စစ်ရဟတ်ယာဉ်နှစ်စင်းကို KIA ပစ်ချ
Dawei Watch
May 20, 2025ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စစ်ကောင်စီတပ်စခန်းကို ယနေ့ မွန်းလွဲပိုင်းက စစ်ကူလာပို့သည့် ရဟတ်ယာဉ် သုံးစင်းအနက် နှစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာများသို့ အတည်ပြုပြောဆိုသည်။ ဗန်းမော် စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခ ၂၁ အနီးသို့ စစ်ကူလာပို့စဉ် ပစ်ခတ်တိုက်ခိုက်ရာ နှစ်စင်းကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထိမှန်သည့် ရဟတ်ယာဉ်နှစ်စင်းအနက် တစ်စင်းမှာ ရွှေကူမြို့သို့ မရောက်မီ ၁၅ မိုင်ခန့်အကွာ တောထဲတွင် ပျက်ကျသွားပြီး နောက်တစ်စင်းမှာ ရွှေကူလေဆိပ်တွင် အရေးပေါ်ဆင်းသက်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။ ပစ်ခတ်မှု မထိမှန်ခဲ့သည့် ကျန်ရဟတ်ယာဉ်တစ်စင်းမှာ မြစ်ကြီးနား နမ့်ပေါင်လေတပ်သို့ ဆင်းသက်ခဲ့ ကြောင်း ၎င်းက ဆိုသည်။ ၂၀၂၄ နှစ်ကုန်ပိုင်းမှစတင်ကာ KIA နှင့် ပူးပေါင်းတပ်များက […]


