နိုင်ငံတကာသံတမန်များကို အစ္စရေးစစ်တပ် သတိပေးပစ်ခတ်
Dawei Watch
May 22, 2025အစ္စရေးသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်း (West Bank) သို့ ရောက်ရှိနေသော နိုင်ငံတကာသံတမန်အဖွဲ့ကို အစ္စရေးတပ်ဖွဲ့ဝင်များက မေလ ၂၁ ရက်နေ့တွင် သတိပေးပစ်ခတ်ခဲ့သည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ စီစဉ်ပေးမှုအရ အနောက်ဘက်ကမ်း ၊ ဂျာနီးမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတကာသံတမန် ၂၅ ဦး ပါဝင်သည့် အဖွဲ့၏ တရားဝင်လေ့လာရေးခရီးစဉ်အတွင်း အစ္စရေးတပ်ဖွဲ့ဝင်များက ယင်းသို့ သတိပေးပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်အပေါ် နိုင်ငံတကာက ဒေါသတကြီး ကန့်ကွက်ရှုတ်ချခဲ့ကြပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပေးရန် ဖိအားပေးတောင်းဆိုလျက် ရှိသည်။ အဆိုပါ သံတမန်အဖွဲ့က မီဒီယာများသို့ အင်တာဗျူးဖြေကြားနေစဉ် ၎င်းတို့ အနီးအနား၌ ရုတ်တရက် သေနတ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်ကို အင်တာနက်ပေါ် ပျံ့နှံ့လာသည့် ဗီဒီယိုမှတ်တမ်းတစ်ခုတွင် တွေ့ရသည်။ ယင်းကြောင့် သံတမန်များနှင့် သတင်းထောက်များပါ ဘေးကင်းလုံခြုံရာသို့ တိမ်းရှောင်ခဲ့ရသည်ကို အဆိုပါဗီဒီယိုမှတ်တမ်းထဲ၌ […]


