ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးကို စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းက ဒေသခံများကိုဖမ်းဆီးခေါ်ဆောင်

Dawei Watch

June 2, 2025

တိုက်ပွဲဖြစ်ပွားနေသည့် လောင်းလုံးမြို့ဘက်ကို စစ်‌ကူလာသည့် စစ်ကောင်စီတပ်က ဒေသခံ ၁၅ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ မေလ ၃၀ ရက်က ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်သို့ တောလမ်းအတိုင်း စစ်ကူလာရောက်သည့် စစ်ကောင်စီတပ်သည် ဥယျာဉ်ခြံများထဲတွင် စစ်ဘေးရှောင်နေသည့် ဒေသခံများကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောသည်။ အဖမ်းခံရသူများမှာ သဗျာကျေးရွာမှ ၄ ဦး၊ လောင်းလုံးမြို့ပေါ်မှ ၁၁ ဦး စုစုပေါင်း အနည်းဆုံး ၁၅ ဦးရှိကြောင်း ‌အဖမ်းခံရသူများနှင့်နီးစပ်သူတို့က ပြောဆိုသည်။ စစ်ကောင်စီတပ်သည် တောလမ်းအတိုင်း စစ်ကူဆင်းလာရာ မေလ ၃၁ ရက်နေ့တွင် သဗျာကျေးရွာသို့ ရောက်ရှိလာပြီး ဒေသခံလေးဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါစစ်ကြောင်းသည် လောင်းလုံးမြို့ထဲဝင်လာပြီး ထွေအုပ်ရုံးတွင် တစ်ညအိပ်စခန်းချခဲ့ကြောင်း မြို့ခံတို့ကပြောသည်။ ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းတွင်မူ […]

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ စော်ဝ သစ်ဆိမ့်ပင်ကျောင်း ဆရာတော် ပျံလွန်တော်မူ

Dawei Watch

June 1, 2025

ထားဝယ်မြို့နယ် ၊ ရှင်မုတ္ထီးကျေးရွာအုပ်စု ၊ စော်ဝရွာ သစ်ဆိမ့်ပင်ကျောင်း ပဓာန နာယက ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ သည် ယနေ့ ဇွန်လ ၁ ရက် ညနေပိုင်း တွင် လက်နက်ကြီး ကျည်စထိမှန်၍ ပျံလွန်တော်မူသွားကြောင်း တပည့်သံဃာနှင့်တကာများထံမှသိရသည် ။ ယနေ့ ဇွန်လ ၁ ရက်နေ့ မွန်းလွဲ တစ်နာရီခန့်ကစ၍ ရှင်မုတ္ထီးရွာအနီး ရွှေဂူတံတားရှိ စစ်ဆေးရေးဂိတ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်နေပြီး လက်နက်ကြီး ပစ်ခတ်သံများလည်း ယနေ့ ညနေပိုင်းအထိ ဆက်တိုက်ကြားနေရကြောင်း ဒေသခံများကပြောသည် ။ သစ်ဆိမ့်ပင်ကျောင်းဝင်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲကာ ဆရာတော်ကျည်စထိမှန်၍ ပျံလွန်တော်မူခြင်းဖြစ်ကြောင်း ဆရာတော် ၏ တပည့်ရဟန်းတစ်ပါးကမိန့်သည် ။ ” ဆရာတော်က ဦးခေါင်းမှာ လက်နက်ကြီးအစစင်ပြီး တစ်ခါတည်းပဲ ပျံတော်မူတာပါ ။ […]

ရေဖြူတွင် မိုင်းနင်းပြီး အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

June 1, 2025

ရေဖြူမြို့နယ် သစ်တိုထောင့်ကျေးရွာအနီး၌ ‌မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မိုင်းနင်းမိ၍ သက်ကြီးပိုင်း အမျိုးသာတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။ မိုင်းနင်းမိ၍ သေဆုံးသူမှာ သစ်တိုထောင့်ရွာသား အသက် ၆၀ အရွယ်ခန့်ရှိသည့် ဦးကြည်လှ ဆိုသူဖြစ်သည်။ ၎င်းမှာ မေလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် သစ်တို့ထောင့်ရွာအနီး၌ရှိသော ၎င်း၏ရာဘာခြံမှ အခြား ဥယျာဉ်ခြံတစ်ခုသို့ သွားချိန် လမ်းတစ်နေရာ၌ မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မိုင်းက ကြိုးမိုင်းပေါ့နော်၊ ကြိုးကို သွားတိုက်မိချိန်မှာ ပေါက်သွားတာ။ ခြေသလုံးတစ်ဖက် စုတ်ပြတ်သွားပြီး ရင်ဘတ်ကိုထိသွားတယ်။ အဲဒီဒဏ်ရာနဲ့ပဲကွယ်လွန်သွားတာ’ဟု ၎င်းဒေသခံကပြောသည်။ မိုင်းနင်းမိသော နေရာအနီးတစ်ဝိုက်တွင် ဗထူးတပ်နှင့် ပူးပေါင်းတပ်ဖွဲ့များ ယခင်ကလှုပ်ရှားနေထိုင်ခဲ့ဖူးကြောင်း Dawei Watch မှ စုံစမ်းသိရှိရသည်။ ယင်းနေရာအနီးဝန်းကျင်တွင် စစ်ကောင်စီစစ်ကြောင်းကို […]

ရွှေဂူတံတားစစ်ဆေးရေးဂိတ်တွင် တိုက်ပွဲဖြစ်၊ ဒေသခံတစ်ဦးသေဆုံး

Dawei Watch

June 1, 2025

ထားဝယ်- သရက်ချောင်းသွားလမ်း( အမှတ် ၈ ပြည်ထောင်စုလမ်း)ရှိ စစ်ကောင်စီတပ်၏ ရွေဂူတံတားစစ်ဆေးရေးဂိတ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ ဇွန်လ ၁ ရက် မွန့်လွဲ ၁ နာရီခန့်မှစပြီး တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်က တာဝေးပစ်လက်နက်ကြီးဖြင့် ပစ်ကူပေးနေကြောင်းဒေသခံအချို့ကပြောသည်။ ယနေ့ ညနေ သုံးနာရီအချိန်မေးမြန်းချက်အရ တိုက်ပွဲဖြစ်ပွားနေသည့် ရွှေဂူတောင် တောင်ခြေရင်းတွင် နေထိုင်သည့်အိမ်မှ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်သဖြင့် သေဆုံးသွားကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။ “အလောင်းကို သွားကောက်လို့မရသေးဘူး” ၎င်းကဆိုသည်။ တော်လှန်ရေးတပ်တို့က စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုဖြစ်သော ရွေဂူတံတားစစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်‌ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ မတ်လ ၃၀ ရက်မှ ၃၁ ရက်အထိ ထားဝယ်မြစ်၏အနောက်ဘက်ကမ်း လောင်းလုံးမြို့နှင့် လက်ခတ်တောင်တာဝါတိုင်ကုန်းတို့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ယနေ့တွင်မူ […]

အိန္ဒိယအရှေ့မြောက်ပိုင်းတွင် မုတ်သုံမိုးကြောင့် အနည်းဆုံး လူ ၃၀ ဦး သေဆုံး

Dawei Watch

June 1, 2025

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် ပြီးခဲ့သည့် နှစ်ရက်တာအတွင်း မုတ်သုံမိုး ဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ၊ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့ရကြောင်း အာဏာပိုင်များကနေ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ပြောဆိုသည်။ အာသံပြည်နယ်တွင် လူ ၈ ဦး သေဆုံးခဲ့ရကြောင်း ပြည်နယ်ဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်များက ဆိုသည်။ အာရန်နာချယ်ပရာဒေ့ရှ်ပြည်နယ်တွင် ၉ ဦး သေဆုံးခဲ့ရပြီး အများစုမှာ မြေပြိုမှုများကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ်မှ မြေပြိုမှုတစ်ခုတွင် နောက်ထပ် လူ ၅ ဦး သေဆုံးခဲ့ရကြောင်း ပြည်နယ်အာဏာပိုင်များက ဆိုသည်။ မေဃာလယပြည်နယ်တွင်လည်း လူ ၆ ဦး သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ပြောသည်။ […]

တနင်္သာရီရှိ ရွာအချို့တွင် အိမ်မိုးသွပ်ပြားဝယ်ယူရခက်ခဲသဖြင့် ဓနိဖက်အသုံးပြုသူများလာ

Dawei Watch

June 1, 2025

တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်က ကုန်ပစ္စည်းသယ်ဆောင်ခွင့် တင်းကျပ်မှုများကြောင့် သွပ်ပြားဝယ်ယူရန်ခက်ခဲနေသဖြင့် အိမ်ခေါင်မိုး မိုးရန်အတွက် ဓနိဖက် အသုံးပြုသူများလာကြောင်း ဒေသခံအချို့ထံမှ သိရသည်။ တကူကျေးရွာအုပ်စု၊ သိန္ဓောကျေးရွာအုပ်စု၊ သမီးလှရွာ စသည့်ကျေးရွာများကို ယခုနှစ် ဧပြီလအစောပိုင်းမှစကာ စစ်ကောင်စီက ကုန်ပစ္စည်းသယ်ယူခွင့် ပိုမိုတင်းကျပ်ထားသည်။ ထိုကြောင့် အိမ်မိုးရန်သွပ်ပြားသယ်ယူရာတွင် သယ်ယူစရိတ်မှာ သွပ်ပြားပေါက်စျေးအတိုင်းပေးနေရသဖြင့် ဓနိဖက်ကို အစားထိုးအသုံးပြုနေရကြောင်း ဘန်လောရွာနေ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ ”သွပ်စျေးက သွပ်တစ်ချပ်စျေး ခြောက်ထောင်ဆိုရင် သယ်စရိတ်လည်း ခြောက်ထောင်ပေးရတယ်။ အဲဟာတောင်မှာပြီး မနည်းကြာ(တော်တော်ကြာ)မှ ရောက်တယ်”ဟု အထက်ပါအမျိုးသားက ပြောသည်။ သွပ်ပြားဝယ်ယူရန်ခက်ခဲသဖြင့် နေအိမ်အသစ်ဆောက်ထားသူများအပြင် သွပ်ပြားမိုးထားပြီး ဆွေးမြေ့နေသည့် အိမ်များတွင်ပါ ဓနိဖက်ကို အသုံးပြုလာကြကြောင်း ဒေသခံအချို့က ဆိုသည်။ ထို့အပြင် မြိတ်မြို့ဘက်မှ သွပ်ပြားမှာယူပါက […]

စစ်ကောင်စီတပ် ဖမ်းသွားသည့် ရေဖြူဒေသခံ ၁၅ ဦးပြန်လွတ်

Dawei Watch

June 1, 2025

ရေဖြူမြို့နယ်၊ ထာဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင် သွားသည့် ရေဖြူဒေသခံ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၅ ဦးကို ပြန်လည်လွတ်မြောက်လာကြောင်း ဖမ်းဆီးခံရသည့် ရေဖြူဒေသခံများထံမှ သိရသည်။ ဖမ်းဆီးခံရသူများမှာ ရေဖြူမြို့နယ် ရလိုင်၊ ပုဂေါဇွန်း၊ ခမောင်းချောင်းနှင့် နဘုလယ်ဒေသခံများဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ မေလ ၂၈ ရက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်တွေ့ပြီး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ကာယကံရှင်များက ဆိုသည်။ ဖမ်းဆီးခံရပြီး သုံးရက်အကြာ မေလ ၃၀ ရက် ညနေပိုင်းတွင် နဘုလယ်ဒေသ လဲရှောင်ရွာအနီးရှိ ဒေသခေါ် ဂျောအန်း ဆိုသည့်နေရာအရောက်တွင် စစ်ကောင်စီတပ်က ပြန်လွတ်ပေးခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသည့် ရေဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။ ခမောင်းချောင်းရွာအနောက်ဘက်တွင် သစ်သားတုတ်များ […]

လောင်းလုံးတွင် ကလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံးသုံးဦး လက်နက်ကြီးထိမှန်သေဆုံး

Dawei Watch

June 1, 2025

လောင်းလုံးမြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်‌သောကြောင့် အသက်ငါးနှစ်အရွယ် က‌လေးငယ်တစ်ဦးအပါအဝင် အနည်းဆုံးသုံးဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၃၀ ရက်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် လောင်းလုံးမြို့ပေါ် ရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲကြောင်း မြို့ခံတစ်ဦးက ပြောသည်။ နေအိမ်ပေါ်ရှိနေသည့် သားအဖနှစ်ဦး ကျည်ထိမှန်ခဲ့ပြီး နှစ်ဦးစလုံးသေဆုံးကြောင်း ၎င်းက ဆိုသည်။ “ပြည်တော်သာလမ်းထဲက သားအဖနှစ်ယောက်သေသွားတယ်ဗျ။ သူတို့က လုံခြုံတဲ့နေရာမှာ နေကြတာပဲ။ ပစ်သံတွေ ခဏငြိမ်သွားတဲ့အချိန်မှာ ထမင်းချက်ဖို့ဆိုပြီး ထွက်လာတဲ့အချိန် လက်နက်ကြီးကျသွားတာ။ သမီးကတော့ ‌ပွဲချင်းပီးသွားတယ်လို့ကြားတယ်။ သူ့အဖေကတော့ နောက်မှသေသွားတာ” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ မေလ ၃၁ ရက်တွင်မူ ညင်းမော်ကျေးရွာအနောက်ဘက် ဆီအုန်းတောအစပ်ရှိ ဈေးအနီးသို့ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲကြောင်း […]