ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီ သာရဘွင်ရွာကို လေယာဉ်ဖြင့်ဗုံးကြဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်

Dawei Watch

May 22, 2025

တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအနီးရှိ ကျောက်တောင်ရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မေလ ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးသုံးလုံးကြဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ပြည်သူကို ပစ်မှတ်ထားကြဲတာပါ” ဟု ၎င်းက ပြောသည်။ ဗုံးများမှာ ရွာအနီးဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့် နေအိမ်အဆောက်အအုံ ထိခိုက်မှု မရှိဟု ကနဦးသိရကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။ အခြားတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးသုံးလုံးကြဲချပြီး ပွိုင့်ဖိုက် စက်သေနတ်ဖြင့်ပါ အတွဲလိုက်ပစ်ခတ်ခဲ့ကြောင်း ပြောဆိုသည်။ “လူတော့ မထိခိုက်ဘူး။ ဘာမှ မဖြစ်ကြဘူး။ ကြိုပြီးတော့ ရှောင်လို့မီ […]

နိုင်ငံတကာသံတမန်များကို အစ္စရေးစစ်တပ် သတိပေးပစ်ခတ်

Dawei Watch

May 22, 2025

အစ္စရေးသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်း (West Bank) သို့ ရောက်ရှိနေသော နိုင်ငံတကာသံတမန်အဖွဲ့ကို အစ္စရေးတပ်ဖွဲ့ဝင်များက မေလ ၂၁ ရက်နေ့တွင် သတိပေးပစ်ခတ်ခဲ့သည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ စီစဉ်ပေးမှုအရ အနောက်ဘက်ကမ်း ၊ ဂျာနီးမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတကာသံတမန် ၂၅ ဦး ပါဝင်သည့် အဖွဲ့၏ တရားဝင်လေ့လာရေးခရီးစဉ်အတွင်း အစ္စရေးတပ်ဖွဲ့ဝင်များက ယင်းသို့ သတိပေးပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်အပေါ် နိုင်ငံတကာက ဒေါသတကြီး ကန့်ကွက်ရှုတ်ချခဲ့ကြပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပေးရန် ဖိအားပေးတောင်းဆိုလျက် ရှိသည်။ အဆိုပါ သံတမန်အဖွဲ့က မီဒီယာများသို့ အင်တာဗျူးဖြေကြားနေစဉ် ၎င်းတို့ အနီးအနား၌ ရုတ်တရက် သေနတ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်ကို အင်တာနက်ပေါ် ပျံ့နှံ့လာသည့် ဗီဒီယိုမှတ်တမ်းတစ်ခုတွင် တွေ့ရသည်။ ယင်းကြောင့် သံတမန်များနှင့် သတင်းထောက်များပါ ဘေးကင်းလုံခြုံရာသို့ တိမ်းရှောင်ခဲ့ရသည်ကို အဆိုပါဗီဒီယိုမှတ်တမ်းထဲ၌ […]

ရေဖြူတွင် စစ်ကောင်စီစစ်ကြောင်း ဖမ်းခေါ်သွားသည့် ရွာသားငါးဦးပြန်လွတ်

Dawei Watch

May 22, 2025

ရေဖြူမြို့နယ်၊ မူးဒူးရွာတွင် မှိုရှာရန် ထွက်လာသည့် ရွာသားငါးဦးကို စစ်ကောင်စီတပ်က စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီး ခုနစ်နာရီခန့်အကြာတွင် ပြန်လွှတ်ခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။ ထားဝယ်အထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် မေလ ၂၁ ရက် နံနက် စောစောတွင် မူးဒူရွာဘက်သို့ အနောက်ဘက် တောကြောအတိုင်း စစ်ကြောင်းထိုးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းစစ်ကြောင်းသည် နံနက် ၅ နာရီဝန်းကျင်တွင် မူးဒူးရွာအနောက်ဘက် တောထဲသို့ရောက်လာချိန် မှိုရှာရန် တောထဲသို့ ရောက်ရှိနေသည့် မူးဒူးရွာသားများနှင့် ‌‌တွေ့ကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်ကြောင်းနှင့်တွေ့သဖြင့် ရွာသားများကထွက်ပြေးကြပြီး ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့သည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ “သေနတ်က နှစ်ချက်ဖောက်သံကြားရတယ်။ (ကိုယ်တိုင်ကြုံခဲ့သူတွေ) သူတို့ပြောတာက […]

ဝါရှင်တန်တွင် အစ္စရေးသံရုံးဝန်ထမ်းစုံတွဲ ပစ်သတ်ခံရ

Dawei Watch

May 22, 2025

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ Capital Jewish Museum (မြို့တော်ဂျူးပြတိုက်) အဆောက်အအုံပြင်ပတွင် မေလ ၂၁ ရက်နေ့ ညပိုင်းက အစ္စရေးသံရုံးဝန်ထမ်းစုံတွဲကို အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်သည်။ ပစ်သတ်ခံလိုက်ရသူနှစ်ဦးမှာ လက်ထပ်ရန် စေ့စပ်ထားသည့် အစ္စရေးသံရုံးဝန်ထမ်း လူငယ်စုံတွဲဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ် Yechiel Leiter က ဆိုသည်။ အဆိုပါ သံသယတရားခံ အသက် ၃၀ အရွယ် Elias Rodriguez အမည် အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ပစ်ခတ်မှုမဖြစ်ပွားမီက သံသယတရားခံသည် အဆိုပါ ပြတိုက်အရှေ့တွင် စိတ်လှုပ်ရှားစွာဖြင့် ရှေ့ပြန်နောက်ပြန် လမ်းလျှောက်နေသည်ကို တွေ့မြင်ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ယင်းနောက် လူလေးဦးစုရပ်နေသည့် နေရာသို့ လျှောက်သွားကာ သေနတ်ကို ထုတ်ယူ၍ စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ […]

ကျုံဒိုးတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် တစ်လအတွင်း ကလေးနှစ်ဦးအပါ ၁၇ဦးထက်မနည်းသေဆုံး

Dawei Watch

May 22, 2025

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နှင့် အနီးအနားတဝိုက်တွင် စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်မှုများ ကြောင့် တစ်လကျော်ကာလတွင် ကလေး နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၁၇ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံများနှင့် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ကော့ကရိတ်နှင့် ကျုံဒိုးဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာက နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ကျုံဒိုးမြို့နှင့် အနီးအနားတဝိုက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လာခဲ့သည်။ တိုက်ပွဲစတင်ဖြစ်ပွားသည့် ဧပြီလ ၁၅ရက်မှ မေလ ၁၅ ရက်အထိ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် အရပ်သား ပြည်သူ ၁၄ ဦးသေဆုံးကြောင်း ဒေသတွင်းလှုပ်ရှားနေသည့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် […]

သရက်ချောင်း၊ ပဲဒက်ရွာတွင် ရဲမှူးမိန်းမနှင့် သမီးကို KNLA ကဖမ်းဆီးစစ်ဆေးပြီး ခံဝန်ဖြင့်ပြန်လွှတ်

Dawei Watch

May 22, 2025

သရက်ချောင်းမြို့နယ် ပဲဒက်ရွာက ရဲမှူးမိန်းမနှင့်သမီးကို ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း(၁၂) တပ်ခွဲ(၃) က ဖမ်းဆီးစစ်ဆေးပြီး အာမခံဖြင့်ပြန်လွတ်လိုက်ကြောင်း ယင်းအဖွဲ့က အတည်ပြုပြောဆိုသည်။ ဖမ်းဆီးခံရသူမှာ ပဲခူးတိုင်းဒေသကြီးတွင် တာဝန်ကျနေသည့် ရဲမှူး၏ဇနီး အသက် ၅၁ နှစ်ခန့်အရွယ် ဒေါ်တင်မာချိုနှင့် အသက် ၂၂ နှစ်အရွယ် သမီးတို့ဖြစ်ပြီး မေလ ၁၆ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ ဒေါ်တင်မာချိုမှာ ပဲဒက်ရွာဇာတိဖြစ်ပြီး ရဲမှူးတာဝန်ကျသည့် ပဲခူးတိုင်းကိုလိုက်နေခြင်းမရှိဘဲ ပဲဒက်ရွာမှာပင် လုပ်ကိုင်စားသောက်နေသူတစ်ဦးဖြစ်သည်ဟု ပဲဒက်ရွာက အမျိုးသားတစ်ဦးက ပြောသည်။ ၂၀၂၄ ခုနှစ် မေလ ၈ ရက်က ထားဝယ်-မြိတ်သွားကားလမ်းပေါ်က စစ်ကောင်စီ၏ ပဲဒက်စခန်းကို KNLA နှင့် PDF ပူပေါင်းတပ်များတိုက်ခိုက်သိမ်းယူစဉ်က ထားဝယ်မြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်ရင်း မြို့ပေါ်မှာပင် […]

ရမ်းဖိုရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်

Dawei Watch

May 22, 2025

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တစ်ရက်အတွင်း နှစ်ကြိမ်တိုင်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ မေလ ၂၀ ရက် နံနက် ၅နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ရင်းရှိသည့် ဇဝဲရွာမှ ရမ်းဖိုရွာသို့ အင်အားတစ်ရာကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ရမ်းဖိုရွာအနီးတွင် ဗိုလ်ခရင်းတပ်ဖွဲ့နှင့် KNLA တပ်ရင်း ၁၁ တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ရမ်းဖိုကျေးရွာသည် မြိတ်-တနင်္သာရီ-ကော့သောင်း ပြည်ထောင်စုကားလမ်းပေါ်တွင် တည်ရှိပြီး တနင်္သာရီမြို့နှင့် မနီးမဝေးတွင်ရှိသည်။ အဆိုပါစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံပြီးနောက် နံနက် ၉နာရီကျော်တွင် အင်အား ၅၀ကျော်ပါသည့် စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ပြန်တက်လာချိန် ရမ်းဖိုရွာအစွန်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း ဗိုလ်ခရင်းတပ်တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ အဆိုပါတိုက်ခိုက်မှုနှစ်ကြိမ်တွင် စစ်ကောင်စီဘက်က ၁၀ဦးသေဆုံးပြီး လေးဦးဒဏ်ရာရကြောင်း ၎င်းက ပြောဆိုသည်။ စစ်ကောင်စီတပ်သားများ […]

တိုက်ပွဲဖြစ်ပြီး မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းကို စစ်တပ်က လုံခြုံရေးတင်းကျပ်

Dawei Watch

May 21, 2025

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ ရောင်းဒေါင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ NMSP-AD တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းတစ်လျှောက် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည်ဟု သိရသည်။ မေလ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ ရောင်းဒေါင်းကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို NMSP-AD က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့သည်။ မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ ရောင်းဒေါင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က မေလ ၁၉ ရက်နေ့ကတည်း လာရောက်တပ်စွဲထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။ “ရွာထိပ် ကားလမ်းအရှေ့ဘက်မှာ စစ်သားတွေက ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်လောက်ကတည်းက ရောက်နေတာ။ မနေ့(မေ ၂၀)က နေ့လယ်လောက်မှာ လက်နက်ကြီး စပစ်တယ်။ ပြီးမှ လက်နက်ကြီးရော လက်နက်ငယ်နဲ့ရော ဆက်တိုက်ပစ်တယ်။ […]