ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြန်မာအမျိုးသမီးကို မုဒိမ်းကျင့်ကာ ရုပ်သံရိုက်ခဲ့သော ထိုင်းနိုင်ငံသားကိုဖမ်းဆီး

Dawei Watch

August 7, 2025

မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ပြီး ရုပ်သံရိုက်ကူးခဲ့သော ထိုင်းနိုင်ငံသားကို ဖူးခက်မြို့တွင် ဩဂုတ်လ ၄ ရက်နေ့ညက ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယခုနှစ် မေလက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖူးခက်မြို့ စားသောက်ဆိုင်တစ်ခုတွင် ကျင်းပခဲ့သော မွေးနေ့ပွဲတစ်ခုသို့ ထိုင်းနိုင်ငံသား Yotsaphan Wichetwarinwet နှင့်အတူ ၎င်း၏ မြန်မာအမျိုးသမီးချစ်သူအပါအဝင် မြန်မာအမျိုးသမီးနှစ်ဦးတို့ အတူတက်ရောက်ခဲ့ကြကြောင်း သတင်းတွင်ဖော်ပြထားသည်။ မြန်မာအမျိုးသမီးနှစ်ဦးတို့သည် ရင်းနှီးသော သူငယ်ချင်းများဖြစ်ကြပြီး အသက် ၄၀ နှစ်အရွယ် ထိုင်းနိုင်ငံသား Yotsaphan Wichetwarinwet က ၎င်းချစ်သူ၏ သူငယ်ချင်းဖြစ်သူကို မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်သည်။ ကျူးလွန်ခံရ‌သော မြန်မာအမျိုးသမီးက စားသောက်ဆိုင်ထဲတွင် အရက် ၂ ခွက်ခန့် သောက်ခဲ့ပြီးနောက် သူမ သတိမရှိတော့ကြောင်း၊ အိပ်ယာမှနိုးလာသောအခါ ထိုင်းနိုင်ငံသား၏ အခန်းထဲတွင် ရောက်ရှိနေပြီး […]

မေတ္တာ-ထီးခီးလမ်းမှာ ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA တပ်ဖွဲ့က KNLA ကို ခြုံခိုတိုက်ခိုက်

Dawei Watch

August 7, 2025

ကော်သူးလေတပ်မှ ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA ဆာကဆောတပ်မက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ဖွဲ့ဝင်များကို မေတ္တာ-ထီးခီးလမ်းတွင် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU မြိတ်-ထားဝယ်ခရိုင်က ဩဂုတ်လ ၆ ရက်က သတင်းထုတ်ပြန်သည်။ ဩဂုတ်လ ၆ ရက် နံနက် ၁၀ နာရီတွင် မေတ္တာမြို့အနီးတဝိုက်မှာ လုံခြုံရေးယူရန် KNLA တပ်သားများက သွားလာနေစဉ် ဗိုလ်အယ်ခွီး(ခ)ကော်လာဖိုး ဦးဆောင်သည့် KTLA ဆာကဆောတပ်မက ဆင်ဖြူတိုင်ရွာအနီးက ဘုန်းကြီးကျောင်းအနီးတွင် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါတိုက်ခိုက်မှုတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး KNLA တပ်ဖွဲ့ဝင် ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNU တပ်မဟာ(၄) ထံကသိရသည်။ KNU/KNLA နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူ ထိန်းချုပ်ထားပြီးနောက် ထီးခီးနယ်စပ်ပြန်ရရေးအတွက် စစ်အာဏာရှင်တပ်က မေတ္တာဗျူဟာစခန်းမှ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးရန်ပြင်နေသည်။ […]

တနင်္သာရီ လယ်တောင်ယာရွာတွင် စစ်အာဏာရှင်တပ် ဖမ်းသွားသည့် အရပ်သား၁၀ ဦးအနက် ရှစ်ဦး စစ်မှုထမ်းပို့ခံရ

Dawei Watch

August 6, 2025

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာတွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သား ၁၀ဦးအနက် နှစ်ဦး ပြန်လည်လွတ်မြောက်လာပြီး ရှစ်ဦး စစ်မှုထမ်းပို့ဆောင်ခံရကြောင်း ဒေသခံများ၊ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ဇူလိုင်လ ၃၀ရက်တွင် စစ်အာဏာရှင်တပ်သားများက လယ်တောင်ယာရွာသို့ ရောက်လာပြီး အရပ်သား ၁၀ ဦးကို ဖမ်းဆီးသွားခဲ့သည်။ စစ်အာဏာရှင်တပ် ဖမ်းဆီးသွားသည့် အရပ်သား ၁၀ ဦးအနက် ကျန်းမာရေးမကောင်းသူ ၂ ဦးကို ဩဂုတ်လ ၃ရက်တွင် ပြန်လွှတ်လိုက်ပြီး ကျန် ရှစ်ဦးကို စစ်မှုထမ်းအတွက် စုဆောင်းထားကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက ဆိုသည်။ “ဆိုင်ကယ်ပြင်ဆိုင်က သူနဲ့ကျန်းမာ‌‌ရေး မကောင်းတဲ့သူနှစ်ဦး ပြန်လွှတ်လိုက်တယ်။ သူတို့နှစ်ယောက်က အသက်လည်း ကြီး (အသက် ၄၀ကျော်အရွယ်ဖြစ်) နေပြီ။ (ပြန်လွတ်လာတာ) ရိုက်ထုရာတွေနဲ့ပါပဲ” ဟု ၎င်းက […]

တနင်္သာရီတွင် စစ်မှုထမ်းတပ်သားတစ်ဦး လက်နက်နှင့်အတူဘက်ပြောင်း

Dawei Watch

August 6, 2025

တနင်္သာရီမြို့နယ်တွင် စစ်အာဏာရှင်တပ်က စစ်မှုထမ်းတပ်သားတစ်ဦး လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၃၀ရက် ည ၁၀နာရီဝန်းကျင်တွင် ဘက်ပြောင်းခိုလှုံခြင်းဖြစ်ပြီး အဆိုပါတပ်သားသည် တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် စစ်အာဏာရှင်တပ် ခမရ ၅၅၇ တပ်ရင်းက ဖြစ်ကြောင်း တနင်္သာရီပကဖက ဩဂုတ်လ ၆ ရက်တွင် ထုတ်ပြန်သည်။ စစ်အာဏာရှင်တပ် ခမရ ၅၅၇ တပ်ရင်းမှာ အမှတ် ၁၃ စစ်ဆင်ရေးကွပ်မှုဌာမချုပ်လက်အောက်ခံတပ်ရင်းဖြစ်သည်။ ရန်ကုန်တိုင်းဇာတိဖြစ်သည့် အဆိုပါတပ်သားမှာ ၂၀၂၅ ဖေဖော်ဝါရီလတွင် စစ်မှုထမ်း အမှတ်စဉ် ၉ ကို တက်ရောက်ရပြီး ခမရ ၅၅၇ တပ်ရင်းကိုရောက်လာသည်မှာ ၃ လနီးပါးကြာပြီဖြစ်ကြောင်း ၎င်း၏ပြောဆိုချက်ကို ကိုးကားကာ တနင်္သာရီ ပကဖ တာဝန်ရှိသူက ပြောသည်။ […]

တနင်္သာရီတိုင်းရှိ မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပရန်စီစဉ်နေဟု တိုင်းရွေး/ကော်ဆို

Dawei Watch

August 6, 2025

တနင်္သာရီတိုင်းရှိ မြို့နယ်ဆယ်မြို့နယ်စလုံးတွင် ရွေးကောက်ပွဲကျင်းပသွားမည်ဟု စစ်ကော်မရှင် လက်အောက်ရှိ တိုင်းရွေးကောက်ပွဲ ကော်မရှင်ထံမှသိရသည် ။ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်ကျင်းပသွားရန် လျာထားကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်များကို ကိုးကား၍ တိုင်းရွေး/ကော်ကဆိုသည်။ “မြို့နယ်ဆယ်ခုစလုံး ကျင်းပသွားဖို့ရှိပါတယ်။ နေရာအနှံ့ကျင်းပသွားနိုင်ဖို့ ရှိမရှိကတော့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ တိုင်ပင်ဆောင်ရွက်နေဆဲ အခြေအနေပဲ ရှိပါသေးတယ်” ဟု တိုင်းရွေး/ကော် တာဝန်ရှိသူကပြောဆိုသည်။ တနင်္သာရီတိုင်းတွင် တော်လှန်ရေးတပ်များက နယ်မြေစိုးမိုးမှု ရယူထားသော ဒေသအများအပြား ရှိနေပြီး ယင်ဒေသများတွင်ပါ ရွေးကောက်ပွဲကျင်းပနိုင်ရန် စစ်ကော်မရှင်က လုပ်ဆောင်နေကြောင်း သတင်းများလည်းထွက်နေသည်။ လက်ရှိတွင် ပါတီတည်ထောင်ခွင့် မှတ်ပုံတင်ခြင်းသာ ဆောင်ရွက်ရသေးပြီး ရွေးကောက်ပွဲဝင်မည့် ဒေသအလိုက် ပါတီစာရင်းနှင့် ကိုယ်စားလှယ်လောင်းစာရင်း မှတ်ပုံတင် တင်သွင်းရမည့် ကာလကို မသတ်မှတ်ရသေးသဖြင့် […]

တနင်္သာရီ၊ ညောင်ပင်ကွင်းတွင် စစ်ကျန်လက်နက်ကြီးကျည် ပေါက်ကွဲ၍ အရပ်သားတစ်ဦးသေဆုံး

Dawei Watch

August 6, 2025

တနင်္သာရီမြို့နယ်၊ ‌ညောင်ပင်ကွင်းရွာရှိ ရော်ဘာတောအတွင်း မြက်ခုတ်စက်ဖြင့် မြက်ရှင်းစဥ် မပေါက်သေးသည့် စစ်ကျန်လက်နက်ကြီးကျည်ကို ထိမိရာက ပေါက်ကွဲပြီး အရပ်သားတစ်ဦး သေဆုံးသွားကြောင်း ‌ဒေသခံများ ထံမှသိရသည်။ ဩဂုတ်လ ၆ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ညောင်ပင်ကွင်းရွာ စာသင်ကျောင်းအနောက်ဘက်ရှိ စစ်အာဏာရှင်တပ် (ကကကြည်း) ပိုင်ဆိုင်သည့် ရော်ဘာခြံတွင် စက်ဖြင့်မြက်ရှင်းချိန် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ကို မြက်ခုတ်စက်ကဓားဖြင့်ခုတ်မိ၍ ပေါက်ကွဲသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ လက်နက်ကြီးကျည်ပေါက်ကွဲသဖြင့် ဘန်လောရွာနေ အသက် ၂၃ နှစ်အရွယ် မြက်ခုတ်နေသည့် ကိုအာကာဖြိုး သေဆုံးသွားကြောင်း ၎င်းက ပြောသည်။ “စက်ခုတ်တာ ‌မပေါက်တဲ့ကျည်ခုတ်မိလို့ ဆုံးသွားတယ်။ အိမ်တောင်မရောက်ဘူး။ လမ်းမှာပဲဆုံးသွားတယ်။ ကျည်က ၄၀မမလား၊ ၆၀မမလားတော့ မသိဘူး”ဟု အထက်ပါ‌ဒေသခံက ဆိုသည်။ မြက်ခုတ်စက်တွင်တပ်ဆင်ထားသည့် ဓါးမှာနှစ်ပိုင်းကျိုးသွားပြီး […]

CI စာအုပ် သက်တမ်းတိုးစခန်းများ စဖွင့်

Dawei Watch

August 6, 2025

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ထုတ်ပေးထားသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) သက်တမ်းတိုးစခန်းများကို ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ CI စာအုပ် သက်တမ်းတိုးစခန်းများကို ဩဂုတ်လ ၆ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ အချိန်သုံးလ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။ လက်ရှိတွင် CI စာအုပ်သက်တိုးစခန်းများကို စမွတ်စခွန် မဟာချိုင်၊ စမွတ်ပရကန် ဖပဲဒင်၊ ချင်းမိုင် မဲရင်းနှင့် စူရတ်ဌာနီ ဖုဖိန်းဒေသစသော စခန်းလေးခုတွင် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။ CI စာအုပ် သက်တမ်းတိုးလိုသော မြန်မာအလုပ်သမားများသည် 7-Eleven စတိုးဆိုင်များတွင် ဘတ် ၂၆၇၀ ကို ကနဦးပေးသွင်း၍ ကြိုတင်ရက်ချိန်း ရယူကာ သက်ဆိုင်ရာ CI စခန်းများတွင် […]

တနင်္သာရီ၊ လယ်တောင်ယာရွာတွင် လက်နက်ကြီးစမှန်ပြီး ပုခက်အတွင်းအိပ်နေသည့် ကလေးသေဆုံး

Dawei Watch

August 6, 2025

တနင်္သာရီမြို့နယ် လယ်‌တောင်ယာရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်က လက်နက်ကြီး ပစ်ခတ်သဖြင့် ပုခက်အတွင်းအိပ်နေသည့် ကလေးတစ်ဦးသေဆုံးသွားကြောင်း ‌ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၅ ရက် ည ၁၀ နာရီခွဲခန့်တွင် တနင်္သာရီမြို့ရှိ စစ်အာဏာရှင်တပ်က လယ်တောင်ယာရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်သဖြင့် အသက်တစ်နှစ်ဝန်းကျင်အရွယ် ကလေးတစ်ဦးလက်နက်ကြီးအစထိမှန်ပြီး သေဆုံးသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “လက်နက်ကြီးက အိမ်နားလာကျပြီး ကလေးမှာ အစလာစင်တယ်။ ကလေးက ပုခက်ထဲမှာ အိပ်နေတယ်။ လည်ပင်းအောက်နားမှာ အစထိပြီး သေသွားတယ်”ဟု အထက်ပါ‌အမျိုးသမီးက ပြောသည်။ စစ်အာဏာရှင်တပ်က လယ်‌တောင်ယာရွာထဲကို အဆိုပါနေ့ညနေတွင် လက်နက်ကြီးနှစ်လုံး၊ ညဦးပိုင်းတွင် နှစ်လုံး၊ ညပိုင်းတွင် တစ်လုံးပစ်ခတ်ခဲ့ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။ ညပိုင်းတွင် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲရာက အစထိပြီး ပုခက်အတွင်းအိပ်ပျော်နေသည့် ကလေး ပွဲချင်းပြီးသေဆုံးသွားကြောင်း ၎င်းက […]