စစ်ကောင်စီတပ် လေယာဉ်များ နေ့တိုင်းနီးပါး ပျံဝဲနေသဖြင့် ဘုတ်ပြင်းဒေသခံများစိုးရိမ်
Dawei Watch
March 27, 2025ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ် လေယာဉ်များ မကြာခဏလာရောက် ပျံဝဲနေသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မတ်လ ၁၀ ရက် နောက်ပိုင်းကစပြီး စစ်ကောင်စီတပ် ရဟတ်ယာဉ်နှင့် လေယာဉ်များသည် တစ်ရက်ခြား သို့မဟုတ် နှစ်ရက်ခြား လာရောက်ပျံဝဲလေ့ရှိသဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်နေရကြောင်း မနိုးရိုးကျေး ရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။ လာရောက်ပျံဝဲသည့်ရက်တွင် တစ်ကြိမ်မှ နှစ်ကြိမ်အထိ ပျံဝဲကြောင်း ဒေသခံအချို့က ဆိုသည်။ “လေယာဉ်တွေ ခဏခဏ ကောင်းကင်မှာလာဝဲနေတာပဲ စိတ်ပူတယ်။ တောထဲ တောင်ထဲလည်း မသွားရဲဘူး။ ဘယ်နေ့ ကိုယ့်ရပ်ရွာကို စွန့်ခွာပြီး ပြေးရမလဲမသိဘူး” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ မတ်လ ၁၀ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မနိုးရုံးကျေးရွာအုပ်စုရှိ ခဲချောင်းကျေးရွာကို […]


