ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေဖြူ၊ ကံပေါက်တွင် သွေးလွန်တုပ်ကွေးကြောင့် ကလေးတစ်ဦးသေဆုံး

Dawei Watch

July 6, 2025

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ပယရွာတွင် နေထိုင်သည့် အသက် ၂ နှစ်အရွယ် ကလေးတစ်ဦး ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် သွေးလွန်တုပ်ကွေးဖြင့် ဆေးကုသနေစဉ် သေဆုံးခဲ့ကြောင်း မိသားစုနှင့် ဒေသခံများထံမှသိရသည်။ အဆိုပါကလေးငယ်မှာ ဇွန်လ ၂၂ ရက်နေ့တွင် ကိုယ်ပူပြီး နေမကောင်းဖြစ်သဖြင့် ဇွန်လ ၂၃ ရက်နေ့မှစ၍ ကံပေါက်ဒေသရှိ မောရဝတီရေတပ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။ မောရဝတီရေတပ်ဆေးရုံ၌ စမ်းသပ်စစ်ဆေးရာ သွေးလွန်တုပ်ကွေးဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ဆေးကုသမှုခံယူနေရာမှ မသက်သာသဖြင့် ဇူလိုင်လ ၁ ရက်နေ့တွင် မောရဝတီရေတပ် ဆေးရုံမှ ထားဝယ်ဆေးရုံကြီးသို့ လွဲပြောင်းကုသစေခဲ့ကြောင်း မိသားစုဝင်များထံမှသိရသည်။ ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရင်း ဇူလိုင်လ ၅ ရက်နေ့တွင် အဆိုပါကလေးငယ်မှာ သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်တစ်ဦးက‌ ပြောသည်။ […]

ငါးဖမ်းလှေများကို အခွန်ကောက်ရန် ညွှန်ကြားထားခြင်းမရှိဟု KNU တုံ့ပြန်

Dawei Watch

July 6, 2025

ပင်လယ်ထွက် ငါးဖမ်းသည့်လှေများကို အခွန်ကောက်ခံရန် ကရင်အမျိုးသားအစည်းအရုံး-KNU တွင် တိကျသည့် မူဝါဒ မရှိသေးသလို အခွန်ကောက်ရန် ညွှန်ကြားထားခြင်းလည်း မရှိသေးကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ KNU တပ်မဟာ (၄) ထိန်းချုပ်ဒေသအချို့တွင် ဝါလတ်၊ ဝါတန်းကဲ့သို့သော အကြီးစား လှေများအပါအဝင် ထားဝယ်မြစ်ထဲတွင်း ငါးဖမ်းသည့် လှေငယ်များကိုပါ လက်နက်ကိုင်အဖွဲ့အချို့က ငွေကြေးကောက်ယူမှု ပတ်သက်၍ Dawei Watch က မေးမြန်းမှုအပေါ် ၎င်းက ဖြေကြားရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုထားခြင်းသည်။ “KNUမှာ အခွန်ကောက်စနစ် သေသေချာချာရှိသော်လည်းပဲ ပင်လယ်ထွက်တဲ့ ငါးဖမ်းလှေနဲ့ ပတ်သက်ပြီး တိကျတဲ့ အခွန်ကောက်တာမျိုးတော့ မရှိသေးပါဘူး။ ဘာညွန်ကြားချက်မှလည်း မထုတ်ပြန်သေးပါဘူး။ KNU မွေးမြူရေးနဲ့ […]

ကျွန်းစု၊ ယမုံရွာတွင် ခဲသတ္တုတူးဖော်ရန် နေအိမ်များကို ဖိအားပေးဖယ်ရှားမှု မအောင်မြင်

Dawei Watch

July 6, 2025

ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ယမုံကျေးရွာတွင် ခဲသတ္တုတူးဖော်မည့် ဧရိယာတိုးချဲ့ရန်အတွက် နေအိမ် ၃၀ နီးပါးကို ဖြိုဖျက်ပြောင်းရွှေ့ခိုင်းသည့်အစီအစဉ်ကို ကုမ္ပဏီဘက်က ရပ်တန့်ထားကြောင်း ဒေသခံများထံမှ သိရသည်။ တရုတ်နိုင်ငံသားတစ်ဦးပိုင်ဆိုင်သည်ဆိုသည့် ရွှေပင်လယ်ကုမ္ပဏီ၏ မန်နေဂျာဖြစ်သူက ရွာအစွန်းပိုင်းရှိ နေအိမ်များကိုဖယ်ရှားရန်အတွက် တစ်အိမ်လျှင် ငွေကျပ်ငါးသိန်းစီပေးမည်ဟုဆိုကာ ယခုနှစ်ဧပြီလအကုန်တွင် အပြီးဖယ်ရှားခိုင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ သို့ရာတွင် ဒေသခံများက ကန့်ကွက်ခဲ့ကြသလို Dawei Watch အပါအဝင် ပြည်တွင်းသတင်းဌာနအချို့တွင် ယင်းကိစ္စကို သတင်းဖော်ပြခဲ့ပြီးနောက် ၎င်းတို့၏ အစီအစဉ်မှာ မအောင်မြင်ဘဲ ရပ်တန့်လိုက်ရခြင်းဖြစ်သည်။ “လူနေအိမ်တွေနားမှာ ခဲသတ္တုကြောစမ်းသပ်တာ ခဲကြောတွေ့တယ်လို့ ပြောသံကြားတယ်။ ဒါကြောင့်အိမ်တွေကို ပြောင်းခိုင်းတာ။ ရွာလူကြီးတွေနဲ့ပေါင်းပြီး လုပ်ချင်သလိုလုပ်နေတာ။ အခုကိစ္စမှာလည်း သတင်းဌာနတွေမှာ သတင်းတွေတက်သွားတော့ ဆူပူလာမှာကြောက်လို့ ရှေ့ဆက်မတိုးတော့တာဖြစ်မယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ ယမုံကျေးရွာတွင် ခဲသတ္တုတူးဖော်နေကြသည်မှာ ၃ နှစ်နီးပါးရှိနေပြီဖြစ်ပြီး […]

မေတ္တာရိပ်ဆေးခန်း ပိတ်ထားသဖြင့် နာတာရှည်လူနာများ အခက်အခဲကြုံ

Dawei Watch

July 6, 2025

ထားဝယ်မြို့တွင် ဖွင့်လှစ်ထားသည့် မေတ္တာရိပ်ဆေးခန်း ရပ်နားထားရပြီးနောက် ဆေးခန်းတွင် နာတာရှည်ရောဂါ ကုသနေသည့် လူနာများ ဆေးဝါးဆက်လက်ကုသရန် အခက်အခဲကြုံနေကြောင်း လူနာများထံမှ သိရသည်။ မေတ္တာရိပ်ဆေးခန်းသည် နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ၏ ဆေးဝါးထောက်ပံ့မှုများဖြင့် လည်ပတ်နေပြီး ပြီးခဲ့သည့် ဇွန်လ ဒုတိယအပတ်အတွင်း ထားဝယ်မြို့ရှိ MSF ရုံးက တာ၀န်ရှိသူအချို့ကို စစ်ကောင်စီက ဖမ်းဆီးထားပြီးနောက် ဆေးခန်းရပ်နားထားရသည်။ “ဆေးခန်းပိတ်ထားတော့ (ပြင်ပမှာ) အထွေထွေသမားတော်တွေနဲ့ ကုသနေရတယ်။ ကုသမှုစရိတ်က စျေးကြီးသလို ဆေးဝါးဝယ်ယူစရိတ်ကလည်း စျေးကြီးတယ်။ အရင်ကဆို သွေးတိုးကျဆေး တစ်လုံးမှ ၃၀၀ ကျပ်လောက်သာ ပေးရတယ်။ အခုကျတော့ ထောင်ကျော်လာတယ်။ ဆေးကောင်တာမှာ ကျသင့်ငွေရှင်းလိုက်ရင် အများကြီးပေးရတယ်” ဟု မေတ္တာရိပ်ဆေးခန်းတွင် ၂ နှစ်ကြာ ဆေးကုသခဲ့သည့် ဆီးချိုရောဂါခံစားနေရသည့် လူနာရှင်တစ်ဦးက ပြောသည်။ […]

သမ္မတထရမ့်နှင့် ဆက်ဆံရေးတင်းမာနေသည့် အီလွန်မတ်က နိုင်ငံရေးပါတီသစ်တည်ထောင်

Dawei Watch

July 6, 2025

‘အမေရိကပါတီ’(America Party)ဟု အမည်ပေးထားသည့် ပါတီသစ်တစ်ခုကို တည်ထောင်လိုက်ပြီ ဖြစ်ကြောင်း ဘီလျံနာသူဌေး အီလွန်မတ်က ဇွန်လ ၅ ရက်နေ့တွင် ကြေညာလိုက်သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ၎င်းတို့အကြား လူသိရှင်ကြား အချေအတင်ဖြစ်ခဲ့ပြီးနောက် ရက်သတ္တပတ်အတန်ကြာတွင် အီလွန်မတ်က X လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် ယင်းသို့ ကြေညာလိုက်ခြင်း ဖြစ်သည်။ ၎င်းတည်ထောင်ထားသည့် အမေရိကပါတီ (America Party) သည် ရီပတ်ဘလင်ကန်နှင့် ဒီမိုကရက်တစ်ပါတီတို့၏ နှစ်ပါတီစနစ်ကို စိန်ခေါ်ရန် ရည်ရွယ်ကြောင်း အီလွန်မတ်က ဆိုသည်။ သို့သော် အဆိုပါ ပါတီသစ်ကို အမေရိကန်ရွေးကောက်ပွဲအာဏာပိုင်များထံ တရားဝင်မှတ်ပုံတင်ထားခြင်းရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ပါတီကို မည်သူက ဦးဆောင်၍ မည်သည့်ပုံစံဖြင့် လည်ပတ်မည်ဆိုသည်နှင့် ပတ်သက်၍ အီလွန်မတ်က အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ပါတီသစ်တစ်ခု တည်ထောင်မည့် စိတ်ကူးကို အီလွန်မတ်က […]

ကျိုက်ထိုတွင် စစ်ဘေးရှောင်များ ဆေးဝါးအကူအညီလို

Dawei Watch

July 6, 2025

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများ ဆေးဝါးအကူအညီ လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေးအကူအညီပေးနေသူများထံမှ သိရသည်။ ကျိုက်ထိုမြို့နယ်တွင် တိုက်ပွဲနှင့် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာခြင်း၊ စစ်ကောင်စီတပ်ရင်း တပ်စခန်းတို့က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းတို့ကြောင့် ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ထွက်ပြေးတိမ်းရှောင်နေရသူများ အထူးသဖြင့် ကလေးနှင့် သက်ကြီးရွယ်အိုများ ရာသီတုပ်ကွေး၊ ဝမ်းရောဂါနှင့် အရေပြား ရောဂါ ကူးစက်ဖြစ်ပွားမှု ရှိနေပြီး ဆေးဝါးလိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး အကူအညီပေးနေသူများက ပြောသည်။ “ဒီလို မိုးရာသီမှာ ကလေးသူငယ်တွေနဲ့ သက်ကြီးရွာအိုတွေမှာ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးတွေ ဖြစ်ကြတယ်။ ဝမ်းရောဂါဖြစ်ပွားသူတွေလည်း ရှိနေတယ်။ နောက်ပြီး အရေပြားယားယံတာတွေလည်း ဖြစ်နေတာရှိတယ်။ ဆေးဝါးတွေ လုံလောက်မှုမရှိဘူး။ သူတို့အတွက် ဆေးဝါးတွေ လိုအပ်နေတယ်” ဟု စစ်ဘေးရှောင်အရေး အကူအညီပေးနေသူတစ်ဦးက […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

July 5, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်အထိ စစ်ကောင်စီ တိုက်လေယာဉ်တစ်စင်း ပျက်ကျ စစ်ကောင်စီတပ်က ပျောက်ဆုံးနေတဲ့ တိုက်လေယာဉ်ဟာ ကရင်နီ(ကယား) ပြည်နယ်၊ ဖားဆောင်းမြို့အနီးမှာ ပျက်ကျခဲ့တာကို တွေ့ရှိခဲ့ပါတယ်။   ဇူလိုင်လ ၁ရက်က တိုက်လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းရာကနေ နေပြည်တော်ရဲ့ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာ အကွာမှာ ရေဒါမြင်ကွင်းကနေ ပျောက်ကွယ်ပြီး အဆက်အသွယ်ပြတ်တောက်ခဲ့တယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၃ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ စက်ချို့ယွင်းတာ ဒါမှမဟုတ် ရုတ်တရက်ရာသီဥတု ဆိုးရွားတာကြောင့်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်လေယာဉ် ဖားဆောင်းမြို့အနီးပျက်ကျနေတာကို ဇူလိုင်လ ၃ရက်မှာပဲ ကရင်နီတော်လှန်ရေး အင်အားစုတွေက တွေ့ရှိခဲ့ပါတယ်။ တိုက်လေယာဉ်မှူးနှစ်ဦးလည်း […]

တနင်္သာရီမြို့နယ်ရှိ စစ်ရှောင်များ တုပ်ကွေးနှင့် ဖျားနာအဖြစ်များနေပြီး ဆေးဝယ်ယူရခက်ခဲ

Dawei Watch

July 5, 2025

တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များ မိုးရာသီဖြစ်သည့်အတွက် တုပ်ကွေးနှင့် ဖျားနာ အဖြစ်များနေပြီး ဆေးဝါးဝယ်ယူရန် ခက်ခဲနေကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။ လက်ရှိတွင် မိုးသည်းထန်စွာရွာသွန်းနေသဖြင့် စစ်ဘေးရှောင်များမှာ ရာသီတုပ်ကွေးနှင့် ဖျားနာသူများနေပြီး စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုကြောင့် ဆေးဝါးဝယ်ယူရခက်ခဲနေကြောင်း ထုံမခါရွာနေ စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။ “ဆေးဝါးတွေက လုံးဝပြတ်လပ်နေတယ်။ အဖျား(ပျောက်)ဆေးတောင် စပ်ဆေးတွေကို ဝယ်ရခက်ခဲနေတယ်။ ဆေးကို မြို့မှာသွားဝယ်တောင် အကန့်အသတ်နဲ့ ရောင်းပေးတာမို့ ပင်ပန်း(ခက်ခဲ) တယ်” ဟု အထက်ပါစစ်ရှောင်က ပြောသည်။ တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင်နှစ်သောင်းကျော်ရှိသည့်အနက် လူဦးရေ နှစ်ထောင်ခန့် ဖျားနာနေကြကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့အချို့ထံမှ သိရသည်။ စစ်ရှောင်များမှာ နီးစပ်ရာ တော၊ တောင်များနှင့် စစ်ဘေးလွတ်ရာ ကျေးရွာများတွင် နေထိုင်ကြရကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။ လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသည့် […]