ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တောင်ကိုရီးယားတွင် သမ္မတသစ်ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ

Dawei Watch

June 3, 2025

တောင်ကိုရီးယားနိုင်ငံ၌ သမ္မတဟောင်းယွန်းဆွတ်ယိုးလ်အား ဆက်ခံမည့် သမ္မသစ်ရွေးချယ်ရေး ကြားဖြတ်ရွေးကောက်ပွဲကို ယနေ့ ဇွန်လ ၃ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် သမ္မတဟောင်း ယွန်းဆွတ်ယိုးလ်၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနှင့်အတူ နိုင်ငံရေးမတည်ငြိမ်မှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် ၆ လအကြာတွင် ကြားဖြတ်ရွေးကောက်ပွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သမ္မတဟောင်း ယွန်းဆွတ်လ်ယိုး၏ စစ်အုပ်ချုပ်ရေးသွတ်သွင်းရန် ကြိုးပမ်းမှုသည် တောင်ကိုရီးယားဒီမိုကရေစီ၏ ပုံရိပ်ကို ထိခိုက်စေခဲ့သည်။ အဆိုပါ နောက်ဆက်တွဲဂယက်ကြောင့် အကွဲအပြဲ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေသည့် တောင်ကိုရီးယားနိုင်ငံကို ပြန်လည်စုစည်းညီညွတ်စေရန် သမ္မတသစ်အနေဖြင့် ခက်ခက်ခဲခဲ ရုန်းကန်ရမည် ဖြစ်သည်။ ပို့ကုန်တင်ပို့ရေးအပေါ် ကြီးကြီးမားမား မှီခိုနေရသည့် တောင်ကိုရီးယားစီးပွားရေး ကောင်းမွန်စေရေးအတွက်လည်း သမ္မတအသစ်က လုံးပန်းရမည် ဖြစ်သည်။ နိုင်ငံ၏ အဓိကကုန်သွယ်ဘက်နိုင်ငံလည်းဖြစ် ၊ စစ်ရေးမဟာမိတ်လည်းဖြစ်သည့် အမေရိကန်၏ သွင်းကုန်အခွန်မူဝါဒများကြောင့် […]

သရက်ချောင်း၊ မင်းဒပ်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးဒဏ်ရာရ

Dawei Watch

June 2, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်ကားလမ်းပေါ်က မင်းဒပ်ရွာအရှေ့ဘက်ခြမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် က ပစ်ခတ်မှုကြောင့် အသက် ၄၈နှစ်အရွယ် အမျိုးသားတစ်ဦး ကျည်ဆန်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ မေလ ၃၁ရက် နေ့လယ် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်က မင်းဒပ်ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း မင်းဒပ်ရွာက အမျိုးသားတစ်ဦးက ဆိုသည်။ ယင်းသို့ ပစ်ခတ်ရာတွင် မင်းဒပ်ရွာ အနောက်ဘက်ခြမ်းတွင် ရှိနေသည့် မင်းဒပ်ရွာသား ဦးခင်မောင်ဇော်၏ ပေါင်တွင် ကျည်ထိမှန်ပြီး ဆီးခုံကို ဖောက်ဝင်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ ကျည်ထိမှန်သည့် ဒေသခံသည် စိတ်မမှန်သူဖြစ်ပြီး လမ်းမဘက်သို့ထွက်ကာ ဆေးလိပ်သောက်ချိန် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း အထက်ပါဒေသခံအမျိုးသားက ပြောသည်။ “နေ့လယ်တည်းကဖြစ်တာ ရွာထဲမှာလဲနေတာပေါ့။ ညနေ ၄ နာရီလောက်မှ လူတွေသူ့ကို တွေ့လို့ […]

ဇွန်လ ပထမ ၁၀ ရက်တာတွင် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အားလုံး မိုးကြီးမည်

Dawei Watch

June 2, 2025

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဇွန်လ ပထမ ၁၀ ရက်ပတ်တွင် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အားလုံး၌ မိုးကြီးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇွန်လ ၁ရက်တွင် ထုတ်ပြန်သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။ ထိုကြောင့် ဇွန်လ ၁ရက်မှ ၁၀ရက်အတွင်း တနင်္သာရီ၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ၇ ရက်မှ ၉ ရက်ခန့် မိုးရွာနိုင်ပြီး နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း (အောက်ပိုင်း)၊ ကယား၊ ရှမ်းမြောက်တို့တွင် ၄ […]

ပြည်ကြီးမဏ္ဍိုင်တွင် လက်နက်ကြီးကျည်စမှန်၍ ကုသနေသည့် အမျိုးသား သေဆုံး

Dawei Watch

June 2, 2025

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးထိမှန်သည့် ဒေသခံအမျိုးသားတစ်ဦး ၁၁ ရက်အကြာတွင် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာအနောက်ရပ်ကွက်၊ တစ်မိုင်ခွဲကျေးရွာနေ အသက် ၅၀ အရွယ်ဝန်းကျင် ဦးဘိုဟိန်းသည် မေလ ၂၂ ရက် ည ၈ နာရီခွဲဝန်းကျင်တွင် ၎င်း၏နေအိမ်အနီးသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲရာက ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားကြောင်း ဒေသခံများက ဆိုသည်။ လက်နက်ကြီးစထိမှန်ကာ ဦးခေါင်းတွင် ဒဏ်ရာရသွားပြီး ညာဘက်နားရွက်ပြတ်သွားသည့် ဦးဘိုဟိန်းကို ဘုတ်ပြင်းဆေးရုံသို့ ညတွင်းချင်းတင်ပို့ရာ စစ်ကောင်စီတပ်က ခွင့်မပြုသည့်အတွက် နောက်တစ်ရက် နံနက်ရောက်မှသာ ဆေးရုံတင်ခဲ့ရကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ဘုတ်ပြင်းဆေးရုံတွင် ဆေးကုသနေရင်း ဇွန်လ ၁ ရက်နေ့တွင် သေဆုံးသွားကြောင်း ၎င်းက ဆိုသည်။ “ထိပြီးတော့ တစ်ပတ်ကျော်လောက်အကြာမှာ ဆေးကုရင်း […]

ပိုလန်သမ္မတရွေးကောက်ပွဲ လက်ယာစွန်းအမျိုးသားရေးဝါဒီ အနိုင်ရ

Dawei Watch

June 2, 2025

ပြီးခဲ့သည့် အပတ်က ပိုလန်သမ္မတရွေးကောက်ပွဲတွင် လက်ယာယိမ်းအမျိုသားရေးဝါဒီ ကာရိုလ်နာဗရွတ်စကီက အနိုင်ရကြောင်း ရွေးကောက်ပွဲကော်မရှင်က ယနေ့ ဇွန်လ ၂ ရက်တွင် ကြေညာလိုက်သည်။ သဘောထားတင်းမာသည့် ကွန်ဆာဗေးတစ်ဝါဒီ နာဗရွတ်စကီသည် မဲအားလုံး၏ ၅၀ ဒသမ ၈၉ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည်။ ၎င်း၏ ပြိုင်ဘက်ဖြစ်သည့် ဝါဆောမြို့တော်ဝန်ဖြစ်သူ လစ်ဘရယ်ဝါဒီ ရာဖောင်းချာစကွတ်ဖ်စကီသည် မဲအရေအတွက် ၄၉ ဒသမ ၁၁ ရာခိုင်နှုန်း ရရှိခဲ့ပြီး ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့သည်။ နာဗရွတ်စကီက ၎င်းရွေးကောက်ပွဲနိုင်လျှင် လက်ရှိဝန်ကြီးချုပ်ဒေါ်နယ်တပ်စ်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို သမ္မတ ဗီတိုအာဏာသုံး၌ ဟန့်တားပိတ်ဆို့သွားမည်ဟု ကတိပြုထားသည်။ နာဗရွတ်စကီ၏ အနိုင်ရလဒ်ကို ဥရောပနှင့် အမေရိကန်နိုင်ငံရှိ လက်ယာယိမ်းအင်အားစုများက ကြိုဆိုကြမည် ဖြစ်သည်။ သို့သော်လည်း အလယ်အလတ်သဘောထားရှိသည့် ဝန်ကြီးချုပ်ဒေါ်နယ်တပ်စ် ဦးဆောင်သည့် လက်ရှိပိုလန်အစိုးရအဖို့မူ အုပ်ချုပ်ရေးတွင် […]

မွန်တွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးသိမ်းဆည်း

Dawei Watch

June 2, 2025

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လိုင်စင်မဲ့ယာဉ်များကို စစ်ကောင်စီက စီမံချက်ဖြင့် နေ့ရောညပါ လိုက်လံ ဖမ်းဆီးသိမ်းဆည်းနေပြီး ယာဉ်ပိုင်ရှင်များကိုလည်း အရေးယူကြောင်း ဒေသခံများက ပြောသည်။ ပြည်နယ်အတွင်းရှိ မြို့အဝင်၊ အထွက်နေရာများ၊ မြို့တွင်းလမ်းဆုံလမ်းခွများ၊ လူစည်ကားရာနေရာများတွင် စစ်ကောင်စီတပ်၊ ရဲ၊ ယာဉ်ထိန်းရဲတို့ ပူးပေါင်းတပ်ဖွဲ့တို့က စီမံချက်ဖြင့် လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်များကို မေလ ၃၀ရက်မှ စတင်ကာ အရှိန်အဟုန်မြှင့် လိုက်လံဖမ်းဆီးနေကြောင်း ၎င်းတို့က ဆိုသည်။ လိုင်စင်မဲ့ယာဉ်များကို သိမ်းဆည်းပြီး မော်တော်ယာဉ်ပိုင်ရှင်များကိုလည်း ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူနေကြောင်း ဒေသခံများက ပြောဆိုသည်။ အဆိုပါပုဒ်မမှာ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ လိုင်စင်မဲ့မော်တော်ယာဉ်များ လိုက်လံဖမ်းဆီးနေချိန်တွင် […]

ကုန်သည်များ ကွမ်းသီးနုကို ရွေးဝယ်သဖြင့် ကွမ်းခြံရှင်အချို့ အရောင်းရပ်

Dawei Watch

June 2, 2025

ကုန်သည်များသည် ကွမ်းသီးနုဝယ်ယူရာတွင် အလုံးအရွယ်အစားကို ရွေးချယ်ဝယ်ယူသဖြင့် ကွမ်းခြံရှင်အချို့က ကွမ်းသီးနု မရောင်းတော့ဘဲ ရပ်နားကြောင်း မြိတ်၊ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်ရှိ ဒေသခံများက ပြောသည်။ ကွမ်းသီးနုလာဝယ်သည့် ကုန်သည်များက ကွမ်းသီးလုံးအရွယ်အစားကိုသတ်မှတ်ပြီး ရွေးချယ်ဝယ်ယူနေကာ အရွယ်အစား မမီသည့် ကွမ်းသီးနုများကို မဝယ်တော့ကြောင်း ကွမ်းသီးခြံရှင်အချို့က ဆိုသည်။ ပြီးခဲ့သည့်နှစ်ကမူ ကွမ်းသီးနုအရွယ်အစားရွေးချယ်သတ်မှတ်ခြင်းမရှိဘဲ ခူးသမျှကို ဝယ်ယူခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်နေ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ “သူတို့လိုချင်တဲ့ ဆိုဒ်ပဲရွေးယူတယ်။ ကျန်တဲ့ အနုလုံးတွေက သူတို့မှ မယူရင် အကုန်ပစ်ရမှာ။ မနှစ်ကဆို ကြီးငယ်သောင်းပြောင်း အကုန်ယူတယ်။ ဒီနှစ်က ဈေးကလည်း နည်းတယ်။ ဝယ်လက်တွေက တော်တော် ချေး (ဂျီး) များတယ်။ ကျွန်တော်တို့ ကွမ်းခြံရှင်တွေ အခက်တွေ့တယ်” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် […]

ယူကရိန်းက လျှို့ဝှက်ဒရုန်းစစ်ဆင်ရေးဖြင့် ဗျူဟာမြောက်ရုရှားဗုံးကြဲလေယာဉ် ၄၀ ကျော်ကို ဖျက်ဆီး

Dawei Watch

June 2, 2025

ရုရှားအကြီးစားလေတပ်စခန်းများရှိ ဗျူဟာမြောက်ဗုံးကြဲလေယာဉ် အစီးရေ ၄၀ ကျော်ကို ယူကရိန်းက တိုက်ခိုက်ရေးဒရုန်းများဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ အဆိုပါ လျှို့ဝှက်စစ်ဆင်ရေးတွင် ယူကရိန်းပြည်တွင်းလုံခြုံရေးအေဂျင်စီ (SBU) သည် ရုရှားထောက်လှမ်းရေးအေဂျင်စီ (FSB) ၏ ဒေသန္တရရုံးအဆောက်အအုံအနီးအနားတွင်ပင် လျှို့ဝှက်အမိန့်ပေးကွပ်ကဲစခန်းတစ်ခု တည်ဆောက်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောသည်။ ‘ပင့်ကူအိမ် (Spider’s Web)’ ဟု အမည်ပေးထားသည့် အဆိုပါ စစ်ဆင်ရေးတွင် ဒရုန်းအစီးရေ ၁၁၇ စီးအသုံးပြုကာ ရုရှားလေတပ်စခန်းများကို မေလ ၃၁ရက် တနင်္ဂနွေနေ့က တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ကွန်တိန်နာကဲ့သို့ သစ်သားဂိုဒေါင်ကြီးများ၏ ခေါင်မိုးထဲတွင် အဆိုပါ ဒရုန်းများကို ဝှက်ထားကာ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် ယူကရိန်းလုံခြုံရေးအရာရှိတစ်ဦးက ပြောဆိုသည်။ အဆိုပါ သစ်သားကွန်တိန်နာများကို ထရပ်ကားများပေါ် တင်ကား […]