သရက်ချောင်းမြို့နယ် ဘုတ်တောင်ပေါ်က KNLA စခန်းကို စစ်ကောင်စီဗုံးကြဲ
Dawei Watch
May 15, 2025သရက်ချောင်းမြို့နယ်၊ ဘုတ်တောင်ပေါ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ခွဲတစ်ခု၏ စခန်းကို စစ်ကောင်စီတပ်က ယနေ့ မေလ ၁၅ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း KNLA တပ်ဖွဲ့ဝင်နှင့် ဒေသခံအချို့က ပြောသည်။ ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ဘုတ်တောင်အခြေတွင် KNLA က စစ်ဆေးရေးဂိတ် ဖွင့်ထားသည်မှာ ကာလအတော်ကြာပြီဖြစ်ပြီး ယင်းဘုတ်တောင်အပေါ်က စခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲချခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။ ဆက်သွယ်မေးမြန်းချက်အရ ဗုံးကြဲတိုက်ခိုက်မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရသူမရှိဟု ကနဦးကြားသိရကြောင်း KNLA တပ်ရင်း ၁၂ တပ်ခွဲ(၂)က ဒုတပ်ခွဲမှူး (ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ) ကိုချိုင်က ပြောသည်။ “အခုဆိုရင် ဘုတ်တောင်မှာတောင်မှလိုက်ချနေပြီ ကျန်တဲ့နေရာတွေမှာလည်း ကျွန်တော်တို့အနေနဲ့ ဂိတ်တွေမှာသတိဝီရိယရှိဖို့တော့ လိုလာပြီပေါ့နော်၊ ဂိတ်တိုင်းဂိတ်တိုင်းပေါ့နော်” ဟု […]


