ကန်ချနဘူရီတွင် အလှပြင်ဆိုင်ဖွင့်ထားသည်ဆိုကာ မြန်မာသုံးဦးဖမ်းဆီးခံရ
Dawei Watch
June 9, 2025ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ဆံပင်ညှပ်ဆိုင်အပါအဝင် အလှပြင်ဆိုင်များဖွင့်ထားသည်ဟုဆိုကာ မြန်မာနိုင်ငံသား သုံးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကန်ချနဘူရီခရိုင်ထဲတွင် မြန်မာနိုင်ငံသားများ အလှပြင်ဆိုင် ဖွင့်ထားသည်ကို ဆိုရှယ်မီဒီယာများပေါ် ကြော်ငြာနေသည်ဟု တိုင်ကြားမှုရရှိလာသဖြင့် ကန်ချနဘူရီရဲတပ်ဖွဲ့က သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီခန့်က ရဲတပ်ဖွဲ့များ ထာ့မကားဒေသရှိ အလှပြင်ဆိုင်တစ်ဆိုင်ထဲ ဝင်စစ်သောအခါ မြန်မာနိုင်ငံသားအချင်းချင်း ဆံပင်ပြုပြင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် ဆိုင်တွင် လုပ်ကိုင်နေသော အသက် ၂၀ နှစ်အရွယ် ကိုထက်မောင်မောင်လင်းနှင့် အသက် ၂၉ နှစ်အရွယ် မသန်းသန်းမိုးတို့နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ယင်းဆိုင်အနီး နောက်တစ်ဆိုင်တွင် အသက် ၃၀ နှစ်အရွယ် ကိုသက်ပိုင်စိုးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း […]


