ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် ကျောင်းဆရာနှင့် တည်းခိုခန်းမန်နေဂျာ သတ်ဖြတ်ခံရမှုဖြစ်ရပ်နှစ်ခုတွင် ကျူးလွန်သူ တူညီဟုဆို

Dawei Watch

July 12, 2025

မြိတ်မြို့တွင် လုယက်သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသည့် ပုဂ္ဂလိက ကျောင်းဆရာနှင့် တည်းခိုးခန်း မန်နေဂျာ ဖြစ်ရပ်နှစ်ခုစလုံးကို ကျူးလွန်ခဲ့သည်ဟု ယူဆရသည့် လူငယ်နှစ်ဦးကို ဖမ်းမိထားကြောင်း မြို့ခံများထံမှ သိရသည်။ ဇူလိုင်လ ၇ရက်က ဆိုင်ကယ်နှင့် ဖုန်းကို လုယက်ပြီး ဓားဖြင့်ထိုးသဖြင့် ပုဂ္ဂလိက ကျောင်းဆရာဖြစ်သည့် ကိုသီဟဝင်း သေဆုံးခဲ့ပြီး ဆိုင်ကယ်ကို ပြန်လည်ရောင်းချရာမှ သံသယရှိသည့် အသက် ၁၉နှစ်အရွယ် မြိတ်မြို့ခံ လူငယ်အမျိုးသား နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း မြို့ခံများက ပြောသည်။ အဆိုပါ လူငယ်နှစ်ဦး၏ ရဲစခန်းတွင် ဝန်ခံထွက်ဆိုချက်အရ ဇွန်လ ၂၇ ရက်ညက မြိတ်မြို့ ၊ လှသီရိ ၂ တည်းခိုခန်းတွင် မန်နေဂျာဖြစ်သူ ကိုမြတ်ထွေးကိုလည်း လုယက်သတ်ဖြတ်ခဲ့သူများဖြစ်သည်ဟု ပေါ်ပေါက်ကြောင်း ကိုမြတ်ထွေး၏ ဆွေမျိုးနီးစပ်သူတစ်ဦးက ဆိုသည်။ […]

လက်နက်ကြီးပစ်ခတ်နေသောကြောင့် ကလိန်အောင်က ဥယျာဉ်ခြံသမားများ ခြံထဲမသွားရဲ

Dawei Watch

July 12, 2025

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး၊ ရေး-ထားဝယ် ကားလမ်းနံဘေးရှိသည့် ကျေးရွာအချို့က ဥယျာဉ်ခြံ လုပ်ကိုင်သူများ စစ်ကောင်စီက လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေသောကြောင့် ဥယျာဉ်ခြံထဲသို့ မသွားလာရဲကြကြောင်း ခြံရှင်များက ပြောသည်။ စစ်ကောင်စီတပ်သည် မရမ်းချောင်း ၊ မိုင် ၆၀ ၊ ရာဖူး နှင့် ကော့လှိုင် ရွာများဘက်သို့ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေကြောင်း ၎င်းတို့က ဆိုသည်။ “လက်နက်ကြီးက အမြဲပစ်နေတော့ အလုပ်သမားတွေ မနေရဲဘူးလေ။ အကုန်ပြန်ကုန်ကြတယ်။ ခြံရှင်တွေ တစ်ဦးစ နှစ်ဦးစ လုပ်နေတာလောက်ပဲရှိတယ်။ အခုအချိန် မိုးရာသီကတော့ ခြံရှင်း၊ မြက်ခုတ် မြေသြဇာထည့် လုပ်တဲ့အချိန်ပေါ့။ အလုပ်သမားလည်း ခေါ်ရခက်တယ်။ သွားလုပ်ရဲတဲ့သူ နည်းတော့ ရှိတဲ့သူကိုပဲ စောင့်နေရတယ်” ဟု မရမ်းချောင်းရွာက ရော်ဘာခြံရှင်တစ်ဦးက ပြောသည်။ […]

တိုင်းစစ်ကောင်စီ ရုံးစိုက်သည့် ထားဝယ်မြို့ပေါ်တွင် ဖောက်ထွင်းမှု ခိုးမှု ဆက်တိုက်ဖြစ်

Dawei Watch

July 12, 2025

တနင်္သာရီတိုင်း စစ်ကောင်စီရုံးစိုက်သည့် ထားဝယ်မြို့ပေါ်တွင် ဖောက်ထွင်းမှု၊ ခိုးမှုများဆက်တိုက်ဖြစ်ပွားနေကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။ ဇူလိုင်လ ပထမပတ်အတွင်း ထားဝယ်မြို့၊ မြို့သစ်ရပ်ကွက်နှင့် ကမ်းနားဈေးတို့တွင် ဆိုင်ကယ်ခိုးမှုနှင့် နေအိမ်ခြံဝင်းဖောက်ထွင်းမှုများ ဖြစ်ပွားကြောင့် မြို့ခံများက ပြောသည်။ မြိုသစ်ရပ်ကွက်၊ ၆ လမ်း၊ ၁၂ လမ်းသွယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်‌ညက နေအိမ်ခြံဝင်းတစ်ခု ဖောက်ထွင်း ခံရကြောင်း ဖောက်ထွင်းခံရသည့် နေအိမ်ပိုင်ရှင်အမျိုးသမီးက ဆိုသည်။ အိမ်သားများ အိမ်မောကျချိန် ည ၁ နာရီခန့်တွင် အိမ်ရှေ့ဘက်က အသံကြား၍ အိမ်ရှင်အမျိုးသမီး ထကြည့်ရာတွင် အမျိုးသားသုံးဦးသည် ခြံဝင်းသံတံခါးအား ဖျက်ဆီးနေသဖြင့် အော်ဟစ်ကာ ပတ်ဝန်းကျင်ကို အကူအညီတောင်းရာ အဆိုပါ အမျိုးသားသုံးဦး ထွက်ပြေးသွားကြောင်း ၎င်းက ပြောဆိုသည်။ “ခြံတံခါးလည်း လုံလုံခြုံခြုံပဲဆိုတော့ ခြံထဲမှာပဲ […]

လုံလောက်သော ဆေးကုသခွင့် မရသဖြင့် မြန်မာတစ်ဦးသေဆုံးမှု မြန်မာတစ်ရာခန့် စက်ရုံတွင်ဆန္ဒပြ

Dawei Watch

July 12, 2025

ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင်ရှိ စက်ရုံတွင် လုံလောက်သော ဆေးကုသခွင့် မရသဖြင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ မြန်မာအလုပ်သမား တစ်ရာခန့်က စက်ရုံတွင် ဆန္ဒပြကြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ WAG နှင့် ထိုင်းသတင်းဌာနများထံမှ သိရသည်။ ကဘင်ဘူရီဒေသတွင် တစ်ခါသုံးခွက်၊ ထမင်းဘူးများ ထုတ်သောစက်ရုံရှိ မြန်မာအလုပ်သမား ကိုနန်းကိုဦးသည် ဇူလိုင်လ ၁၀ ရက်ညက လုပ်ငန်းခွင်ထဲရှိ စက်မတော်တဆမှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ ယင်းနေ့က စက်ရုံထဲရှိ ပုံစံတူခွက်များထုတ်လုပ်သော စက်ချို့ယွင်းနေသဖြင့် ကိုနန်းကိုဦးက သွားရောက် စစ်ဆေးခဲ့ကြောင်း WAG အဖွဲ့ထံမှ သိရသည်။ စက်ပိတ်ထားသည်ဟု မှတ်ယူပြီး စစ်ကို စစ်ဆေးနေချိန် စက်အလိုအလျောက် အလုပ်လုပ်လာသဖြင့် ကိုနန်းကိုဦးကို ဖိမိကာ ဒဏ်ရာအပြင်းအထန် ရရှိကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ လုပ်ငန်းခွင်ထဲ အပြင်းအထန်ဒဏ်ရာရရှိခဲ့သော်လည်း […]

ကလိန်အောင်နှင့် ကံပေါက်တွင် စစ်ကောင်စီက ဆန်သယ်ယူခွင့် ကန့်သတ်

Dawei Watch

July 12, 2025

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ နှင့် ကံပေါက်တိုက်နယ်ကို စစ်ကောင်စီက ဇွန်လ နောက်ဆုံးအပတ်ကစပြီး ဆန်သယ်ယူခွင့် ကန့်သတ်လိုက်ကြောင်း ဆန်ရောင်သူများနှင့် ဒေသခံများထံမှသိရသည်။ ဇွန်လနောက်ဆုံးအပတ်တွင် တနင်္သာရီတိုင်းအဝင် မလွှဲတောင် စစ်ဆေးရေးဂိတ်၌ ကံပေါက်ဒေသခံ ကားသမားများ မောင်းလာသည့် ဆန်ကားသုံးစီး ဖမ်းဆီးစစ်ဆေးခံရကာ ရက်သတ္တပတ် အကြာ ဇူလိုင်လဆန်းတွင် ပြန်လွတ်လာပြီးနောက် ဆန်သယ်ယူခွင့်ကို ကန့်သတ်လိုက်ကြောင်း ဒေသခံများကဆိုသည်။ “ကားသုံးစီ ဖမ်းထားတဲ့ အပတ်တုန်းက ဘယ်သူမှ ဆန်မပေးသယ်ဘူး။ လုံးဝပိတ်ထားတယ်။ ကားသုံးစီးပြန်လွတ်လာပြီးမှ ဆန်ဆိုင်တွေက အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းမှာ ဆန်အမှန်တကယ်ရောင်းနေကြောင်း ဆိုင်ဓာတ်ပုံနဲ့ ထောက်ခံစာသွားလုပ်ရတယ်။ အဲဒီထောက်ခံစာနဲ့မှ သယ်လို့ရတယ်။ အဲဒါတောင်အများကြီးသယ်မရဘူး။ တစ်ခါသယ်ရင် အိတ်နှစ်ဆယ်ဝန်းကျင် လောက်ပဲရတယ်” ဟု ကံပေါက်ဒေသခံ ကုန်တင်ယာဥ်မောင်းတစ်ဦးကပြောသည်။ အလားတူ ကလိန်အောင်မြို့တွင်လည်း ဆန်ရောင်းသူများကို စစ်ကောင်စီက ဇွန်လနောက်ဆုံးအပတ်တွင် အစည်းအဝေးခေါ်၍ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

July 11, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင် ၅ မှ ၁၁ ရက်အထိ အိန္ဒိယမှာ အလုပ်သမားများနဲ့ လယ်လုပ်သားတွေ ဆန္ဒပြ အိန္ဒိယနိုင်ငံမှာ အလုပ်သမား၊ စီးပွားရေးမူဝါဒတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အလုပ်သမားသမဂ္ဂ ၁၀ ဖွဲ့နဲ့ လယ်သမားတွေက ဇူလိုင် ၉ ရက်က ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ အများပိုင်နေရာတွေကို ပုဂ္ဂလိကပိုင်ပြုလုပ်တာ၊ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်လာတာနဲ့ အလုပ်သမား အခွင့်အရေးတွေ နည်းပါးလာတာတို့ကို ရှုတ်ချတဲ့အနေနဲ့ ဆန္ဒပြသူတွေက ကြွေးကြော်ခဲ့ကြတာပါ။ ဆန္ဒပြပွဲတွေမှာ အလုပ်သမား ထောင်ပေါင်းများစွာ ပါလာလို့ ဘဏ်လုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေး၊ စာတိုက်နဲ့ အခြားအများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ ပြတ်တောက်သွားပါတယ်။ နောက်ထပ် လယ်သမားတွေလည်း သပိတ်မှောက်မှုမှာ ပါလာခဲ့ကြလို့ ဆန္ဒပြမှုတွေက ဆက်လက် မြင့်တက်လာခဲ့ပါတယ်။ […]

ရွေးကောက်ပွဲက မြန်မာ့အရေးအတွက် ဦးစားပေးမဟုတ်ဟု အာဆီယံ သဘောတူ

Dawei Watch

July 11, 2025

မြန်မာ့အရေး၌ ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဟု အာဆီယံအဖွဲ့က သဘောတူကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြောဆိုလိုက်သည်။ မြန်မာစစ်ကောင်စီအနေဖြင့် ၎င်းတို့ကိုယ်တိုင် သဘောတူလက်ခံထားသည့် ငြိမ်းချမ်းရေးဆိုင်ရာ ကတိကဝတ်များကိုလိုက်နာရန် အာဆီယံအဖွဲ့က တိုက်တွန်းကြောင်းလည်း ၎င်းက ပြောသည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းစစ် ပိုမိုပြင်းထန်လာနေသည့် မြန်မာနိုင်ငံတွင် စစ်ကောင်စီက ယခုနှစ် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲသည် အားကောင်းသော နိုင်ငံရေးအတိုက်အခံများမပါဝင်ဘဲ စစ်ကောင်စီ၏ လက်ဝေခံကိုယ်စားလှယ်များဖြင့် စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်ရန် ကြိုးပမ်းမှုသာ ဖြစ်ကြောင်း ဝေဖန်သူများက အပြစ်တင်ပြောဆိုလျက်ရှိသည်။ ယခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ မြန်မာစစ်ကောင်စီအနေဖြင့် ၎င်းတို့ကိုယ်တိုင် […]

မုဒုံမြို့က ရွှေဆိုင်တစ်ဆိုင် လုယက်ခံရ၊ ဆိုင်ပိုင်ရှင်အမျိုးသားသေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

July 11, 2025

မွန်ပြည်နယ်၊ မုဒုံမြို့၊ ရွှေဟင်္သာဈေးရှိ ရွှေရတနာဦးရွှေဆိုင်တွင် ယနေ့ ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းက ရွှေလုယက်မှု ဖြစ်ပွားပြီး ဆိုင်ပိုင်ရှင်အမျိုးသားကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း စျေးသူစျေးသားများ၏ ပြောပြချက်အရ သိရသည်။ ယနေ့ နံနက် ၁၁ နာရီခွဲခန့်က မြို့မ ၄ ရက်ကွက်၊ ရွှေဟင်္သာဈေးရှိ ရွှေရတနာဦးရွှေဆိုင်တွင် ဆိုင်ကယ်ဦးထုပ် ဆောင်းထား သည့် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ဆိုင်ရှင်၏ သမီးဖြစ်သူကို ပစ္စတိုသေနတ်ပြ ခြိမ်းခြောက်ကာ ရွှေထည် ပစ္စည်းများကို လုယူရန် ကြိုးစားကြောင်း ၎င်းတို့က ပြောသည်။ ယင်းနောက် သေနတ်သမားကို ဖခင်ဖြစ်သူ ဆိုင်ပိုင်ရှင်က ဝင်လုံးရာမှ သေနတ်သမားက သေနတ်ဖြင့် သုံးချက် ပစ်ခတ်ကြောင်း မုဒုံမြို့မစျေးမှ စျေးသည် အမျိုးသမီးတစ်ဦးက ဆိုသည်။ “ဆိုင်ထဲ […]