ထိုင်းတောင်ပိုင်း လုပ်ငန်းခွင်များအတွင်း ဝင်ရောက်စစ်ဆေး၊ မြန်မာ ၁၄ ဦး ဖမ်းဆီးခံရ
Dawei Watch
June 10, 2025ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင် ဟတ်ယိုင်ဒေသရှိ လုပ်ငန်းခွင်များထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်သည်။ စွန်ခရာခရိုင် ဟတ်ယိုင်ဒေသရှိ လုပ်ငန်းခွင်များထဲတွင် နိုင်ငံခြားသားများ တရားမဝင် လုပ်ကိုင်မှုမရှိရေး ထိုင်းအလုပ်သမားဝန်ကြီးဌာနအဖွဲ့က ဇွန်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင် ကွင်းဆင်းစစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ အထူးသဖြင့် ထိုင်းအနှိပ်သည်လုပ်ငန်း၊ ဖုန်းအရောင်းဆိုင်များ၊ စတိုးဆိုင်၊ ဟင်းသီးဟင်းရွက်ဆိုင်၊ အသားဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၁၄ ဦးပါဝင်ကြောင်း သိရသည်။ ၎င်းတို့အနက် ၁၂ ဦးသည် အလုပ်လုပ်ခွင့်လက်မှတ်များရှိသော်လည်း အနှိပ်သည်၊ […]


