တောင်ကိုရီးယား ရွေးကောက်ပွဲ အတိုက်အခံ သမ္မတလောင်း အနိုင်ရ
Dawei Watch
June 4, 2025တောင်ကိုရီးယားနိုင်ငံတွင် ဇွန်လ ၃ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အတိုက်အခံ ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း အီဂျေးမြန်က အနိုင်ရရှိခဲ့သည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် သမ္မတဟောင်း ယွန်းဆွတ်ယိုးလ်၏ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာမှုနှင့်အတူ နိုင်ငံရေးမတည်ငြိမ်မှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် ၆ လအကြာတွင် အသက် ၆၁ နှစ်အရွယ် လူ့အခွင့်အရေးရှေ့နေဟောင်း အီဂျေးမြန်က တောင်ကိုရီးယားသမ္မတသစ်အဖြစ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ အီဂျေးမြန်၏ ရွေးကောက်ပွဲအနိုင်ရမှုသည် အာရှ၏ စတုတ္ထမြောက်စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်သည့် တောင်ကိုရီးယားတွင် ကြီးမားသော နိုင်ငံရေးအပြောင်းအလဲများ ဖော်ဆောင်လာနိုင်ရန် မျှော်လင့်ခံထားရသည်။ အင်္ဂါနေ့ ရွေးကောက်ပွဲတွင် အီဂျေးမြန်သည် မဲအရေအတွက် ၃၅ သန်းနီးပါးရရှိခဲ့ပြီး မဲအားလုံး၏ ၄၉ ဒသမ ၄၂ ရာခိုင်နှုန်း ရရှိခဲ့သည်။ ၎င်း၏ အဓိကပြိုင်ဘက်ဖြစ်သူ ပြည်သူ့အာဏာပါတီမှ သမ္မတလောင်း […]


