ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီ၊ သိန်းခွန်တွင် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူခိုလှုံ

Dawei Watch

May 20, 2025

တနင်္သာရီမြို့နယ်၊ သိန်းခွန်တိုက်ပွဲ ရှေ့တန်းစစ်မျက်နှာပြင်မှ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း ၃ ထံ လက်နက်နှင့်အတူ ဘက်ပြောင်း ခိုလှုံလာခဲ့သည်ဟု ယင်းတပ်ရင်းက ယနေ့ မေလ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။ ဘက်ပြောင်းခိုလှုံလာသူသည် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အခြေစိုက် ခမရ ၄၃၁ စစ်ကောင်စီတပ်ရင်းမှ တပ်သားချစ်ကို ဖြစ်ပြီး မေလ ၁၅ ရက်တွင် ရှေ့တန်းစစ်မျက်နှာပြင်မှ ဆက်သွယ်၍ ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ကိုချစ်ကို သည် ဘက်ပြောင်းခိုလှုံလာစဥ် MA 1 သေနတ် တစ်လက်နှင့် ကျည်ဘောက်သုံးခု ယူဆောင်လာနိုင်ခဲ့သဖြင့် ယခုရက်သတ္တပတ်အတွင်း ဆုကြေးငွေချီးမြှင့်ပေးနိုင်ရန်စီစဥ်နေကြောင်း မြိတ်ခရိုင်တပ်ရင်း ၃ ပြန်ကြားရေးတာဝန်ခံ ကပြောသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် နေထိုင်သူ ကိုချစ်ကို သည် စစ်ကောင်စီတပ်၏ […]

သရက်ချောင်း ဝင်းကဖော်ရွာကို လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

May 19, 2025

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ရှိ ဝင်းကဖော်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ မေလ ၁၉ ရက် နေ့လယ်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့နှင့် ဒေါင်းညီနောင်စစ်ကြောင်းတို့ထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်းကဖော်ရွာတစ်ဝိုက်ကို နေ့လယ် ၁၂ နာရီခွဲခန့်တွင် K8W ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးလေးလုံး ကြဲချတိုက်ခိုက်ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ကျောက်ခဲက ပြောသည်။ ဒေသခံအချို့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဝင်းကဖော်ရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။ “ဗုံးလေးလုံး လာကြဲသွားတယ်လို့ပဲ ကြားတယ်။ လူထိခိုက်မှုရှိတယ်လို့ ပြောသံမကြားဘူး” ဟု ဝင်းကဖော်ကျေးရွာအနီးက အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပထမအကြိမ်တွင် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ပြီး နောက်ထပ် ၅ မိနစ်ခန့် ပတ်ပျံပြီး ဒုတိယအကြိမ်တွင် ဗုံးနှစ်လုံး […]

ဘန်ကောက်ရှိ စားသောက်ဆိုင်တွင် တရားမဝင်လုပ်ကိုင်မှုဖြင့် မြန်မာငါးဦးဖမ်းဆီးခံရ

Dawei Watch

May 19, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တရုတ်စားသောက်ဆိုင်တစ်ဆိုင်တွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည်ဟုဆိုကာ မြန်မာနိုင်ငံသား ငါးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မေလ ၁၇ ရက်က ဟွေးခွမ်ဒေသ RCA ဈေးထဲရှိ တရုတ်စားသောက်ဆိုင်ထဲသို့ ရဲတပ်ဖွဲ့နှင့် လဝကအဖွဲ့တို့က ဝင်ရောက်စစ်ဆေးစဉ် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ၎င်းတို့သည် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ဝင်ရောက်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ထို့ကြောင့် အားလုံးကို ဖမ်းဆီးခဲ့ပြီး တရားမဝင် ဝင်ရောက်လာမှု၊ အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ဝင်ရောက်လုပ်ကိုင်မှုတို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဆိုသည်။ မြန်မာအလုပ်သမားများကို တရားမဝင် အလုပ်ခန့်ထားမှုဖြင့် အရေးယူရန် အလုပ်ရှင်ကိုလည်း ဆက်လက်စုံစမ်းရှာဖွေနေကြောင်း ဖော်ပြသည်။ ထိုင်းနိုင်ငံထဲ Work Permit မရှိဘဲ အလုပ်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ […]

ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းတွင် ကုန်ကားနဲ့ဆိုင်ကယ်တိုက်မိပြီး ဆယ်ကျော်သက်တစ်ဦးသေဆုံး

Dawei Watch

May 19, 2025

ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းပိုင်းရှိ အေးချမ်းမြိုင်ကျေးရွာအနီး ဒေသအခေါ် (ဗူးပင်ကွေ့) နေရာတွင် ကုန်တင်ကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆက်ကျော်သက်လူငယ်တစ်ဦး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မေလ ၁၇ရက် နံနက် ၁၀နာရီဝန်းကျင်တွင် ရန်ကုန်ဘက်မှ ကော့သောင်းသို့ မောင်းနှင်လာသည့် ၁၂ ဘီးတပ်ကုန်တင် ကားနှင့် ဘုတ်ပြင်းမြို့ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တို့ လမ်းအကွေ့တွင် မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းလာသည့် အသက် ၁၉ နှစ်အရွယ် မောင်စိုးသူ ခေါ် ဆန်းငယ် ဒဏ်ရာ အပြင်းအထန်ရပြီး ဆေးရုံတွင် သေဆုံးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “အနောက်မှာပါလာတဲ့ တစ်ယောက်ကတော့ လွင့်ထွက်သွားတယ်။ ခြေ‌ထောက်နှစ်ဖက်စလုံး ကျိုးသွားလို့ ကော့သောင်း ဆေးရုံကို အရေးပေါ် တင်လိုက်ရတယ်။ မောင်းတဲ့သူကတော့ […]

တနင်္သာရီ ဘန်းလမွတ်ရွာကို စစ်ကောင်စီ နှစ်ရက်ဆက် ဒရုန်းဖြင့်ဗုံးချ

Dawei Watch

May 19, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများနှင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ယနေ့ မေလ ၁၉ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ဘန်းလမွတ်ရွာလမ်းဆုံကို ဗုံးချတိုက်ခိုက်ခဲ့သလို မေလ ၁၈ ရက် ကလည်း ယင်းလမ်းဆုံကိုပင် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “ဒရုန်း (ဗုံး) ကတော့ ကားလမ်းမပေါ်ကျပေမယ့် ဘယ်သူမှတော့ ထိခိုက်ဒဏ်ရာရခဲ့တာတော့ မရှိပါဘူး” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ စစ်ကောင်စီသည် ဒရုန်းများဖြင့် တစ်ကြိမ်လျှင် ဗုံးသီးနှစ်လုံးနှုန်း ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ဒရုန်းဖြင့် တိုက်ခိုက်သည့်ရက်တို့တွင် တော်လှန်ရေးတပ်က ပြည်ထောင်စုလမ်းမကြီးပေါ် ကားများကို စစ်ဆေးမှုများရှိခဲ့ကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ဆက်လက်ပြောဆိုသည်။ ဘန်းလမွတ်ရွာအနီးတွင် မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် […]

ဂါဇာတွင် စားနပ်ရိက္ခာ ပိတ်ဆို့ထားမှု ဖြေလျှော့ပေးမည်ဟု အစ္စရေးကြေညာ

Dawei Watch

May 19, 2025

ဂါဇာကို စားနပ်ရိက္ခာအကူအညီ ပိတ်ဆို့ထားမှုအပေါ် ဖြေလျှော့ပေးသွားမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက မေလ ၁၈ ရက်နေ့က ပြောကြားလိုက်သည်။ ဂါဇာကမ်းမြှောင်ဒေသ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် အကြီးစားမြေပြင်စစ်ဆင်ရေး စတင်ခဲ့ပြီဟု အစ္စရေးစစ်တပ်က ကြေညာခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ်၏ အဆိုပါပြောဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကာတာတွင် ပြုလုပ်ခဲ့သည့်အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့အကြား တစ်ဆင့်ခံဆွေးနွေးပွဲသစ်များတွင် တိုးတက်မှုမရရှိခဲ့ကြောင်း နှစ်ဘက်သတင်းအရင်းအမြစ်များက ထုတ်ဖော်ပြောဆိုလာပြီးနောက် အစ္စရေးဘက်က ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲများတွင် အပစ်အခတ်ရပ်စဲရေး ၊ ဓားစာခံလဲလှယ်ရေး ဆွေးနွေးချက်များ ပါဝင်ကြောင်း နေတန်ညာဟုက ပြောသည်။ ဟားမတ်စ်အဖွဲ့ဝင်များအား ဂါဇာမှ ပြည်နှင်ဒဏ်ပေးရေးနှင့် ဂါဇာတွင် စစ်လက်နက်ဖျက်သိမ်းရေးတို့ကို အစ္စရေးဘက်မှ တောင်းဆိုခဲ့သည်ဟု ၎င်းက ဆိုသည်။ အဆိုပါ အချက်များသည် ဟားမတ်စ်ဘက်မှ ယခင်ကတည်းက ငြင်းဆန်ထားပြီးသား အချက်များပင် […]

ရေဖြူ အုန်းပင်ကွင်းရွာတွင် ဥယျာဉ်ခြံတဲ မီးလောင်ပြီး နှစ်ဦးဒဏ်ရာရ

Dawei Watch

May 19, 2025

ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းရွာရှိ ဥယျာဉ်ခြံတဲမီးလောင်းပြီး အသက် ၃၀ ကျော် မောင်နှမနှစ်ဦးမီးလောင်ဒဏ်ရာ ရသွားသဖြင့် ကံပေါက်ဆေးရုံတွင် ကုသမှုခံယူနေကြောင်း ဒေသခံများထံမှသိရသည်။ မေလ ၁၈ ရက် နံနက်ပိုင်းတွင် ဥယျာဥ်ခြံတဲ မီးလောင်မှုဖြစ်ခဲ့ပြီး အုန်းပင်ကွင်းရွာ ၊ အမှတ် ၁ ရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၀ နှင့် ၄၀ ဝန်းအကျင်အရွယ်ရှိ မောင်နှမတော်စပ်သူ နှစ်ဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြခြင်းဖြစ်သည်။ ” ဖယောင်းတိုင်မီးကစလောင်တယ်လို့ သိရတယ်။ ခြံတဲထဲမှာက မီးလောင်ခံရတဲ့ အမျိုးသားက မီးထဲပါနေတာမြင်နေတာ့ သူ့ညီမဖြစ်သူက ဝင်ဆွဲတယ်။ သူ့ညီမမှာ ဒဏ်ရာနည်းတယ် ” ဟု ဖြစ်စဥ်အားသိရှိသည့် ဒေသခံတစ်ဦးကပြောဆိုသည်။ Dawei Watch က မြင်တွေ့ရသည့် မီးလောင်ဒဏ်ရာရထားသူနှစ်ဦး မှတ်တမ်းဓာတ်ပုံ၌ အမျိုးသားတွင် တစ်ကိုယ်လုံးနီးပါး မီးလောင်ဒဏ်ရာရထားပြီး […]

တိရစ္ဆာန်အသံကို လူသားအတွက် ဘာသာပြန်မည့် AI စနစ်ကို Baidu မူပိုင်ခွင့်တင်

Dawei Watch

May 18, 2025

တရုတ်နည်းပညာကုမ္ပဏီကြီး Baidu က တိရစ္ဆာန်များ၏ အသံနှင့် ကိုယ်ဟန်အမူအရာများကို လူသားဘာသာစကားအဖြစ် ဘာသာပြန်ပေးမည့် AI စနစ်အတွက် တရုတ်အစိုးရထံ မူပိုင်ခွင့်လျှောက်ထားလိုက်ပြီ ဖြစ်သည်။ အဆိုပါ AI စနစ်သည် ခွေးဟောင်သံ၊ ကြောင်ညည်းသံနှင့် အခြားအပြုအမူလက္ခဏာများအပေါ် အချက်အလက်များကို စိစစ်ကာ လူသားများ နားလည်နိုင်ရန် အဓိပ္ပါယ်ဖော်ပေးနိုင်မည် ဖြစ်ကြောင်း ဖော်ပြကာ မူပိုင်ခွင့် လျှောက်ထားလိုက်ခြင်း ဖြစ်သည်။ ယင်းနည်းပညာသည် လူသားနှင့် တိရစ္ဆာန်အကြား ဆက်သွယ်မှုကို ဘာသာစကားအရသာမက စိတ်ခံစားမှုဖော်ပြချက်များအရပါ မြှင့်တင်နိုင်မည်ဟု ကုမ္ပဏီဘက်က ဆိုသည်။ အဆိုပါ နည်းပညာသည် လက်ရှိအချိန်တွင် သုတေသနအဆင့်တွင်သာ ရှိနေဆဲဖြစ်သည်။ ယင်းနည်းပညာကို မိတ်ဆက်ချပြမည့်အချိန်နှင့် လက်တွေ့အကောင်အထည်ဖော်မည့်အချိန်ကို ကုမ္ပဏီဘက်က အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။ Baidu ကုမ္ပဏီ၏ ခြေလှမ်းကြောင့် အွန်လိုင်းပေါ်မှ တရုတ်နိုင်ငံသား အိမ်မွေးတိရစ္ဆာန် […]