ဖလိုရီယန်ဝစ်ဇ် ကို ခေါ်ယူရန်အတွက် ၎င်း၏မိဘများနှင့်တွေ့ဆုံဆွေးနွေးရန် မန်စီးတီး စီစဉ်
Dawei Watch
May 14, 2025မန်စီးတီးအသင်းသည် လေဗာကူဆင် ကွင်းလယ်တိုက်စစ်ကစားသမား ဖလိုရီယန်ဝစ်ဇ် ကို ခေါ်ယူရန်အတွက် ၎င်း၏မိဘများနှင့်တွေ့ဆုံဆွေးနွေးရန် စီစဉ်လိုက်ပြီဖြစ်ကြောင်း Daria Sport က ဖော်ပြထားသည်။ ဖလိုရီယန်ဝစ်ဇ် သည် ၎င်း၏အနာဂတ်နှင့်စပ်လျဉ်း၍ ယတိပြတ်ဆုံးဖြတ်ချက်တစ်ရပ်ကို မချမှတ်ရသေးသော်လည်း နည်းပြ အလွန်ဆို မရှိတော့သည့်အချက်က လေဗာကူဆင်ကိုစွန့်ခွာ၍ အသင်းပြောင်းရွှေ့ရန် မန်စီးတီးအတွက် တွန်းအားဖြစ်နေသည်။ ဖလိုရီယန်ဝစ်ဇ်၏မိဘများသည် လက်ရှိအချိန်၌ အင်္ဂလန်သို့ ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး မန်စီးတီးတာဝန်ရှိသူများနှင့် ဖလိုရီယန်ဝစ်ဇ်၏မိဘများ တွေ့ဆုံမှုမှာ ယနေ့ပင်လျှင် အထမြောက်ဖွယ်ရှိနေသည်။ ဖလိုရီဝန်ဝစ်ဇ်ကို ခေါ်ယူရန်အတွက် အသင်းပေါင်းများစွာက စောင့်ကြည့်အကဲခတ်လျက်ရှိပြီး ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် တာဝန်ယူရန် ရာနှုန်းပြည့်သေချာသွားခဲ့ပြီဖြစ်သော အလွန်ဆိုကလည်း ၎င်း၏တပည့်ဖြစ်သူ ဖလိုရီယန်ဝစ်ဇ်ကို ရီးရဲလ်မက်ဒရစ်ထံသို့ ခေါ်ယူလိုလျက်ရှိသည်။ မန်စီးတီးသည် ဖလိုရီယန်ဝစ်ဇ်၏မိဘများနှင့် ဆွေးနွေးမှုအဆင်ပြေခဲ့ပါက လေဗာကူဆင်အသင်းတာဝန်ရှိသူများနှင့် ဆက်လက် တွေ့ဆုံ၍ ဖလိုရီယန်ဝစ်ဇ်၏အပြောင်းအရွှေ့ဖြစ်မြောက်ရေးအတွက် ပြောင်းရွှေ့ကြေး ညှိနှိုင်းတော့မည်ဖြစ်သည်။ လေဗာကူဆင်သည် […]


