ထိုင်းဝန်ကြီးချုပ်အား အယုံအကြည်မရှိ အဆို ရှုံးနိမ့်
Dawei Watch
March 26, 2025ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ထရပ်အား အယုံအကြည်မရှိအဆိုကို လွှတ်တော်အတွင်း ယနေ့ မဲခွဲဆုံးဖြတ်ရာ ယင်းအဆိုမှာ ရှုံးနိမ့်သွားခဲ့သည်။ ဝန်ကြီးချုပ်ပေထုန်တန် ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရကို အတိုက်အခံဘက်က ပြင်းပြင်းထန်ထန် မေးခွန်းထုတ်လာခဲ့ပြီး နှစ်ရက်အကြာတွင် ယင်းသို့ မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ပေထုန်တန်၏ ညွန့်ပေါင်းအဖွဲ့သည် အောက်လွှတ်တော်အတွင်း နေရာပေါင်း ၅၀၀ အနက်မှ ၃၂၀ နေရာကို ထိန်းချုပ်ထားသည်။ အယုံအကြည်မရှိအဆို အောင်မြင်ရန်မှာ မဲပေးသည့် အောက်လွှတ်တော်အမတ်များ၏ ထက်ဝက်ကျော်ထံမှ ထောက်ခံမဲ ရရှိရန် လိုအပ်သည်။ မဲခွဲဆုံးဖြတ်မှုရလဒ်မှာ ထောက်ခံမဲ ၃၁၉ မဲ၊ ကန့်ကွက်မဲ ၁၆၂ မဲနှင့် ကြားနေမဲ ၇ မဲ ရှိရာ မစ္စပေထုန်တန်အား ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။ အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုမှာ ပေထုန်တန်ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအတွက် ပထမဆုံးပေါ်ပေါက်လာသည့် စိန်ခေါ်မှု […]


