ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတိုင်းရှိ မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပရန်စီစဉ်နေဟု တိုင်းရွေး/ကော်ဆို

Dawei Watch

August 6, 2025

တနင်္သာရီတိုင်းရှိ မြို့နယ်ဆယ်မြို့နယ်စလုံးတွင် ရွေးကောက်ပွဲကျင်းပသွားမည်ဟု စစ်ကော်မရှင် လက်အောက်ရှိ တိုင်းရွေးကောက်ပွဲ ကော်မရှင်ထံမှသိရသည် ။ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်ကျင်းပသွားရန် လျာထားကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်များကို ကိုးကား၍ တိုင်းရွေး/ကော်ကဆိုသည်။ “မြို့နယ်ဆယ်ခုစလုံး ကျင်းပသွားဖို့ရှိပါတယ်။ နေရာအနှံ့ကျင်းပသွားနိုင်ဖို့ ရှိမရှိကတော့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ တိုင်ပင်ဆောင်ရွက်နေဆဲ အခြေအနေပဲ ရှိပါသေးတယ်” ဟု တိုင်းရွေး/ကော် တာဝန်ရှိသူကပြောဆိုသည်။ တနင်္သာရီတိုင်းတွင် တော်လှန်ရေးတပ်များက နယ်မြေစိုးမိုးမှု ရယူထားသော ဒေသအများအပြား ရှိနေပြီး ယင်ဒေသများတွင်ပါ ရွေးကောက်ပွဲကျင်းပနိုင်ရန် စစ်ကော်မရှင်က လုပ်ဆောင်နေကြောင်း သတင်းများလည်းထွက်နေသည်။ လက်ရှိတွင် ပါတီတည်ထောင်ခွင့် မှတ်ပုံတင်ခြင်းသာ ဆောင်ရွက်ရသေးပြီး ရွေးကောက်ပွဲဝင်မည့် ဒေသအလိုက် ပါတီစာရင်းနှင့် ကိုယ်စားလှယ်လောင်းစာရင်း မှတ်ပုံတင် တင်သွင်းရမည့် ကာလကို မသတ်မှတ်ရသေးသဖြင့် […]

တနင်္သာရီ၊ ညောင်ပင်ကွင်းတွင် စစ်ကျန်လက်နက်ကြီးကျည် ပေါက်ကွဲ၍ အရပ်သားတစ်ဦးသေဆုံး

Dawei Watch

August 6, 2025

တနင်္သာရီမြို့နယ်၊ ‌ညောင်ပင်ကွင်းရွာရှိ ရော်ဘာတောအတွင်း မြက်ခုတ်စက်ဖြင့် မြက်ရှင်းစဥ် မပေါက်သေးသည့် စစ်ကျန်လက်နက်ကြီးကျည်ကို ထိမိရာက ပေါက်ကွဲပြီး အရပ်သားတစ်ဦး သေဆုံးသွားကြောင်း ‌ဒေသခံများ ထံမှသိရသည်။ ဩဂုတ်လ ၆ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ညောင်ပင်ကွင်းရွာ စာသင်ကျောင်းအနောက်ဘက်ရှိ စစ်အာဏာရှင်တပ် (ကကကြည်း) ပိုင်ဆိုင်သည့် ရော်ဘာခြံတွင် စက်ဖြင့်မြက်ရှင်းချိန် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ကို မြက်ခုတ်စက်ကဓားဖြင့်ခုတ်မိ၍ ပေါက်ကွဲသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ လက်နက်ကြီးကျည်ပေါက်ကွဲသဖြင့် ဘန်လောရွာနေ အသက် ၂၃ နှစ်အရွယ် မြက်ခုတ်နေသည့် ကိုအာကာဖြိုး သေဆုံးသွားကြောင်း ၎င်းက ပြောသည်။ “စက်ခုတ်တာ ‌မပေါက်တဲ့ကျည်ခုတ်မိလို့ ဆုံးသွားတယ်။ အိမ်တောင်မရောက်ဘူး။ လမ်းမှာပဲဆုံးသွားတယ်။ ကျည်က ၄၀မမလား၊ ၆၀မမလားတော့ မသိဘူး”ဟု အထက်ပါ‌ဒေသခံက ဆိုသည်။ မြက်ခုတ်စက်တွင်တပ်ဆင်ထားသည့် ဓါးမှာနှစ်ပိုင်းကျိုးသွားပြီး […]

CI စာအုပ် သက်တမ်းတိုးစခန်းများ စဖွင့်

Dawei Watch

August 6, 2025

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ထုတ်ပေးထားသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) သက်တမ်းတိုးစခန်းများကို ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ CI စာအုပ် သက်တမ်းတိုးစခန်းများကို ဩဂုတ်လ ၆ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ အချိန်သုံးလ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။ လက်ရှိတွင် CI စာအုပ်သက်တိုးစခန်းများကို စမွတ်စခွန် မဟာချိုင်၊ စမွတ်ပရကန် ဖပဲဒင်၊ ချင်းမိုင် မဲရင်းနှင့် စူရတ်ဌာနီ ဖုဖိန်းဒေသစသော စခန်းလေးခုတွင် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။ CI စာအုပ် သက်တမ်းတိုးလိုသော မြန်မာအလုပ်သမားများသည် 7-Eleven စတိုးဆိုင်များတွင် ဘတ် ၂၆၇၀ ကို ကနဦးပေးသွင်း၍ ကြိုတင်ရက်ချိန်း ရယူကာ သက်ဆိုင်ရာ CI စခန်းများတွင် […]

တနင်္သာရီ၊ လယ်တောင်ယာရွာတွင် လက်နက်ကြီးစမှန်ပြီး ပုခက်အတွင်းအိပ်နေသည့် ကလေးသေဆုံး

Dawei Watch

August 6, 2025

တနင်္သာရီမြို့နယ် လယ်‌တောင်ယာရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်က လက်နက်ကြီး ပစ်ခတ်သဖြင့် ပုခက်အတွင်းအိပ်နေသည့် ကလေးတစ်ဦးသေဆုံးသွားကြောင်း ‌ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၅ ရက် ည ၁၀ နာရီခွဲခန့်တွင် တနင်္သာရီမြို့ရှိ စစ်အာဏာရှင်တပ်က လယ်တောင်ယာရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်သဖြင့် အသက်တစ်နှစ်ဝန်းကျင်အရွယ် ကလေးတစ်ဦးလက်နက်ကြီးအစထိမှန်ပြီး သေဆုံးသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “လက်နက်ကြီးက အိမ်နားလာကျပြီး ကလေးမှာ အစလာစင်တယ်။ ကလေးက ပုခက်ထဲမှာ အိပ်နေတယ်။ လည်ပင်းအောက်နားမှာ အစထိပြီး သေသွားတယ်”ဟု အထက်ပါ‌အမျိုးသမီးက ပြောသည်။ စစ်အာဏာရှင်တပ်က လယ်‌တောင်ယာရွာထဲကို အဆိုပါနေ့ညနေတွင် လက်နက်ကြီးနှစ်လုံး၊ ညဦးပိုင်းတွင် နှစ်လုံး၊ ညပိုင်းတွင် တစ်လုံးပစ်ခတ်ခဲ့ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။ ညပိုင်းတွင် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲရာက အစထိပြီး ပုခက်အတွင်းအိပ်ပျော်နေသည့် ကလေး ပွဲချင်းပြီးသေဆုံးသွားကြောင်း ၎င်းက […]

မြိတ်- ပုလောလမ်းပိတ်နေ၍ ကားခထက် ၈ ဆ စျေးပိုကြီးသည့် အမြန်ရေယာဉ်ဖြင့် သွားလာနေရ

Dawei Watch

August 6, 2025

မြိတ်-ပုလော လမ်းပိုင်းရှိ ပလမြို့ဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲရက်ရှည် ပြင်းထန်နေသဖြင့် ကားခထက် ၈ ဆဝန်းကျင်စျေးပိုပေးရသည့် အမြန်ရေယာဉ်များဖြင့် သွားလာနေရကြောင်း ခရီးသည်အချို့ ထံမှ သိရသည်။ တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အဆိုပါလမ်းပိုင်းသွားလာခွင့်ကို ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားသည်။ ဇူလိုင်လ ၂၄ ရက်နေ့မှစကာ စစ်ကောင်စီတပ်က ပလမြို့ဝန်းကျင်ကို ကြည်း၊ရေ၊လေ အသုံးပြုပြီး တိုက်ခိုက်နေသည့်အတွက် ခရီးသွားများနှင့် ဒေသခံအရပ်သား ထိခိုက်သေဆုံးမှုများပြားခဲ့သည်။ အဆိုပါ လမ်းပိုင်းဖြတ်သန်းသွားလာခွင့် ပိတ်ထားသည်မှာ ၁၀ ရက်ကျော်လာပြီးဖြစ်သဖြင့် မဖြစ်မနေသွားလာရမည့်ခရီးသွားများက ရေကြောင်းမှတစ်ဆင့် အမြန်ရေယာဉ်များဖြင့် သွားလာနေကြကြောင်း ခရီးသွားတစ်ဦးက ဆိုသည်။ ၅၄ မိုင်ဝန်းကျင်ဝေးကွာသည့် အဆိုပါခရီးကို ကုန်းလမ်းခရီးက ကားဖြင့်သွားပါက […]

တိုက်ပွဲဖြစ်ထားသည့် ကလိန်အောင်-မလွှဲတောင်လမ်းကို သတိပြုသွားလာကြရန် တော်လှန်ရေးအဖွဲ့များဆို

Dawei Watch

August 6, 2025

ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်း၊ ကလိန်အောင် – မလွှဲတောင် လမ်းပိုင်းတွင် စစ်ရေးတင်းမာနေဆဲ အခြေအနေရှိသဖြင့် ပြည်သူများ သတိပြုသွားလာကြရန်လိုကြောင်း မွန်၊ကရင်၊ထားဝယ် တော်လှန်အင်အားစုများကဆိုသည်။ ဇူလိုင်လ ၃၀ ရက်နှင့် သြဂုတ်လ ၄ ရက်တို့က ယင်းလမ်းပိုင်းရှိ ရေဖြူမြို့နယ်၊ ကော့လှိုင်ရွာတွင် တော်လှန်အင်အားစုများနှင့် စစ်အာဏာရှင်တပ်တို့ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့သည်။ သြဂုတ်လ ၄ ရက်တွင် နတ်အိမ်တောင်ဒေသဘက်သို့ ဦးတည်လာသည့် အင်အား ၆၀ ခန့်ပါ စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ကော့လှိုင်ရွာအနီးတွင် တော်လှန်အင်အားစုများနှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့ကာ စစ်အာဏာရှင်တပ်သား လေးဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိသည်ဟု ဓာတ်ပုံမှတ်တမ်းများဖြင့် သက်ဆိုင်ရာ တော်လှန်တပ်များ က သတင်းထုတ်ပြန်သည်။ ယင်းတိုက်ပွဲ သည် ၄၅ မိနစ်ခန့်ကြာမြင့်ပြီး တော်လှန်ရေးအင်အားစုဘက်ကလည်း နှစ်ဦးဒဏ်ရာရကာ အရပ်သားထိခိုက်မှုမရှိကြောင်း […]

ဘုတ်ပြင်းတွင် ကျောက်တင်ကားနှင့်ဆိုင်ကယ်တိုက်၍ ကျောင်းသားနှစ်ဦး သေဆုံး

Dawei Watch

August 6, 2025

ဘုတ်ပြင်း-ကော့သောင်းလမ်းပိုင်း၊ ကမာချောင်းနယ်မြေ၊ ၂ မိုင်ဓာတ်ဆီဆိုင်အနီးတွင် ကျောက်တင်ကားနှင့်ဆိုင်ကယ် တိုက်မိပြီး အထက်တန်းကျောင်းသားနှစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာအပြင်းအထန် ရသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဩဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ဘုတ်ပြင်းမြို့နယ်ရှိ ပြည်ထောင်စုလမ်းပေါ်တွင် အထက်တန်း ကျောင်းသား ၃ ဦး စီးနင်းလာသည့် ဆိုင်ကယ်နှင့် ကျောက်တင်ကားတို့ တိုက်မိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါ အထက်တန်းကျောင်းသားများမှာ ဘုတ်ပြင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် သင်ယူနေသည့် ကျောင်းသားများဖြစ်ကြပြီး တိုက်မိခဲ့သည့်ဖြစ်စဉ်ကို မသိရသေးပေ။ “အဲဒီဘုတ်ပြင်း – ကော့သောင်းလမ်းပိုင်းမှာ ခဏခဏ ယာဉ်တိုက်မှုဖြစ်တယ်။ လမ်းကလည်းရှင်းတော့ ဆိုင်ကယ်ရော ကားရော အသေမောင်းကြတာ။ အန္တရာယ်နဲ့လည်းကြုံလာရော အရှိန်ကလျှော့လို့မကျပြီ ။အဲမှာတိုက်ကြတာပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။ ယာဉ်တိုက်မှုကြောင့် အထက်တန်းကျောင်းသား ၃ […]

ပလမြို့အတွင်း ပိတ်မိနေသူများကို စစ်အာဏာရှင်တပ်က နေအိမ်များတွင်သာ အဓမ္မနေခိုင်း

Dawei Watch

August 6, 2025

ပုလောမြို့နယ် ပလမြို့တွင် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က မြို့တွင်းပိတ်မိ နေသူအချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း မြို့ခံအချို့နှင့် မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ပလမြို့တွင် ဇူလိုင် ၂၄ ရက်နေ့ကစ၍ တိုက်ပွဲဖြစ်ပွားနေပြီး မြို့အတွင်းပိတ်မိနေသည့် မြို့ခံ ၆၀ ခန့်ကို စစ်အာဏာရှင်တပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးထားကြောင်း အဖမ်းခံရသူများ၏ မိသားစုဝင်အချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ အဆိုပါမြို့ခံများကို သီးခြားဖမ်းဆီးထားခြင်းမဟုတ်ဘဲ နေထိုင်ရာနေအိမ်များမှ မသွားခိုင်းခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။ “မြို့ထဲကနေ တဖြည်းဖြည်းချင်းထွက်နေကြပေမယ့် တချို့သူတွေကို စစ်တပ်က ပေးမထွက်ဘဲ ဓားစာခံ လုပ်ထားတယ်။ မြို့ထဲမှာ ပြည်သူတွေကတော့ ၆၀ ဝန်းကျင်လောက်ရှိလောက်တယ်” ဟု ပလမြို့ခံတစ်ဦးက ပြောသည်။ အဆိုပါ ပြည်သူများမှာ အိမ်စောင့်အဖြစ် စောင့်ကျန်ခဲ့ရာက ပိတ်မိနေကြခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ ပလမြို့ပေါ်နေရာအချို့မှ […]