ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတွင် ဇူလိုင် ပထမပတ်အတွင်း စစ်ကောင်စီတပ်သားရှစ်ဦး ဘက်ပြောင်းခိုလှုံ

Dawei Watch

July 11, 2025

တနင်္သာရီမြို့နယ်တွင် ဇူလိုင်လ ပထမပတ်ကျော်အတွင်း ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်သား ရှစ်ဦး ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဇူလိုင်လ ၁ရက်မှ ၈ရက်အထိ ဘက်ပြောင်းခိုလှုံလာသူ ရှစ်ဦးရှိပြီး လက်နက်နှင့်အတူ ခိုလှုံလာသူ လေးဦး ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။ “အလင်းဝင်လာသူတွေက စစ်သားစုဆောင်းခံရသူတွေများတယ်။ တနင်္သာရီတိုင်းသားတွေ အများစုပါတယ်။ လက်နက် ပါရင်တော့ ချီးမြှင့်ငွေ သိန်း ၅၀ စီ ရကြတယ်” ဟု တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ ဘက်ပြောင်းလာသူအများစုသည် ပုလောမြို့နယ်၊ ပလောက်မြို့ရှိ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တိုင်းဗဟို-၁၂) ၌ သင်တန်းအပတ်စဉ်-၈တွင် သင်တန်းတက်ရောက်ခဲ့သူများဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ဘက်ပြောင်းခိုလှုံလာသူများသည် စစ်ကောင်စီတပ် အမှတ် ၄၃၁၊ ၁၀၃၊ ၂၆၇ […]

ဘီးလင်း၊ မင်းစောရွာကို စစ်ကောင်စီ လေယာဉ်ဖြင့်ဗုံးထပ်ကြဲ

Dawei Watch

July 11, 2025

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးထပ်ကြဲကြောင်း ဒေသခံများနှင့် ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်တို့ထံမှ သိရသည်။ ဇူလိုင် ၁၀ ရက် နံနက် ၁၁ နာရီဝန်းကျင်က မင်းစောကျေးရွာထဲကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းစောကျေးရွာတွင် အသစ်ဆောက်လုပ်ထားသည့် စာသင်ကျောင်း အဆောက်အအုံ နှစ်လုံးနှင့် အရပ်သားပြည်သူ နေအိမ် နှစ်လုံး ထိခိုက်ပျက်စီးကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဗုံးက စာသင်ကျောင်းပေါ်မှာ ကျသွားတော့ ကျောင်းဆောင် နှစ်ဆောင်ထိသွားတယ်။ အိမ်လည်း ထိသွားတာရှိတယ်။ လူတော့ ထိတာမရှိဘူးလို့ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။ စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်နေသောကြောင့် ဒေသခံပြည်သူများ […]

ထားဝယ်အထူးစီးပွားရေးဇုန်ရှိ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

Dawei Watch

July 11, 2025

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါစစ်ကြောင်းသည် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ မူးဒူးရွာသို့ ဇူလိုင်လ ၁၀ ရက်နေ့ အာရုဏ်တက်ချိန်တွင် ရောက်ရှိလာပြီးနောက် ဒေသခံများ၏နေအိမ်များတွင် တပ်စွဲ နေထိုင်နေကြောင်း၊ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့မှ ဒရုန်းဗုံးဖြင့် လာရောက်ဗုံးချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ “ဒရုန်းဗုံးချတာက တစ်လုံးပဲ နှစ်ဖက်ပစ်တာခတ်တာမရှိဘူး”ဟု ဒေသခံတစ်ဦးကဆိုသည်။ ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခံရခြင်းကြောင့် အဆိုပါစစ်ကြောင်း၌ တပ်သားတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Dawei Watch မှစုံစမ်းသိရှိရသည်။ ဒရုန်းဗုံးချခံရပြီးနောက် အဆိုပါစစ်ကောင်စီတပ်သည် ည ၈ နာရီဝန်းကျင်ခန့်တွင် မူးဒူးဒေသခံ အမျိုးသားလေးဦးကိုဖမ်းဆီးကာ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းရှိ ယာယီစခန်းသို့ ထွက်ခွာသွားကြကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ညက […]

ဘုတ်ပြင်းတွင် သွေးလွန်တုပ်ကွေးအဖြစ်များနေပြီး သွေးရှာရခက်နေ

Dawei Watch

July 11, 2025

ဘုတ်ပြင်းမြို့ ရှိ ဆေးရုံနှစ်ရုံတွင် သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ကုသနေရသူများနေပြီး သွေးရှာရ ခက်ခဲနေကြောင်း ဆေးရုံနှင့် နီးစပ်သူတချို့နှင့် သွေးကူညီရှာဖွေနေသူများထံမှ သိရသည်။ ဘုတ်ပြင်းမြို့တွင် စစ်တပ်ဆေးရုံနှင့် ပြည်သူ့ဆေးရုံတို့ရှိပြီး အဆိုပါဆေးရုံများတွင် သွေးလွန်တုပ်ကွေးလူနာ ၁၀၀ ဝန်းကျင်ရှိနေကြောင်း ဆေးရုံနှင့် နီးစပ်သူအချို့က ဆိုသည်။ အထက်ပါဆေးရုံများတွင် ဇွန်လနောက်ဆုံးအပတ်ကစပြီး သွေးလွန်တုပ်ကွေးဖြင့် ဆေးရုံတက်ကုသရသည့် လူနာများလာကြောင်း ၎င်းတို့က ဆိုသည်။ “လူနာတွေက အသက်ကြီးပိုင်းတွေ များတယ်။ သွေးလာလှူတဲ့လူတွေလည်း ရှိတော့ရှိတယ်။ ဒါပေမဲ့လိုအပ်တာက ပိုများနေတယ်။မလုံလောက်ဘူးဗျာ”ဟု သွေးလှူမည့်သူများကို ကူညီရှာဖွေပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။ ဘုတ်ပြင်းဆေးရုံတွင်လည်း သွေးလိုအပ်ချက်မြင့်နေပြီး တစ်ရက်လျှင် ပျမ်းမျှ သွေးအလှူရှင် ၅ ဦးမှ ၁၀ ဦးအထိ လိုအပ်နေကြောင်း ဘုတ်ပြင်းပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း တစ်ဦးက ဆိုသည်။ “သွေးကတော့ […]

ရေးတွင် လူမှုကူညီရေးအသင်းဝင် ၂ ဦး ဓားဖြင့်ခုတ်ခံရ

Dawei Watch

July 11, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် ရွှေဟင်္သာပရဟိတ လူမှုကူညီရေးအသင်းမှ အသင်းဝင် ၂ ဦး ဓားခုတ်ခံရကြောင်း သိရသည်။ ရွှေဟင်္သာပရဟိတ လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူးနှင့် အသင်းသားတစ်ဦးတို့ ဇူလိုင်လ ၉ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က ဆိုင်ကယ်ဖြင့် လမိုင်းမြို့မှ မော့ကနင်သို့ ပြန်လာချိန် ဆိုင်ကယ်နှစ်စီးဖြင့် လူငယ် ၄ ဦးတို့က လမ်းတွင် ဓားဖြင့် ခုတ်ခဲ့ခြင်းဖြစ်သည်။ “အတွင်းရေးမှူးနဲ့ အသင်းသားတစ်ဦးက ဆိုင်ကယ်နဲ့ လမိုင်းမြို့ကနေ ပြန်လာတာ ‌မျက်နှာအုပ်ထားတဲ့ လူငယ် ၄ ဦး ဆိုင်ကယ်နှစ်စီးနဲ့ အနောက်ကနေ လိုက်လာပြီး ဓားနဲ့ ခုတ်သွားတယ်” ဟု ရွှေဟင်္သာပရဟိတ လူမှုကူညီရေးအသင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ယင်းလူငယ် ၄ ဦးသည် လမိုင်းမြို့မှ ဖြစ်ကြပြီး […]

မြောက်ကိုရီးယားမှ ထွက်ပြေးလာသည့် အမျိုးသမီးက ကင်ဂျုံအန်ကို တရားစွဲ

Dawei Watch

July 11, 2025

မြောက်ကိုရီးယားမှ ထွက်ပြေးလွတ်မြောက်လာပြီး တောင်ကိုရီးယားတွင် လက်ရှိနေထိုင်လျက်ရှိသည့် အမျိုးသမီးတစ်ဦးက မြောက်ကိုရီးယားအာဏာရှင်ခေါင်းဆောင် ကင်ဂျုံအန်အား ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် တရားစွဲဆိုလိုက်သည်။ မြောက်ကိုရီးယားအကျဉ်းထောင်အတွင်း၌ သူမ ကြုံတွေ့ခဲ့ရသည့် ညှင်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် ယင်းသို့ စွဲချက်တင် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။ တရားစွဲဆိုသည့် အသက် ၅၃ နှစ်အရွယ်အမျိုးသမီး Choi Min-kyung က မြောက်ကိုရီးယားအစိုးရထံမှ လျော်ကြေးငွေ ဝမ်သန်း ၅၀ ရရန် တောင်းဆိုထားသည်။ ကင်ဂျုံအန်နှင့် အခြားအရာရှိ ၅ ဦးကိုလည်း လူသားထုကို ဆန့်ကျင်သည့် ရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေးပေးရန် သူမက တောင်းဆိုထားသည်။ Choi Min-kyung ၏ တရားစွဲဆိုမှုသည် မြောက်ကိုရီးယားတွင် မွေးဖွားပြီး ယင်းမှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက မြောက်ကိုရီးယားအစိုးရကို ပထမဆုံးအကြိမ် […]

တနင်္သာရီ ရမ်းဖိုရွာတွင် စစ်‌ကောင်စီခြေလျင်စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

Dawei Watch

July 11, 2025

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းမှ ခြေလျင်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ရမ်းဖိုရွာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်နှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဇူလိုင်လ ၉ ရက် ညနေ ၄ နာရီခန့်တွင် ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၅၆ ခြေမြန်တပ်‌ရင်းမှ ထွက်လာသည့် အင်အား ၃၀ ဝန်းကျင်ပါစစ်ကြောင်းကို ရမ်းဖိုရွာအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အသက် ၃၀ အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ဘုန်းကြီးကျောင်းနား လမ်းကင်းလာယူတယ်။ မိုင်းဆွဲခံရပြီး လူနေအိမ်ထဲ ဝင်ပြေးသွားကြတယ်။ လက်နက်ကြီး တွေလည်း ၆ချက်လောက်ပစ်တယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ ရမ်းဖိုကျေးရွာသည် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်တွင်တည်ရှိပြီး တနင်္သာရီမြို့နှင့် မနီးမဝေးတွင် ရှိသည်။ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားများက စစ်ဘေးရှောင်ထွက်ပြေးနေကြသဖြင့် လူမရှိသော နေအိမ်များအတွင်း […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ

Dawei Watch

July 10, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၀ ဦးနှင့် မြန်မာကားသမားတစ်ဦး ဖမ်းဆီးခံရကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဌာန (CIB) က ထုတ်ပြန်သည်။ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့က ကန်ချနဘူရီခရိုင် စိုင်ယွတ်-ကန်ချနဘူရီ အမှတ် ၃၂၃ အဝေးပြေးလမ်းမပေါ်တွင် မသင်္ကာစရာ ပစ်ကပ်ကားတစ်စီးကို တွေ့ရှိခဲ့သဖြင့် CIB ရဲတပ်ဖွဲ့က ရပ်ရန်အချက်ပြခဲ့သော်လည်း ကားကမရပ်ပေးဘဲ မောင်းပြေးခဲ့သည်။ ရဲတပ်ဖွဲ့က နောက်ကလိုက်လံဖမ်းဆီးရာ ကန်ချနဘူရီမြို့ထဲရှိ လမ်းအဆုံးတစ်နေရာတွင် ကားနှင့်အတူ မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ကားကို ကိုနိုင်ဦးဆိုသူက မောင်းလာခြင်းဖြစ်ပြီး ကားပေါ်တွင် မြန်မာနိုင်ငံသား ၁၀ ဦး လိုက်ပါလာဟုဆိုသည်။ ကိုနိုင်ဦးနှင့် ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန်ချက်တွင် အသေးစိတ် မဖော်ပြထားသဖြင့် မသိရသေးပေ။ မြန်မာနိုင်ငံသားများတွင် နိုင်ငံကူးလက်မှတ် သို့မဟုတ် […]