အမေရိကန်နှင့် စစ်မဖြစ်ရေး ရှောင်လွှဲနိုင်ဟု တရုတ်ထိပ်တန်းအရာရှိပြော
Dawei Watch
July 4, 2025တရုတ်နှင့် အမေရိကန်အကြား စစ်မက်ဖြစ်ပွားမှုမှာ ရှောင်လွှဲလို့ မရသည့်အရာ မဟုတ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းအရာရှိတစ်ဦးက ဇူလိုင်လ ၃ ရက်နေ့တွင် ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပသည့် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်တွင် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာန အကြီးအကဲ Liu Jianchao က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ယင်းမှာ ကမ္ဘာ့စစ်အင်အားအကြီးဆုံး နိုင်ငံနှစ်ခုဖြစ်သည့် အမေရိကန်နှင့် တရုတ်အကြား စစ်ဖြစ်လာမည်ကို တရုတ်ဘက်က မလိုလားကြောင်း အခိုင်မာဆုံး ထုတ်ဖော်ပြောဆိုမှုများထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။ “တရုတ်နဲ့ အမေရိကန်ကြားက စစ်ပွဲက ရှောင်လွှဲလို့ မရဘူးလို့ လူတွေက မကြာခဏ ပြောလေ့ရှိကြပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလို မထင်ပါဘူး”ဟု Liu Jianchao က ဆိုသည်။ တရုတ်ပြည်သူများနှင့် အမေရိကန်ပြည်သူများသည် […]


