ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် မိုးရာသီနှစ်လကျော်အတွင်း ၅ နှစ်အောက်ကလေး ၈ ဦးအထိသေဆုံး

Dawei Watch

July 8, 2025

ထားဝယ်တွင် ယခုနှစ်မိုးရာသီ နှစ်လကျော်ကာလအတွင်း အသက် ၅ နှစ်အောက် ကလေးသေဆုံးမှု ဆက်တိုက်ရှိနေပြီး မေလဆန်းမှ ဇူလိုင်လပထမပတ်အတွင်း သေဆုံးသူ ၈ ဦးအထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။ အများစုမှာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးကြခြင်းဖြစ်ပြီး အဖျားပိုးဦးနှောက်ထဲရောက်ကာ သေဆုံးရခြင်းမျိုးလည်းရှိကြောင်း သိရသည်။ ထားဝယ်မြို့ပေါ်တွင် ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းတွင် အသက် ၅ နှစ်အရွယ်ရှိ ကလေးတစ်ဦး ထပ်မံ သေဆုံးခဲ့ရသည်။ အဆိုပါကလေးမှာ ထားဝယ်မြို့ ကရပ်ပြင်မြောက်အရပ်တွင် နေထိုင်သူဖြစ်ပြီး ယမန်နေ့ညနေပိုင်းတွင် အပြင်းဖျားရာမှ ကိုယ်ပူချိန်တက်ခြင်း၊ ဝမ်းလျောခြင်းတို့ဖြစ်ကာ သေဆုံးခဲ့ရကြောင်း မိသားစုနှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ “ကလေးက တက်တယ်ပေါ့နော်။ ဦးနှောက်ထဲ ပိုးဝင်သွားတယ်လို့ပြောတယ် သွေးလွန်တုပ်ကွေးကတော့ မပေါ်ဘူးလို့သိရတယ်”ဟု ယင်းအမျိုးသားကပြောသည်။ ပြီးခဲ့သည့်ဇူလိုင်လ ၅ ရက်နေ့တွင် […]

လောင်းလုံးမြောက်ပိုင်းက စစ်ဘေးရှောင် တစ်ထောင်ခန့် နေရပ်ပြန်မရသေးဘဲ အကူအညီလို

Dawei Watch

July 8, 2025

တိုက်ပွဲများမရှိတော့သော်လည်း လောင်းလုံးမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာနှစ်ရွာမှ စစ်ဘေးရှောင် တစ်ထောင်ခန့် နေရပ်ပြန်မရသေးဘဲ အကူအညီလိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများနှင့် ရွာသားများထံမှသိရသည် ။ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ ဇူလိုင်လ ၁ ရက်က လောင်းလုံးမြို့နယ် ၊ ဖွားဘုတ်ပြင်ရွာတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဖွားဘုတ်ပြင်ရွာအပါအဝင် ပတ်ဝန်းကျင်ရွာ ဆယ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စစ်ဘေးရှောင်ဒေသခံများက ဆိုသည် ။ ဇူလိုင်လ ၇ ရက်အထိ ဖွားဘုတ်ပြင်ရွာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများဆက်ရှိနေပြီး ပန်းတက်အင်းရွာနှင့် ဖွားဘုတ်ပြင်ရွာအကြားရှိ တောလမ်းတွင်လည်း စစ်ကောင်စီတပ်၏ ကင်းပုန်းအချို့ ကျန်နေသေးကြောင်း ယင်းရွာခံများထံမှသိရသည် ။ ယင်းကြောင့် တိုက်ပွဲဖြစ်ပြီး ရက်ပိုင်းအကြာတွင် ပတ်ဝန်းကျင် ကျေးရွာများ နေရပ်ပြန်နေကြသော်လည်း ဖွားဘုတ်ပြင်ရွာနှင့်ဘူချိုင်းရွာ ကျေးရွာနှစ်ရွာမှ ဒေသခံတစ်ထောင်ခန့် နေရပ်ပြန်နေ၍ မရဖြစ်နေပြီး […]

ထီးခီးနယ်စပ်ဒေသတွင် ကုန်စိမ်းကားများ ဝင်ရောက်ရောင်းချရန် ထိုင်းဘက်ကခွင့်ပြု

Dawei Watch

July 8, 2025

ထားဝယ်မြို့နယ်ရှိ ထိုင်း-မြန်မာ ထီးခီးနယ်စပ်ဒေသသို့ ကုန်စိမ်းကားများ ဝင်ရောက်ရောင်းချရန် ထိုင်းဘက်က ခွင့်ပြုထားကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ထံမှ သိရသည်။ နှစ်နိုင်ငံ ကုန်စည်တင်ပို့ရောင်းချမှုနှင့် လူအဝင်အထွက်ကို တရားဝင်ခွင့် မပြုသေးသော်လည်း ထိုင်းနိုင်ငံဘက်ခြမ်း ဖူနန်ရွမ်ရွာနှင့် ထီးခီးကျေးရွာနှစ်ရွာကို ကုန်စိမ်းကားများ ဝင်ထွက် ကုန်သွယ်ရောင်းချမှုကိုမူ ဇူလိုင်လ ၅ရက်က စတင်ကာ ထိုင်းဘက်က ခွင့်ပြုထားကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ “ဘာလို့လဲဆိုတော့ အဲဒီထီးခီးဒေသမှာရှိတဲ့လူထုတွေက အစစအရာရာ စားဝတ်နေရေးက အစားအစာတွေကို ထိုင်းဘက်ကို မှီခိုနေရတာကြောင့်ပေါ့နော်၊ သူတို့က လူမှုရေးရှုဒေါင့်အနေနဲ့ ခွင့်ပြုပေးတာ။ လူ အဝင်အထွက်တော့ မရဘူး။ ဒီနယ်စပ် ဖွင့်ဖို့ကတော့ ကျွန်တော်တို့ကြိုးပမ်းတာတော့ မဟုတ်ဘူး။ ထိုင်းနိုင်ငံရဲ့ သူ့ရဲ့ ရွာနီးချင်းက လူမှုရေးအနေနဲ့ သူတို့မူဝါဒ […]

ထားဝယ်တွင် ဇူလိုင်ပထမပတ်အတွင်း လူငယ်များ ဆက်တိုက်ဖမ်းဆီးခံရ

Dawei Watch

July 8, 2025

ထားဝယ်ခရိုင်တွင် စစ်ကောင်စီတပ်က ဇူလိုင်လ ပထမပတ်အတွင်း လူငယ်ငါးဦးထက်မနည်းကို ဖမ်းဆီးခဲ့ကြောင်း မြို့ခံများ၊ ဖမ်းဆီးခံရသူမိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ဇူလိုင်လ ၂ရက်မှ ၇ရက်အထိ ငါးရက်တာအတွင်း ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဇူလိုင်လ ၇ရက် နံနက် ၉နာရီတွင် ထားဝယ်မြို့၊ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်၌ ဖြတ်သွားသည့် လောင်းလုံးဒေသခံ လူငယ်အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများက ဆိုသည်။ “အလုပ်သွားတုန်းတဲ့အချိန် အဖမ်းခံရတာပါ” ဟု ဖမ်းဆီးခံရရာတွင် ပါဝင်သူတစ်ဦး၏ မိသားစုနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ ဖမ်းဆီးခံရသူသုံးဦးအနက် တစ်ဦးမှာ အင်းဝန်းရွာသား ကိုနိုင်နိုင်ဦးဖြစ်ပြီး နောက်ထပ်နှစ်ဦးမှာ သာယာကုန်းနှင့် ကမြောကြီးရွာသားများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ကိုနိုင်နိုင်ဦးဆိုရင် ကလေးနှစ်ယောက်နဲ့ ရောဂါသည်ဇနီးကို လုပ်ကျွေးနေတယ်။ သူ့သမီးက လေးနှစ်တစ်ယောက်၊ သားက ခြောက်နှစ်တစ်ယောက်၊ သူ […]

မြိတ်မြို့ပေါ်တွင် လုယက် ဓားထိုးမှုကြောင့် လူငယ်တစ်ဦးသေဆုံး

Dawei Watch

July 8, 2025

မြိတ်မြို့ပေါ်တွင် လုယက်ပြီး ဓားဖြင့်ထိုးသဖြင့် လူငယ်အမျိုးသားတစ်ဦး သေဆုံးကြောင်း မြို့ခံအချို့ထံမှ သိရသည်။ အသက် ၂၈နှစ်အရွယ် ကိုသီဟဝင်းသည် ဇူလိုင်လ ၇ ရက် ည ၉ နာရီခန့်တွင် ဆိုင်ကယ်စီးပြီး တစ်ဦးတည်းလာချိန် မြိတ်မြို့ ကားကြီးဝင်း (အသစ်) အနီးတွင် လုယက်သတ်ဖြတ်ခံရကြောင်း ကိုသီဟဝင်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။ “ဆိုင်ကယ်၊ ဖုန်းလုပြီး ဓားနဲ့ ထိုးသတ်ခဲ့တာ” ဟု ၎င်းက ပြောဆိုသည်။ ကိုသီဟဝင်းက ဆိုင်ကယ်ဖြင့် မည်သည့်နေရာသို့သွားသည်ဆိုသည့်အကြောင်းနှင့် လုယက်မှု အခြေအနေ အသေးစိတ်ကို မသိရသေးပေ။ ဓားထိုးခံရမှုကြောင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ၎င်းကို အရေးပေါ်လူနာတင်ယာဥ်ဖြင့် မြိတ်မြို့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ကူညီပေးခဲ့သည့် လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “နေရာမှာပဲ ပွဲချင်းပြီး ဆုံးနေပြီဆိုတော့ ရင်ခွဲရုံတစ်ခါတည်း […]

စားသောက်ဆိုင်ရှင် ထိုင်းရဲတပ်ကြပ်ကြီးက မြန်မာအမျိုးသမီးလုပ်သားကို အဓမ္မပြုကျင့်

Dawei Watch

July 8, 2025

ထိုင်းနိုင်ငံ၊ နခွန်နယွတ်ခရိုင်တွင် စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သော ထိုင်းရဲတပ်ကြပ်ကြီးတစ်ဦးက မြန်မာအမျိုးသမီး အလုပ်သမားကို အတင်းအဓမ္မပြုကျင့်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နခွန်နယွတ်ခရိုင်၊ ပါ့ဖလီဒေသရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်ဝင်ပြီး ငါးရက်မြောက်ဖြစ်သည့် ဇူလိုင်လ ၇ရက်တွင် မြန်မာအမျိုးသမီး အလုပ်သမား တစ်ဦးတည်းရှိနေချိန် အလုပ်ရှင်က အိပ်ခန်းထဲသို့ ခေါ်ဆောင်ပြီး အဓမ္မပြုကျင်ခဲ့ကြောင်း ဖော်ပြသည်။ ယင်းနောက် အဓမ္မပြုကျင့်ခံရသူအပါအဝင် ဆိုင်တွင် အလုပ်လုပ်ကိုင်သော မြန်မာအမျိုးသမီးသုံးဦးသည် ဇူလိုင်လ ၇ရက် မွန်းလွဲ ၁နာရီခန့်တွင် အလုပ်ရှင် မရှိချိန် ဆိုင်ထဲမှ ထွက်ပြေးလာပြီး လမ်းပေါ်သွားလာနေသော ကားများကို တားဆီး၍ အကူအညီတောင်းခံခဲ့ကြောင်း ဆိုသည်။ မြန်မာအမျိုးသမီးများက လက်ပြတားဆီးသော်လည်း ကားမရပ်ပေးကြသဖြင့် လမ်းလယ်သို့ ထွက်ပြေး၍ တားဆီးခဲ့စဉ် ကားများ ရုတ်တရက် ဘရိတ်နင်း၍ ရပ်တန့်ခဲ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ ကားသမားများက […]

ဖူးခက်တွင် မြန်မာမိသားစုဝင် ၇ ဦးက ဆိုင်ကယ်တစ်စီးတည်း စီးသည့် ဗီဒီယိုဖိုင် ဝေဖန်မှုမြင့်တက်

Dawei Watch

July 8, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ရှိ လမ်းမပေါ်တွင် ဆိုင်ကယ်တစ်စီးကို မြန်မာမိသားစုဝင် ၇ ဦးက လိုက်ပါစီးနင်းနေသည့် ဗီဒီယိုဖိုင်ကို ထိုင်းနိုင်ငံသားများကြား ဝေဖန်မှု မြင့်တက်နေကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ဇူလိုင်လ ၆ ရက်နေ့က ဖူးခက်မြို့ထဲရှိ လမ်းဆုံတစ်ခု၏ မြေအောက်ဖြတ်လမ်းတွင် မြန်မာမိသားစုဝင် ၇ ဦးက ဆိုင်ကယ်တစ်စီးကို စီးနင်းလိုက်ပါနေသည့် ဗီဒီယိုဖိုင်တစ်ခု ဆိုရှယ်မီဒီယာပေါ်တွင် ပြန့်နှံ့လာခြင်းဖြစ်သည်။ ဗီဒီယိုဖိုင်ထဲတွင် မြန်မာအမျိုးသားက ဆိုင်ကယ်ကို မောင်းနေပြီး အမျိုးသမီးဖြစ်သူက ဆိုင်ကယ်နောက်တွင် လိုက်ပါနေသည်ကို တွေ့ရသည်။ အမျိုးသမီးလက်နှစ်ဖက်တွင် ကလေးနှစ်ဦးကို ချီထားပြီး ၎င်းတို့နှစ်ဦး၏ အလယ်တွင် နောက်ထပ်ကလေးတစ်ဦးက ညှပ်၍ လိုက်ပါနေသည်ကို ဗီဒီယိုဖိုင်ထဲ တွေ့ရသည်။ နောက်ထပ် ကလေးနှစ်ဦးက ဆိုင်ကယ်မောင်းနေသော အမျိုးသား၏ အရှေ့တွင် ထိုင်လျက်လိုက်ပါနေသည်ကို တွေ့ရသည်။ ယင်းပုံစံဖြင့် မြန်မာမိသားစု […]

ရုရှားဝန်ကြီး ရာထူးမှထုတ်ပယ်ခံရပြီး နာရီပိုင်းအကြာတွင် သေဆုံးလျက်တွေ့

Dawei Watch

July 8, 2025

ရုရှားပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ရာထူးမှထုတ်ပယ်ခံရပြီးနောက် နာရီပိုင်းအကြာတွင် သေဆုံးလျက်တွေ့သည်။ ရုရှားသမ္မတဗလာဒီမာပူတင်က ၎င်းအား ရာထူးမှ ထုတ်ပယ်ကြောင်း လက်မှတ်ထိုးအမိန့်ထုတ်ပြန်လိုက်ပြီးနောက် နာရီပိုင်းအကြာတွင် ရုရှားပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ရိုမန်စတာရိုဗွိုက် သေဆုံးသည့်သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ ရိုမန်စတာရိုဗွိုက်ကို မော်စကိုမြို့ဆင်ခြေဖုံးတစ်နေရာရှိ ၎င်း၏ ကားထဲတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိကြောင်း ဇူလိုင်လ ၇ ရက်က တွေ့ခဲ့ရသည်။ ၎င်းသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ပုံပေါ်သည်ဟု ရုရှားအစိုးရ စုံစမ်းစစ်ဆေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ၎င်းအား ရာထူးမှ ထုတ်ပယ်ရသည့် အကြောင်းရင်းကို ပူတင်၏ အမိန့်ကြေညာစာတွင် ဖော်ပြထားခြင်း မရှိပေ။ စတာရိုဗွိုက်သည် သောကြာနေ့ ညနေကတည်းက သေဆုံးနေခြင်းဖြစ်နိုင်ကြောင်း ရုရှားမီဒီယာများက ဖော်ပြသည်။ ၎င်းသေဆုံးသည့်အချိန်နှင့် ရာထူးမှ ထုတ်ပယ်ခံရသည့်အချိန်ကို ရုရှားအစိုးရစုံစမ်းစစ်ဆေးရေးကော်မတီက အတည်ပြုပေးခြင်း မရှိပေ။ ၎င်းသေဆုံးနေသည်မှာ အချိန်အတော်ကြာနေပြီဟု ရုရှားလွှတ်တော်အမတ် Andrei Kartapolov က သတင်းထောက်များကို […]