစ်တပ် ဖြစ်လာစေရေးအတွက် စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ဆောင်ရွက်လျက်ရှိသည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။ တရုတ်နိုင်ငံတွင် အစိုးရအရာရှိအားလုံး၏ ၆၅ ရာခိုင်နှုန်းမှာ လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ပတ်သက်နေကြကြောင်း ယင်းအစီရင်ခံစာက ဖော်ပြသည်။ တရုတ်သမ္မတရှီကျင့်ဖျင် အာဏာရလာသည့် ၂၀၁၂ ခုနှစ်မှ စ၍ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ကျယ်ကျယ်ပြန့်ပြန့် […]

တနင်္သာရီ ချောင်းလမုရွာတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် တောမီးရက်ဆက်လောင်

Dawei Watch

March 24, 2025

တနင်္သာရီမြို့နယ်၊ ချောင်းလမုရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာမှ တောမီး ရက်ဆက်လောင်ကျွမ်းနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ မတ် ၂၁ ရက် ညနေ ၃နာရီခန့်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး ချောင်းလမုရွာအပြင်ရှိ ဝါးရုံတောအတွင်း ကျရောက်ပေါက်ကွဲရာမှ မီးစတင်လောင်ကျွမ်းကြောင်း ၎င်းတို့က ပြောသည်။ ယင်းအပြင် အနီးဝန်းကျင်ရှိ သီဟိုဠ်ခြံများ၊ ရော်ဘာခြံများနှင့် ကွမ်းသီးခြံများ ဆက်လက်လောင်ကျွမ်းနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ”တောမီးလောင်တာ ညရောက်မှ သိတယ်။ ကျွန်တော်တို့က လင်း (နောက်တစ်ရက် မနက်စောစော) မှ သွားငြှိမ်း လိုက်တယ်။ အိမ်နဲ့နီးတဲ့ တောစပ်တွေပဲ ငြှိမ်းသတ်နိုင်တယ်” ဟု အဆိုပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောဆိုသည်။ မီးလောင်သည့်နေရာမှာ စစ်ကောင်စီတပ်သားများနှင့် နီးနေသည့်အတွက် သွားရောက်ငြှိမ်းသတ်နိုင်ခြင်းမရှိဘဲ မတ်လ ၂၄ […]

ရေဖြူတွင် တိုက်ပွဲပြင်းထန်၊ လေယာဉ်ဝဲသဖြင့် ဒေသခံများစိုးရိမ်

Dawei Watch

March 24, 2025

ရေဖြူမြို့နယ်၊ ကျောက်ကညာနှင့် ညင်းထွေးရွာကြားတွင် ယနေ့နံနက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် လေယာဉ်ဝဲနေသဖြင့် စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။ ကျောက်ကညာနှင့် ညင်းထွေးရွာကြားရှိ ကားလမ်းမတစ်ဝိုက်နှင့် ကားလမ်းမ အရှေ့ဘက်ခြမ်းတို့တွင် ယနေ့ မတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်ကစပြီး တိုက်ပွဲအပြင်းအထန်ဖြစ်နေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “အခုထိ ပစ်နေကြတုန်း၊ လေယာဉ်လည်း လာဝဲနေတယ်” ဟု ၎င်းက နံနက် ၁၁နာရီဝန်းကျင်တွင် ပြောဆိုသည်။ နံနက် ၁၁ နာရီဝန်းကျင်အထိ နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ နံနက် ၁၀နာရီခွဲခန့်တွင် စစ်ကောင်တပ်၏ လေယာဉ်မှာ ကျောက်ကညာရွာနှင့် ညင်းထွေးရွာ၏တို့တွင် ပျံဝဲနေပြီး လေကြောင်းတိုက်ခိုက်ခံရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက […]

တနင်္သာရီ ဘန်းလမွတ်ရွာသားတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

Dawei Watch

March 24, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာသားတစ်ဦးကို စစ်ကောင်စီတပ်က မတ်လ ၂၂ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနေ့ နံနက်ပိုင်းတွင် အသက် ၃၈ နှစ်အရွယ် ဦးသိန်းဇော်ထွေး (ခေါ်) ဦးနောင်ပြဲအပါအဝင် လမ်းသွားလမ်းလာများကို ဘန်းလမွတ်ရွာလမ်းဆုံတွင် စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သူ အားလုံးနီးပါးကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးနောင်ပြဲကိုမူ မတ်လ ၂၃ ရက် ညနေအထိ ဖမ်းဆီးထားဆဲဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “ဘာကြောင့်ဖမ်းလဲ။ ဘယ်မှာဖမ်းထားလဲဆိုတာကို မသိရသေးဘူး။ မိသားစုဝင်တွေကလည်း လိုက်စုံစမ်းနေတုန်းပဲ” ဟု ၎င်းက ပြောဆိုသည်။ လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ဦးနောင်ဗြဲကို စစ်ကောင်စီတပ်က ဇဝဲရွာဘက်ကို ခေါ်ဆောင်သွားကြောင်း ဘန်းလမွတ်ရွာ ဒေသခံတစ်ဦးက ပြောဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ မတ်လ […]

ထားဝယ်မြို့ပေါ်တွင် ယနေ့တစ်ရက်တည်း မီး ၂ ကြိမ်လောင်

Dawei Watch

March 23, 2025

ထားဝယ်မြို့ပေါ်တွင် ယနေ့(မတ် ၂၃) တစ်ရက်တည်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှသိရသည်။ ယနေ့ ညနေ ၃ နာရီဝန်းကျင်ခန့်တွင် ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်၊ ကျောင်းသစ်လမ်းတွင် မီးလောင်မှုကြောင့် လူနေအိမ်တစ်ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “မီးလောင်တဲ့အချိန်မှ အိမ်မှာ လူရှိမနေဘူးလို့ ပြောတယ်။ အိမ်ကတော့ အားလုံးပျက်စီးသွားတယ်”ဟု ယင်းအမျိုးသားကပြောသည်။ ယင်းအပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ အောင်တံခွန် ငါးဈေးအနီး ထားဝယ်မြစ်ထဲ ရပ်နားထားသည့် ဆီတင်သင်္ဘော မီးလောင်မှုဖြစ်ခဲ့ကြောင်း မြို့ခံများကပြောသည်။ ယင်းမီးလောင်မှုများကို ထားဝယ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ဝန်ထမ်းများနှင့် မြို့ခံများ ပူပေါင်းငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုများ ဖြစ်ပွားရသည့် အကြောင်းကိုမူ အသေးစိတ်မသိရသေးပေ။ ယမန်နေ့ (မတ် ၂၂) နံနက်ပိုင်းတွင်လည်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် […]

ဘန်ကောက်တွင်ကျင်းပမည့် BIMSTEC ထိပ်သီးအစည်းအဝေး မြန်မာစစ်ခေါင်းဆောင်တက်မည်

Dawei Watch

March 23, 2025

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် BIMSTEC အဖွဲ့၏ ၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်လည်း တက်ရောက်မည်ဖြစ်ကြောင်း Thai PBS သတင်းဌာနက ဖော်ပြထားသည်။ ယင်းခရီးစဉ်မှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်၏ ပထမဆုံး ဘန်ကောက်ခရီးစဉ်လည်း ဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ထရာက ပထမဆုံး ဦးဆောင်ကျင်းပမည့် နိုင်ငံ့ခေါင်းဆောင်အဆင့် ထိပ်သီးအစည်းအဝေးလည်း ဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးကို ကနဦးတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားခဲ့ကြောင်း သိရသည်။ ယင်းထိပ်သီးအစည်းအဝေးသို့ BIMSTEC အဖွဲ့ဝင်နိုင်ငံများအားလုံး ပါဝင်တက်ရောက်သွားမည် ဖြစ်သည်။ အဆိုပါ […]