ထိုင်း-မြန်မာနယ်စပ် မောတောင်လမ်းက အမှတ် ၉ ရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲ
Dawei Watch
July 10, 2025ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်း တနင်္သာရီမြို့နယ် မောတောင်လမ်းရှိ အမှတ်၉ ရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၁၀ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ဂျက်တိုက်လေယာဉ်ဖြင့် အမှတ်၉ ရွာကို ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တိုက်ပွဲဖြစ်တာ မရှိဘူး။ လာကြဲတာက နှစ်လုံးလာကြဲတယ်။တပ်ဖွဲ့ဝင် အချို့တော့ အစစင်ပြီး ဒဏ်ရာအနည်းငယ် ရသွားတယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ အမှတ်၉ ရွာ အနီးတဝိုက်ကို ဗုံးလာကြဲခြင်းဖြစ်ပြီး ဗုံးကြဲပြီးနောက် အဆိုပါ တိုက်လေယာဉ်က အကြိမ်ပေါင်းများစွာ ပျံဝဲနေကြောင်း ၎င်းက ပြောသည်။ “လူနေအိမ်တစ်ဆောင် ပျက်စီးသွားတယ်။အဲအိမ်ထဲမှာ လူမရှိတော့ ထိခိုက်မှုမရှိဘူး။ဗုံးကျတဲ့ဝန်းကျင်က လူတစ်ယောက်တော့ ဒဏ်ရာရသွားတယ်”ဟု ဒေသခံတစ်ဦးက […]


