ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေဖြူမြို့အနီးတိုက်ပွဲဖြစ် ခရီးသွားဒေသခံများ ပိတ်မိ

Dawei Watch

August 5, 2025

ရေဖြူမြို့အနီး စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား ယနေ့ (ဩဂုတ် ၅) နံနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေ၍ ခရီးသွားဒေသခံများပိတ်မိနေကြောင်း ဒေသခံများနှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။ ကလိန်အောင်-ထားဝယ်လမ်းပိုင်းရှိ ရေဖြူမြို့အဝင်၌ရှိသော အမှတ် ၄၀၇ နှင့် အမှတ် ၄၀၆ စစ်အာဏာရှင်တပ်တို့အနီးတွင် ယနေ့ နံနက် ၇ နာရီဝန်းကျင်ခန့်မှစ၍ တိုက်ပွဲဖြစ်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ခုထိ ဖြစ်နေတုန်းပဲရှိသေးတယ်။ ၄၀၇ တပ်နားမှာပါ” ဟု ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ၎င်းဒေသခံက ပြောသည်။ တိုက်ပွဲကြောင့် ဒေသခံခရီးသွားများနှင့် ခရီးသည်တင်းကားများ ရေဖြူမြို့အတွင်း ရပ်နားစောင်ဆိုင်းနေကြရကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးကပြောသည်။ တိုက်ပွဲကြောင့်ထိခိုက်မှု အခြေအနေနှင့် တိုက်ပွဲဖြစ်စဉ်ကို Dawei Watch မှစုံစမ်းနေဆဲ ဖြစ်သည်။ ရေးထားဝယ်လမ်းပိုင်းအတွင်း စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား […]

ပုလော ဒေသခံများထံ တော်လှန်ရေးတပ် အယောင်ဆောင်ပြီး ငွေလိမ်

Dawei Watch

August 5, 2025

ပုလောမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်ပိုင်ရှင်၊ လုပ်ငန်းရှင်များနှင့် ဒေသခံအချို့ထံ တော်လှန်ရေးအဖွဲ့အယောင်ဆောင်ပြီး ယခု လဆန်းပိုင်းတွင် Viberဖြင့် ဆက်သွယ်ပြီး ငွေလိမ်လည်တောင်းခံနေကြောင်း ငွေလိမ်တောင်းခံရသူများ၏ တိုင်ကြားချက် ကို ကိုးကား၍ ပုလောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။ ပုလောစစ်ကြောင်း-၁ အမည်ကို အသုံးပြု၍ စစ်ရေး၊ အုပ်ချုပ်ရေး ရန်ပုံငွေအတွက် ငွေကျပ်သုံးသိန်းကို သြဂုတ်လ ၅ရက် ညနေ ၃နာရီ နောက်ဆုံးထား၍ ထည့်ဝင်ရန်တောင်းခံခြင်းဖြစ်ကြောင်း ပုလော ပကဖ၏ သြဂုတ် ၄ရက်တွင် ထုတ်ပြန်ချက် တွင် ဖော်ပြသည်။ မထည့်ဝင်ပါက ပဋိပက္ခအခြေအနေများအတွင်း နေအိမ်၊ လုပ်ငန်းနှင့် အကျိုးစီးပွားများ၏ လုံခြုံရေးတာဝန်ယူမည် မဟုတ်ဟု ခြိမ်းခြောက်ကာ လိမ်လည်ငွေတောင်းခံကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ပုလောစစ်ကြောင်း- ၁ သည် ၂၀၂၄ ခုနှစ် […]

ဂါဇာအတွက် အကူအညီများကို ကနေဒါအစိုးရက လေယာဉ်ပေါ်မှ ချပေး

Dawei Watch

August 5, 2025

အစ္စရေးစစ်တပ်၏ ၂၂ လနီးပါးကြာ တိုက်ခိုက်မှုဒဏ်ခံစားနေရသည့် ဂါဇာတွင် လူသားချင်းစာနာမှု အကူအညီများကို လေယာဉ်ပေါ်မှချပေးခဲ့ကြောင်း ကနေဒါအစိုးရက ဩဂုတ်လ ၄ ရက်နေ့တွင် ပြောဆိုသည်။ အရေးတကြီး လိုအပ်နေသည့် လူသားချင်းစာနာမှုအကူအညီပစ္စည်း အလေးချိန် ၂၁၆,၀၀ ပေါင်ကို ကနေဒါစစ်တပ်မှ CC-130J Hercules လေယာဉ်ကို အသုံးပြုကာ ဂါဇာတွင် ချပေးခဲ့သည်ဟု ကနေဒါအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းမှာ ကနေဒါစစ်တပ်ပိုင်လေယာဉ်ကို သုံး၍ ဂါဇာတွင် ပထမဆုံးအကြိမ် လူသားချင်းစာနာမှုအကူအညီ လေကြောင်းမှ ချပေးခြင်း ဖြစ်ကြောင်း ကနေဒါမီဒီယာတစ်ခုက ဖော်ပြသည်။ အစ္စရေးအစိုးရသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်လျက်ရှိကြောင်းလည်း ကနေဒါအစိုးရက ဆိုလိုက်သည်။ ကနေဒါအပါအဝင် နိုင်ငံ ၆ နိုင်ငံက ဂါဇာဒေသခံများအတွက် စားနပ်ရိက္ခာအထုပ်အပိုး ၁၂၀ ခုကို လေကြောင်းမှ ချပေးခဲ့သည်ဟု […]

တနင်္သာရီ ပြည်ထောင်စုလမ်းမပေါ် စစ်အာဏာရှင်တပ် ယာဉ်တန်းကို နှစ်ကြိမ်တိုက်ခိုက်

Dawei Watch

August 4, 2025

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာတွင် မြိတ်ဘက်မှလာသည့် စစ်အာဏာရှင်တပ်ယာဥ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက ပြည်ထောင်စုလမ်းမပေါ်တွင် နှစ်ကြိမ် တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်၏ ပြောဆိုချက်နှင့် ဗိုလ်ခရင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်တို့အရ သိရသည်။ ယနေ့ ဩဂုတ် ၄ရက် နံနက် ၁၁နာရီကျော်တွင် မြိတ်ဘက်မှ တက်လာသည့် ယာဉ် ရှစ်စီးပါ ယာဉ်တန်းကို ရမ်းဖိုရွာ တံတားကြီးထိပ်တွင် မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီးထိမှန်ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ထုတ်ပြန်သည်။ ထိုသို့ မိုင်းဆွဲပြီးနောက် ကင်းပုန်းဝပ်နေသည့် စစ်အာဏာရှင် တပ်သားများနှင့် ဗိုလ်ခရင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဖော်ပြထားသည်။ “ယာဥ်တန်းက သိန်ခွန်းဘက် စစ်ကူတက်တဲ့ ကားတွေလို့သိရတယ်။ ကား ခြောက်စီးမှာ အင်အားအပြည့်နဲ့၊ နှစ်စီးက ရိက္ခာ ကားတွေ။ တိုက်ပွဲဖြစ်တာက ကားထဲသူတွေက ပြန်မပစ်ကြဘူး။ လမ်းကင်းယူထားသူတွေနဲ့ ဖြစ်ကြတယ်” ဟု တိုက်ပွဲတွင် ပါဝင်သည့် […]

ကလိန်အောင်မြို့အနီး တိုက်ပွဲဖြစ်ပြီး ကားလမ်းယာယီပိတ်

Dawei Watch

August 4, 2025

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ ကော့လှိုင်ရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား ယနေ့ ထိတွေ့တိုက်ပွဲဖြစ်ကြောင်း ကားသမားများနှင့် ဒေသခံများထံမှ သိရသည်။ ယနေ့ ဩဂုတ်လ ၄ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် နှစ်ဖက်ပစ်ခတ်သံများ စကြားရပြီး လက်နက်ကြီး ပစ်ခတ်သံများလည်း ညနေ ၃ နာရီဝန်းကျင်အထိ ကြားရကြောင်း ဒေသခံများက ပြောဆိုသည်။ “(ပစ်ခတ်မှု) ငြိမ်တော့ငြိမ်သွားပြီ။ အခု လက်နက်ကြီးပစ်ခတ်မှုပါ ရပ်နေတယ်။ ဘယ်အချိန် ထပစ်မယ်မသိဘူး။ အရပ်သားတော့ မထိခိုက်ဘူး။ ပိတ်မိတဲ့လူတွေတော့ရှိတယ်” ဟု ကော့လှိုင်ရွာနှင့် ရွာချင်းကပ်ရက် မရမ်းချောင်းရွာမှ ဒေသခံတစ်ဦးက ယနေ့ညနေပိုင်းတွင် ပြောသည်။ ထိတွေ့တိုက်ပွဲကြောင့် ရေး-ထားဝယ် ကားလမ်းပိုင်းရှိ မရမ်းချောင်းရွာထိပ်တွင် ကားများ ပိတ်မိနေပြီး ညနေ ၄ နာရီဝန်းကျင်တွင် ပြန်လည်သွားလာခွင့်ရကြောင်း ကားသမားက […]

သရက်ချောင်း ဝင်းဝရွာတွင် စစ်အာဏာရှင်တပ် ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

August 4, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ဝင်းဝရွာတွင် စစ်အာဏာရှင်တပ်က ပစ်ခတ်သဖြင့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ဩဂုတ်လ ၃ရက် ညဦးပိုင်းတွင် ဝင်းဝနယ်မြေရဲစခန်းက စစ်အာဏာရှင်တပ်ဖွဲ့ဝင်နှစ်ဦး လက်နက်နှင့်အတူ ထွက်ပြေး သဖြင့် ဝင်းဝရဲစခန်းက စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည် ကျေးရွာထဲတွင် နေအိမ်များကို ဝင်ရောက်ရှာဖွေကြောင်း ၎င်းတို့က ဆိုသည်။ “ပတ်ဝန်းကျင်က ပြောနေကြတာတော့ အိမ်ပေါ်ကို တက်တာနဲ့ အမေးအစမ်းမရှိ၊ အိမ်ပေါ်တက်ရှာပြီးတာနဲ့ ပစ်သတ်ခဲ့တယ်လို့ ပြောတာပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ယင်းအပြင် ဒေသခံ ၂၀ ကျော်ကိုလည်း ဝင်းဝရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ဆေးမေးမြန်းပြီးနောက်မူ ညတွင်းချင်း ပြန်လွှတ်ခဲ့ကြောင်း ၎င်းက ပြောသည်။ ပစ်ခတ်ခံရသဖြင့် သေဆုံးသူမှာ ဦးသန်းစိုးဖြစ်ပြီး ညာဘက်ရင်အုံနှင့် နံကိုင်းကြားတွင် ကျည်ဆန် […]

ဘန်ကောက်တွင် ဘားနှစ်ခုကို ရဲတပ်ဖွဲ့ဝင်စစ်၊ မြန်မာအပါအဝင် ၅၀နီးပါး ဖမ်းဆီးခံရ

Dawei Watch

August 4, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံသားများကြား လူသိများသော ဘား (ကလပ်) နှစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးပြီး မြန်မာနိုင်ငံသားများအပါအဝင် ၄၆ဦးကို ဖမ်းဆီးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၃ရက် နံနက် ၄နာရီခန့်က ဘန်ရတ်နယ်မြေရှိ Pha An (ဘားအံ) ဘားနှင့် Sky ဘားနှစ်ခုကို ဘန်ကောက်မြို့ ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့သည်။ အဆိုပါဘားများကို တရားမဝင် ဖွင့်လှစ်ထားခြင်း၊ အချိန်ပို ဖွင့်လှစ်ထားခြင်နှင့် အထဲတွင် မူးယစ်ဆေးဝါးများ သုံးစွဲနေကြောင်း တိုင်ကြားချက် ရရှိထားသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ Pha An ဘားနှင့် Sky ဘား နှစ်ခုတွင် တရားမဝင် အလုပ်သမားများ ဝင်ရောက်လုပ်ကိုင်နေကြပြီး မြန်မာနိုင်ငံသားအများစု လာရောက်လေ့ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။ ဘားအံ […]

တနင်္သာရီတွင် သဲဖြူရွာသားနှစ်ဦးကို စစ်အာဏာရှင်တပ်က သတ်ပြီးတောထဲပစ်ထား

Dawei Watch

August 4, 2025

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုရှိ သဲဖြူရွာမှ ဒေသခံနှစ်ဦးကို စစ်အာဏာရှင်တပ်က သတ်ဖြတ်ပြီးနောက် ရုပ်အလောင်းကို ကြိမ်ချောင်းရွာဟောင်းအနီး တောထဲတွင် ပစ်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ကထုတ်ပြန်လိုက်သည်။ အသတ်ခံထားရသူနှစ်ဦးမှာ အသက် ၃၀ ကျော်အရွယ် စောပလိုနှင့် စောကဘီ ညီအစ်ကိုနှစ်ဦးဖြစ်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ပြန်ကြားရေးဌာနက ဩဂုတ်လ ၃ ရက်နေ့တွင် ကရင်ဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကြိမ်ချောင်းရွာဟောင်းသည် သဲဖြူရွာနှင့် သိန်ခွန်းရွာအကြားတွင် တည်ရှိသည်။ မိသားစုဝင်တစ်ဦး ကျန်းမာရေး မကောင်းသဖြင့် ၎င်းတို့ညီအစ်ကိုနှစ်ဦးက ကျန်းမာရေးဆရာ သွားခေါ်မည်ဆိုကာ ထွက်သွားသည့် ဇူလိုင်လ ၁၅ ရက်ကတည်းက အဆက်အသွယ်ပြတ် ပျောက်ဆုံးနေခြင်းဖြစ်ပြီး ဇူလိုင်လ ၂၈ ရက်မှ အလောင်းပြန်တွေ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နား ကပြောသည် […]