ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်ခရိုင်ရှိ သုခနယ်စပ်စခန်းကို KNLAနှင့် တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းယူ

Dawei Watch

July 8, 2025

ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ သုခစခန်းကို ဆဲဗင်းဇူလိုင်နေ့တွင် KNLAနှင့် တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူလိုက်ကြောင်း ဖြစ်စဉ်ကို သိရှိသည့် KNUနှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့ထံမှ သိရသည်။   သုခစခန်းတွင် စစ်ကောင်စီတပ်၏ ခလရ ၂၈၂ တပ်ရင်းအထိုင်ချထားပြီး အင်အား ၃၀ ခန့်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ သုခစခန်းကို ဇွန်လအကုန်တွင် ဝိုင်းဝန်းပိတ်ဆို့ထားပြီး ဇူလိုင်လ ၇ ရက်တွင် စတင်တိုက်ခိုက်ရာ ထိုနေ့တွင်ပင် စခန်းကို သိမ်းပိုက်ရရှိကြောင်း ၎င်းက ဆိုသည်။ “လက်နက်ခဲယမ်း ဘယ်လောက်ရလဲ၊ ရန်သူက ဘယ်လောက်သေလဲဆိုတာ အသေးစိတ်မသိရသေးဘူး။ စခန်းရှင်းလို့ မပြီးသေးဘူး။ သူတို့က တစ်ရက်တည်းဆိုတော့ စစ်ကူကမလာနိုင်ဘူး၊ လေယာဉ်မလာနိုင်ဘူး။ ဘာဖြစ်လဲဆိုတော့ ဒီစခန်းက သူတို့ထွက်ပြေးချင်တာကြာပြီ။ သေနတ်ပေါက်ရင်တော့ သူတို့ထွက်ပြေးမှာပဲ အဲ့ဒါစောင့်နေတာ” ဟု ပဒိုစောအယ်နားက ပြောဆိုသည်။ သုခစခန်းအနီးတွင် ထိုင်း-မြန်မာခရီးသွားများကြား နာမည်ကျော်ကြားသည့် နတ်အိမ်တောင် (ထိုင်းအခေါ် ပိလော့(Pilok)) ရွာတည်ရှိပြီး ထိုရွာအနီးတွင် စစ်ကောင်စီတပ်၏ နတ်အိမ်တောင်စခန်းတည်ရှိသည်။ […]

မြိတ်ဒေသခံနှစ်ဦးအပါအဝင် စစ်မှုထမ်းစုဆောင်းခံရသူသုံးဦး ထားဝယ်ခရိုင် PDF တပ်ရင်းထံ ဘက်ပြောင်းခိုလှုံ

Dawei Watch

July 8, 2025

စစ်မှုထမ်းစုဆောင်းခံခဲ့ရသည့် အသက် ၂၀ ဝန်းကျင်အရွယ် စစ်ကောင်စီတပ်သားသုံးဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်၊ အမှတ် (၁) တပ်ရင်းထံတွင် လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံကြောင်း အဆိုပါတပ်ရင်းက ဇူလိုင်လ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။  ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းသို့ တိုက်ရိုက်ဆက်သွယ်၍ ၎င်းတို့၏အစီအစဥ်ဖြင့်ပင် ဇူလိုင်လ ၄ ရက်တွင် တပ်ရင်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း အမှတ် (၁) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော် ABC က ပြောသည်။ ဘက်ပြောင်းလာသူ သုံးဦးအနက် နှစ်ဦးသည် ကံပေါက်ရေကန်တောင်တာဝါတိုင် စခန်းတွင် တာဝန်ကျနေသည့် အမှတ် ၂၇၃ ခြေလျင်တပ်ရင်းက ဖြစ်ပြီး နောက်တစ်ဦးမှာ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသရှိ စစ်ကောင်စီစခန်းတစ်ခုတွင် တာဝန်ကျနေသည့် အမှတ် ၂၅ ခြေလျင်တပ်ရင်းကဖြစ်ကြောင်း ၎င်းက ဆိုသည်။  အဆိုပါတပ်သားသုံးဦးသည် တနင်္သာရီတိုင်း မြိတ်မြို့၊ ပလမြို့နှင့် ပဲခူးတိုင်း ပြည်မြို့ ဒေသခံများဖြစ်ကြောင်း အမှတ် (၁) တပ်ရင်းထံမှ သိရသည်။  မြိတ်မြို့ခံဖြစ်သူသည် ဧည့်စာရင်းစစ်စဉ် စစ်သားစုဆောင်းခံခဲ့ရသူဖြစ်ကာ ကျန်နှစ်ဦးသည် ညဘက်လမ်းတွင် အဖမ်းခံရသူနှင့် […]

ကျွန်းစု မဲတောရွာအုပ်ချုပ်ရေးမှူးကို PDF ပစ်ခတ်ရှင်းလင်း၊ မူးယစ်ဆေးရောင်းသူများကိုပါ ဖမ်းသွားဟုဆို

Dawei Watch

July 7, 2025

ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းပြီး မူးယစ်ဆေးရောင်းချနေသူများကိုပါ ဖမ်းဆီးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း၏ ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီခန့် မဲတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကို ဇူလိုင်လ ၅ ရက်တွင် သွားရောက်ဖမ်းဆီးပြီး ခေါ်ဆောင်လာချိန် အော်ဟစ်ဆဲဆိုကာ ထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဦးအောင်မြင့်ကို မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း၊ တနင်္သာရီမြို့နယ်ပကဖဇုန် ၆ နှင့် ဒေါင်းနက်အဖွဲ့တို့ က နေအိမ်တွင် သွားရောက်ဖမ်းဆီးရာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက ယနေ့ ဇူလိုင်လ ၇ ရက်တွင် ထုတ်ပြန်သည်။ ‎တော်လှန်ရေးအဖွဲ့များက ဆက်လက်ရှာဖွေရာ ဦးအောင်မြင့်ကို အပေါင်းအပါများနှင့်အတူတွေ့ရပြီး တုတ်ဓားများဖြင့် ပြန်လည်ခုခံသဖြင့် သေနတ်နှစ်ချက်ပစ်ဖောက်ပြီး ခြောက်လှန့်ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါည […]

တရုတ်ကို တန်ပြန်ရန် ဂျပန်ရေတပ်မှ စစ်သင်္ဘောအချို့ကို ဖိလစ်ပိုင်ရေတပ်သို့ ပေးအပ်မည်

Dawei Watch

July 7, 2025

ဂျပန်ရေတပ်က အသုံးပြုပြီးသား စစ်သင်္ဘောအချို့ကို ဖိလစ်ပိုင်ရေတပ်သို့ လွှဲပြောင်းပေးအပ်သွားရန် နှစ်နိုင်ငံအကြား သဘောတူထားပြီးဖြစ်ကြောင်း ဂျပန်နေ့စဉ်သတင်းစာ Yomiuri က ဇူလိုင်လ ၆ ရက်နေ့တွင် ဖော်ပြလိုက်သည်။ ယင်းအစီအစဉ် အကောင်အထည်ပေါ်လာလျှင် ဂျပန်စစ်သင်္ဘောများ ပြည်ပနိုင်ငံတစ်ခုသို့ ပထမဆုံး လွှဲပြောင်းပေးအပ်မှု ဖြစ်လာမည်။ ပင်လယ်ပြင်အတွင်း ရေတပ်အင်အားတိုးချဲ့လာသည့် တရုတ်ကို တန်ပြန်နိုင်ရေးအတွက် ဂျပန်စစ်တပ်နှင့် ဖိလစ်ပိုင်စစ်တပ်အကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်သည့် အစီအစဉ်ဖြစ်သည်။ ဂျပန်ကာကွယ်ရေးဝန်ကြီး Gen Nakatani နှင့် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Gilberto Teodoro တို့ ပြီးခဲ့သည့်လက စင်္ကာပူတွင် တွေ့ဆုံစဉ် ယင်းသို့ လွှဲပြောင်းပေးအပ်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။ လွှဲပြောင်းပေးအပ်မည့် စစ်သင်္ဘောများအနက် ဂျပန်ရေတပ်တွင် အနှစ် ၃၀ ကျော်အသုံးပြုပြီးလာသည့် Abukuma အမျိုးအစား စစ်သင်္ဘော […]

အီလွန်မတ်၏ ပါတီသစ်မှာ ရယ်စရာအဆင့်သာရှိဟု ထရမ့်ပြော

Dawei Watch

July 7, 2025

အီလွန်မတ်၏ ပါတီသစ်တည်ထောင်သည့် အစီအစဉ်မှာ လူရယ်စရာအဆင့်သာရှိဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယနေ့ ဇူလိုင်လ ၆ ရက်နေ့က ပြောဆိုလိုက်သည်။ အီလွန်မတ်က ပါတီသစ်တည်ထောင်ကြောင်း ကြေညာခဲ့ပြီး နောက်တစ်နေ့တွင် ထရမ့်က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ပါတီသစ်တည်ထောင်ကြောင်း အီလွန်မတ်၏ ကြေညာမှုသည် ၎င်းနှင့် သမ္မတထရမ့်တို့အကြား တင်းမာမှုကို အရှိန်မြင့်သွားစေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ အီလွန်မတ်အနေဖြင့် ၎င်း၏ ပါတီသစ်စိတ်ကူးနှင့် ပျော်နေနိုင်သော်လည်း အမေရိကန် ပြည်ထောင်စုအတွက် နှစ်ပါတီစနစ်သာ အကောင်းဆုံးဖြစ်သည်ဟု ထရမ့်က ပြောသည်။ “တတိယပါတီတစ်ခုကို တည်ထောင်တာက ရယ်စရာကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ဟာ ရီပတ်ဘလင်ကန်ပါတီနဲ့အတူ ကြီးမားတဲ့ အောင်မြင်မှုရရှိထားပြီး ဖြစ်ပါတယ်။ ဒီမိုကရက်တွေက လမ်းပျောက်နေပါတယ်။ ဒါပေမဲ့ နှစ်ပါတီစနစ်ပဲ အမြဲတမ်း ရှိခဲ့တာပါ။ တတိယပါတီတစ်ခုကို တည်ထောင်လိုက်တာက […]

ဘန်ကောက်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျ၍ မြန်မာအပါအဝင် ၁၂ ဦး ဒဏ်ရာရ

Dawei Watch

July 7, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ပြိုကျမှုကြောင့် မြန်မာအလုပ်သမားများ အပါအဝင် အလုပ်သမား ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇူလိုင်လ ၆ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်က ဘန်ကောက်မြို့ မင်ဘူရီခရိုင်ရှိ မြို့တော်ရေသိုလှောင်ရေး ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု ပြိုကျမှုဖြစ်ခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းခွင်ထဲရှိ ကွန်ကရစ်လောင်းရန် ထောင်ထားသော စတီးဘောင်များမှာ အလုပ်သမားများ အလုပ်လုပ်နေသည့်အချိန် ပြိုကျလာခြင်းဖြစ်သည်။ ပြိုကျမှုဖြစ်သောအချိန်တွင် အလုပ်သမား ၁၆၀ ဦး အလုပ်လုပ်နေပြီး ၎င်းတို့အနက် ၁၂ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများတွင် မြန်မာအလုပ်သမား ၇ ဦး၊ ထိုင်းအလုပ်သမား ၂ ဦးနှင့် ကမ္ဘောဒီးယားအလုပ်သမား ၃ ဦး ပါဝင်ပြီး အမျိုးသား ၉ ဦး၊ […]

ထားဝယ်နှင့် မြိတ်ဒေသခံများအပါအဝင် စစ်ကောင်စီတပ်သားငါးဦး KNU ထံ ဘက်ပြောင်း

Dawei Watch

July 6, 2025

ထားဝယ်နှင့် မြိတ်ဒေသခံများ အပါအဝင် စစ်ကောင်တပ်ဖွဲ့ဝင်ငါးဦး လက်နက်အချို့ယူဆောင်ကာ ထွက်ပြေးလာပြီး KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်ရင်း ၁၁ ထံ ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်း တနင်္သာရီမြို့နယ် သိန်ခွန်းရွာရှိ ရော်ဘာခြံတွင် တာဝန်ကျနေချိန် ဇူလိုင်လ ၅ ရက်တွင် ဘက်ပြောင်းခိုလှုံလာကြောင်း KNLA တပ်ရင်း ၁၁ မှ ရဲဘော်တစ်ဦးက ပြောသည်။ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင်းရေးသင်တန်းကျောင်း (တိုင်းဗဟို) ၁၂ တွင် သင်တန်း တက်ရောက်ခဲ့ရသည့် ထားဝယ်ဒေသခံနှစ်ဦး၊ မြိတ်ဒေသခံတစ်ဦး၊ ရန်ကုန်ဒေသခံတစ်ဦး၊ မြဝတီ ဒေသခံတစ်ဦးတို့ ဘက်ပြောင်းလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “သူအစုနဲ့ သူ ပြေးလာကြတယ်။ တစ်ရက်လုံးဆို ငါးယောက်ပေါ့။ လက်နက်ပါသူရှိသလို […]

လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုကြောင့် ကုန်တင်ကားများ မထွက်ရဲကြသဖြင့် မုဒုံတွင် ကုန်စည်စျေးတက်

Dawei Watch

July 6, 2025

မွန်ပြည်နယ် မြို့နယ်အချို့တွင် လိုင်စင်မဲ့ယာဥ်များဖမ်းဆီးနေသည့်အတွက် ကုန်သယ်ယာဥ်များ မသွားရဲကြသောကြောင့် မုဒုံမြို့နယ်တွင် ကုန်စည်စျေးနှုန်းများ မြင့်တက်လာကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇွန်လဆန်းပိုင်းမှစ၍ မွန်ပြည်နယ်၊ သထုံ၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တို့တွင် စီမံချက်ဖြင့် စစ်ကောင်စီက လိုင်စင်မဲ့ ယာဥ်များဖမ်းဆီးနေခြင်းဖြစ်သည်။ ထို့ကြောင့် မုဒုံမြို့နယ်မှ အထက်ပါမြို့နယ်များသို့ ကုန်စည်သယ်ဆောင်ရေးလုပ်နေသည့် လိုင်စင်ရှိယာဥ်များပင် စစ်ဆေး ဖမ်းဆီးခံရမည် စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအပြင် ဖမ်းဆီးခံရပါက စစ်မှုထမ်းဥပဒေဖြင့် ခေါ်ဆောင်ခံရမည်ကို စိုးရိမ်သည့်အတွက်လည်း သွားလာမှုနည်းလာကြောင်း ၎င်းတို့က ဆိုသည်။ “ဒဏ်ကြေးမဆောင်နိုင်တဲ့ ယာဉ်ပိုင်ရှင်တွေဆိုရင်လည်း တပ်သားအဖြစ် ထည့်သွင်းခံတာရယ်၊ အဖမ်းခံရမှာကို ကြောက်တာရယ်ကြောင့် လိုင်စင်ရှိကားသမားတွေနဲ့ ဆိုင်ကယ်သမားတွေလည်း အပြင်မထွက်ရဲတော့ဘူး” ဟု မုဒုံမြို့မှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ မွန်ပြည်နယ်အတွက် လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ထိုင်း-မြန်မာနယ်စပ် […]