ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အမျိုးသမီး ဓမ္မတာရက်ကို ခွင့်အဖြစ်သတ်မှတ်ရန် ထိုင်းအစိုးရ ညွှန်ကြား

Dawei Watch

May 21, 2025

ထိုင်းနိုင်ငံရှိ အမျိုးသမီးအလုပ်သမားများ၏ ဓမ္မတာလာသောရက်များကို ခွင့်ရက်အဖြစ်သတ်မှတ်ပြီး လုပ်အားခအပြည့် ပေးချေရန် အလုပ်ရှင်များကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက မေလ ၂၁ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။ အမျိုးသမီးအလုပ်သမားများအား ဓမ္မတာရက်ကို လစာအပြည့်ဖြင့် ခွင့်ရက်သတ်မှတ်ပေးရန် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာနက မေလ ၇ ရက်နေ့က လက်မှတ်ထိုးထားသော ညွှန်ကြားစာကို အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး ခရိုင်အသီးသီးရှိ အလုပ်သမားရုံးများသို့ ပေးပို့ထားပြီးဖြစ်ကြောင်း ညွှန်ကြားစာတွင် ပါရှိသည်။ ညွှန်ကြားစာတွင် အလုပ်ရှင်များအနေဖြင့် အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာသော ရက်ကို လစာအပြည့်ဖြင့် ခွင့်ရက်သတ်မှတ်ပေးရန်နှင့် လုပ်ငန်းခွင်ထဲရှိ အမျိုးသမီးအားလုံးအတွက် လစဉ်သုံးပစ္စည်းများကို အခမဲ့ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရမည်ဟု ဖော်ပြထားသည်။ အမျိုးသမီး အလုပ်သမားများ၏ အခွင့်အရေးများ ပိုမိုရရှိလာရန် အချက်များကို မြောက်ပိုင်းအလုပ်သမားအဖွဲ့အစည်းများက နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများနေ့တွင် အလုပ်သမားဝန်ကြီးဌာနထံ တင်ပြတောင်းဆိုထားခြင်းဖြစ်သည်။ ယင်းအချက်များအနက် အမျိုးသမီး […]

ထားဝယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် ကလေးတစ်ဦးထပ်မံသေဆုံး

Dawei Watch

May 21, 2025

ထားဝယ်မြို့တွင် မေလ ၂၀ရက် ညနေပိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် ကလေးတစ်ဦး ထပ်မံသေဆုံးကြောင်း မြို့ခံအချို့ နှင့် ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ သေဆုံးသူ ကလေးငယ်မှာ အသက် ၆ နှစ်အရွယ်ဖြစ်ပြီး ထားဝယ်မြို့၊ ကရပ်ပြင်မြောက်ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ မေလဒုတိယပတ်အတွင်း အဖျားရောဂါဖြင့် ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသနေရာမှ မေလ ၂၀ ရက် ညနေပိုင်းတွင် ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးကြောင်း ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။ ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဆေးရုံ၊ ပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများတွင် မေလအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြင့် တက်ရောက်သူများနေပြီး ယခုသီတင်းပတ်အတွင်း သွေးသွင်းကုသရမည့် ကလေးလူနာများအတွက် နေ့စဉ်နီးပါး သွေးရှာဖွေပေးရကြောင်း မြို့ခံသွေးအလှူရှင်အသင်းတစ်သင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “သွေး (ရှာ) ပေးရတာ ဆက်တိုက်ဖြစ်လာလို့ အခြားမိတ်ဖက်အသင်းတွေနဲ့ ချိတ်ဆက်ပြီး […]

ဘန်းလမွတ်တွင် စစ်ကောင်စီလမ်းကင်းကို ဒရုန်းဖြင့်နှစ်ကြိမ်တိုက်ခိုက်

Dawei Watch

May 21, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာတွင်ရှိသည့် စစ်ကောင်စီလမ်းကင်းကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကြောင်း မြေပြင်တော်လှန်ရေးရဲဘော်များက ပြောသည်။ မေလ ၂၀ရက် မွန်းလွဲ ၁နာရီဝန်းကျင်နှင့် ညနေ ၄ နာရီဝန်းကျင်တို့တွင် ဘန်းလမွတ်ကျေးရွာရှိ လမ်းကင်းချထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပကဖဇုန် (၅) မှ တောဗုံးကြီးတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောဆိုသည်။ ပထမအကြိမ် ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးဒဏ်ရာရပြီး ညနေပိုင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း ၎င်းက ပြောသည်။ သေဆုံး ထိခိုက်ဒဏ်ရာရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇဝဲကျေးရွာအခြေစိုက် (၅၅၆) တပ်ရင်းသို့ သယ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ညနေပိုင်း ဒရုန်းဖြင့်တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီလမ်းကင်းနှင့် မော်တုန်းအခြေစိုက် […]

မြန်မာတစ်ဦးအပါအဝင် ရွှေ့ပြောင်းများကို ထရမ့်အစိုးရက တောင်ဆူဒန်သို့ တရားမဝင်ပို့ဆောင်

Dawei Watch

May 21, 2025

မြန်မာနှင့် ဗီယက်နမ်အပါအဝင် နိုင်ငံအချို့မှ ရွှေ့ပြောင်းအခြေချသူ တစ်ဒါဇင်ဝန်းကျင်ကို ထရမ့်အစိုးရက တောင်ဆူဒန်နိုင်ငံသို့ တရားမဝင် ပြည်နှင်ဒဏ်ပေး ပို့ဆောင်လိုက်ကြောင်း ရွှေ့ပြောင်းအခြေချသူအရေး လှုပ်ရှားသူများက စွပ်စွဲလိုက်သည်။ ၎င်းတို့ကို ပြန်ခေါ်ယူပေးရန် ရွှေ့ပြောင်းအခြေချသူများအရေးဆောင်ရွက်ပေးနေသည့် ရှေ့နေများက တရားသူကြီးထံ တင်ပြထားကြောင်း The Guardian သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ အဆိုပါ ရှေ့နေများက အမေရိကန်ခရိုင်တရားသူကြီး ဘရိုင်ယန်မာဖီအား ယင်းကိစ္စနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ပေးရန် တင်ပြထားကြောင်း သိရသည်။ တရားသူကြီး ဘရိုင်ယန်မာဖီသည် ရွှေ့ပြောင်းအခြေချသူများအား တရားရုံးတွင် ကြိုတင်ကြားနာခြင်းမရှိဘဲ ၎င်းတို့၏ ဇာတိနိုင်ငံမဟုတ်သည့် အခြားနိုင်ငံတစ်ခုသို့ လျင်မြန်စွာ နှင်ထုတ်ပို့ဆောင်ခြင်းကို တားမြစ်သည့်အမိန့် ချမှတ်ထားသူ ဖြစ်သည်။ ရွှေ့ပြောင်းအခြေချသူများအား ဇာတိနိုင်ငံမဟုတ်သည့် အခြားနိုင်ငံတစ်ခုသို့ နှင်ထုတ်ပို့ဆောင်လိုက်လျှင် ထိုနိုင်ငံ၌ ၎င်းတို့အား ဖိနှိပ်အနိုင်ကျင့်မှုအန္တရာယ်များ တွေ့ကြုံရနိုင်သောကြောင့် ယင်းသို့ အမိန့်ချမှတ်တားမြစ်ထားခဲ့ခြင်း […]

ယူရိုပါလိဂ်ဗိုလ်လုပွဲကြည့်ရန် စပိန်သို့ရောက်နေသော မန်ယူနှင့် စပါးပရိသတ်များ ခိုက်ရန်ဖြစ်ပွား

Dawei Watch

May 21, 2025

ယူရိုပါလိဂ်ဗိုလ်လုပွဲ ကြည့်ရှုရန် စပိန်နိုင်ငံသို့ ရောက်ရှိနေသော မန်ယူနှင့် စပါးပရိသတ်များသည် ဗိုလ်လုပွဲမတိုင်မီတွင် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။ စပိန်နိုင်ငံတွင် ကျင်းပမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲကိုကြည့်ရှုရန် မန်ယူနှင့် စပါးပရိသတ်စုစုပေါင်း ၈၀,၀၀၀ နီးပါး စပိန်နိုင်ငံသို့ ရောက်ရှိနေပြီး ဆန်ဆီဘက်စ်တီယန်မြို့တွင် မန်ယူနှင့် စပါးပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မန်ယူနှင့် စပါးပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့သော ဆန်ဆီဘက်စ်တီယန်မြို့သည် ယူရိုပါလိဂ်ဗိုလ်လုပွဲကျင်းပမည့် ဘီလ်ဘာအိုမြို့နှင့် ၄၈ မိုင်အကွာတွင် တည်ရှိပြီး စပိန်သတင်းရင်းမြစ်များက မန်ယူနှင့် စပါးပရိသတ်များမှာ ဒေသစံတော်ချိန် ည ၉ နာရီ မိနစ် ၂၀ ဝန်းကျင်၌ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မန်ယူနှင့် စပါးပရိသတ်များသည် အပြန်အလှန် အော်ဟစ်ဆဲဆိုကာ ကိုယ်ထိလက်ရောက် တိုက်ခိုက်ရန်ပြုခဲ့ကြပြီး စားသောက်ဆိုင်အတွင်းရှိ ခုံများ၊ အရာဝတ္ထုများနှင့် […]

KIA ပစ်ချသည့် စစ်ရဟတ်ယာဉ် စက်ချို့ယွင်းပြီးပျက်ကျဟု စစ်ကောင်စီပြော

Dawei Watch

May 21, 2025

ကချင်တပ် KIA က ပစ်ချခဲ့သည့် စစ်ရဟတ်ယာဉ် ပျက်ကျမှုကို စက်ချို့ယွင်းပြီးပျက်ကျခြင်းသာ ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ မေလ ၂၁ရက်တွင် သတင်းထုတ်ပြန်သည်။ ဗန်းမော်မြို့ရှိ စစ်ကောင်စီစခန်းများကို ထောက်ပို့သွားသည့် ရဟတ်ယာဉ်တစ်စင်း ဗန်းမော်မြို့ အနောက်တောင်ဘက် မီတာ ၁၄၀၀ ခန့် အကွာတွင် ရုတ်တရက် စက်ချို့ယွင်းကာ ပျက်ကျခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ရဟတ်ယာဉ်ပျက်ကျသည့်နေရာတစ်ဝိုက်ကို စစ်ကောင်စီတပ်သွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေးနှင့် လုံခြုံရေး ဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။ မေလ ၂၀ ရက် မွန်းလွဲပိုင်းက ဗန်မော်မြို့ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခ ၂၁ အနီးသို့ စစ်ကူလာပို့သည့် Mi17 ရဟတ်ယာဉ် သုံးစင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက ပစ်ခတ်ရာ နှစ်စင်းထိမှန်ခဲ့ကြောင်း KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက […]

လောင်းလုံးတွင် စစ်ကောင်စီစစ်ကြောင်း ဖမ်းခေါ်သွားသည့် ဒေသခံကိုးဦးပြန်လွတ်

Dawei Watch

May 20, 2025

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း ဖမ်းခေါ်သွားသည် ဒေသခံ အမျိုးသား၊ အမျိုးသမီးကိုးဦး ပြန်လည်လွတ်မြောက်လာကြောင်း မြို့ခံတစ်ဦးနှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ လောင်းလုံးမြို့မရဲစခန်းက အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည့် ယနေ့ မေလ ၂၀ ရက် နံနက် ၅ နာရီခန့်တွင် လောင်းလုံးမြို့နှင့် စမ်းလှန်းရွာကြားကို စစ်ကြောင်းထိုးခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ယင်းသို့ စစ်ကြောင်းထိုးစဉ် ဥယျာဉ်ခြံနှင့် လမ်းပေါ်တို့တွင် သွားလာလုပ်ကိုင်နေကြသည့် လောင်းလုံးမြိုခံ ရှစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို သိရှိသည့် မြို့ခံတစ်ဦးက ဆိုသည်။ ယင်းနောက် လောင်းလုံးမြို့နှင့် စမ်းလှန်းရွာကြားရှိ လတ်ခတ်တောင်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယင်းမှတစ်ဆင့် ညနေ ၃နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ “အခုပဲ ဘုန်းကြီးကားတွေနဲ့ ပြန်ပို့ပေးနေတယ်” ဟု […]

ထားဝယ် အညာဖျားကျေးရွာအုပ်စုကို လေယာဥ်ဖြင့်ဗုံးကြဲ

Dawei Watch

May 20, 2025

ထားဝယ်မြို့နယ်၊ အညာဖျားကျေးရွာအုပ်စုကို ယနေ့ မေလ ၂၀ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။ အညာဖျားကျေးရွာအုပ်စု ပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဂျက်တိုက်လေယာဥ်ဖြင့် ကျေးရွာအုပ်စုဝန်းကျင်တွင် ဝဲပျံ၍ ဗုံးကြဲချခဲ့သည့်အပြင် လေယာဥ်ပေါ်က စက်သေနတ်ဖြင့်ပါ နှစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံများက ပြောဆိုသည် ။ “လေယာဥ်ပုံစံက အရင်တစ်ခေါက်လာကြဲတဲ့ လေယာဥ်ပုံစံပဲ။ အရင်တစ်ခါက အသံကြားပြီးတာနဲ့ ခေါင်းပေါ်ရောက်နေပြီ။ အခုတစ်ခေါက်က သေချာ တစ်ပတ်၊ နှစ်ပတ်လောက်ဝဲပြီးမှ ကြဲချတာ။ ပစ်ချတဲ့နေရာကတော့ အရင်ပစ်တဲ့နေရာနဲ့နီးတယ်” ဟု ဗုံးကြဲချစဥ်ဖြစ်စဥ် အနီးရောက်ရှိနေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ […]