ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီ သိန်ခွန်းရွာအနီးကို စစ်အာဏာရှင်တပ် စစ်ကူရောက်ပြီးနောက် သုံးရက်ဆက်တိုက်ပွဲဖြစ်

Dawei Watch

August 8, 2025

တနင်္သာရီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်း သိန်ခွန်းရွာအနီးဝန်းကျင်သို့ စစ်အာဏာရှင်တပ်သားများ စစ်ကူရောက်ပြီးနောက် စစ်ကြောင်းထိုးသဖြင့် သုံးရက်ဆက်တိုက်ပွဲဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဩဂုတ်လ ၅ရက်တွင် မြိတ်ဘက်မှ ယာဉ်ရှစ်စီးဖြင့် စစ်ကူရောက်လာပြီးနောက် စစ်ကြောင်းထိုးသဖြင့် ဩဂုတ်လ ၅ရက်မှာ ၇ရက်အထိ သုံးရက်ဆက်တိုက်ပွဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ စစ်ကူယာဉ်တန်းထဲက ယာဉ်နှစ်စီးတွင် ရိက္ခာများတင်ဆောင်လာပြီး ကျန် ခြောက်စီးတွင် စစ်အာဏာရှင် တပ်ဖွဲ့ဝင် အပြည့်တင်ဆောင်လာကြောင်း ၎င်းက ဆိုသည်။ စစ်ကူမရောက်မီက စစ်အာဏာရှင်တပ်သားများက သိန်ခွန်းရွာအနောက်ဘက်သို့ ဆုတ်ခွာထားပြီး စစ်ကူရောက်လာချိန်တွင် အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာကြောင်း အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောဆိုသည်။ သိန်ခွန်းရွာ၏ အရှေ့ဘက် မောတောင်ဘက်ခြမ်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး သိန်ခွန်းရွာ၏ အနောက်ဘက် ချောင်းနှစ်ပေါက်ရွာဘက်ခြမ်းကို စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားသည်။ “တိုက်ပွဲက ကြမ်းနေတယ်။ တစ်ရက်လုံးကို […]

တနင်္သာရီ ရမ်းဖိုရွာတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ကလေးနှစ်ဦးအပါ သုံးဦးဒဏ်ရာရ

Dawei Watch

August 7, 2025

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာတွင် တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်တို့ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်အာဏာရှင် တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး အရပ်သားသုံးဦး ဒဏ်ရာကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။ ရမ်းဖိုရွာတွင်တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို ဗိုလ်ခရင်းတပ်ဖွဲ့က ယနေ့ ဩဂုတ်လ ၇ ရက် မွန်းလွဲ ၁နာရီ ကျော်တွင် သွားရောက်တိုက်ခိုက်ရာ ၁၅ မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် ညောင်ပင်ကုန်းရွာ၌ တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက ရမ်းဖိုရွာအတွင်းသို့ လက်နက်ကြီးဖြစ် ပစ်ခတ်ရာ လူနေအိမ်ပေါ်ကျရောက်ပေါက်ကွဲကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါနေအိမ်အတွင်းရှိနေသည့် ကလေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ အသက်၁၅နှစ်အရွယ် ကလေးနှစ်ဦးတွင် တင်ပါးဒဏ်ရာ၊ နံရိုးဘေးဒဏ်ရာ (မစိုးရိမ်ရ) ပြီး […]

စစ်အာဏာရှင်တပ် ပစ်သည့်လက်နက်ကြီးကျည် လောင်းလုံးမြို့ပေါ် ကျရောက်ပေါက်ကွဲ

Dawei Watch

August 7, 2025

လောင်းလုံးမြို့ပေါ် လူနေရပ်ကွက်အတွင်း ယနေ့ သြဂုတ်လ ၇ရက် ညနေ ၅ နာရီခွဲခန့်တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲကြောင်း မြို့ခံအချို့က ပြောသည်။ လောင်းလုံးမြို့မရဲစခန်းရှိ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် သုံးလုံးသည် (ဃ) ရပ်ကွက်ရှိ နေအိမ်တစ်လုံးအရှေ့ ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း လောင်းလုံးမြို့ခံတစ်ဦးက ဆိုသည်။ “ဆိုင်ရှေ့ကိုကျတာ။ တံခါးတွေ ပျက်(စီး)သွားတယ်။ အဲဒီချိန် လူတွေလည်း အပြင်မှာရှိနေကြတာ၊ လူတွေမထိတာ တော်တော်ကံကောင်းတယ်” ဟု ၎င်းက ပြောဆိုသည်။ Dawei Watch က ကြည့်ရှုခဲ့ရသည့် ဓာတ်ပုံများတွင် လက်နက်ကြီးကျည်ထိမှန်သည့်အတွက် အိမ်ရှေ့မျက်နှာစာရှိ အုတ်နံရံနှင့် သံတံခါး၏ အောက်ခြေ ကြေမွသွားသည်ကို တွေ့ရသည်။ ကျန်သည့် လက်နက်ကြီးကျည် နှစ်လုံးသည်လည်း ယင်းနေရာအနီးအနားတွင်ပင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ လောင်းလုံးမြို့နှင့် […]

စစ်မှုထမ်းရန် ဖမ်းဆီးခံရသည့် ထားဝယ်မြို့ခံလူငယ်များ တပ်ဆေးရုံတွင် ဆေးစစ်ပြီးဟုဆို

Dawei Watch

August 7, 2025

စစ်အာဏာရှင်တပ်က စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၆ အတွက် ဖမ်းဆီးစုဆောင်းထားသည့် ထားဝယ်မြို့ခံ လူငယ်များ ကို သြဂုတ် ၆ ရက်တွင် ကျန်းမာရေးဆေးစစ်ကြောင်း အဖမ်းခံရသူများနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ သြဂုတ်လ ၄ရက်တွင် စစ်အာဏာရှင်တပ်သားများသည် ထားဝယ်မြို့ပေါ်ရှိ ရှမ္မလည်ဆွဲ၊ တလိုင်းထိန်၊ ဥဿရံရပ်ကွက် တို့တွင် နေထိုင်သည့် လူငယ် ၁၁ ဦးကို စစ်မှုထမ်းအတွက် ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံရရာတွင် ပါဝင်သူနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ “စစ်တပ်ဆေးရုံမှာပဲ (ဆေး) စစ်တာ” ဟု ၎င်းက ပြောသည်။ ၎င်းတို့ကို ထားဝယ်မြို့ အခြေစိုက် အမှတ် ၁၂ ကုတင် ၁၀၀ စစ်ဆေးရုံတွင် ဆေးစစ်ခဲ့ကြောင်း စုံစမ်းသိရသည်။ စစ်မှုထမ်းအတွက် ဖမ်းဆီးစုဆောင်းခံရသည့် စုဆောင်းထားသည့် အဆိုပါလူငယ်များကို […]

ထားဝယ်မြို့အဝင်တွင် လူငယ် ၄ ဦးကို စစ်မှုထမ်းခိုင်းရန် ဖမ်းဆီး​

Dawei Watch

August 7, 2025

ထားဝယ်မြို့အဝင် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် လူငယ်လေးဦးကို စစ်အာဏာရှင်​တပ်က စစ်မှုထမ်းခိုင်းရန် အဓမ္မ​ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်း မြိုခံခရီးသွားများနှင့် ဖမ်းဆီးခံရသည့် လူငယ်များနှင့်နီးစပ်သူများထံမှ သိရသည်။ စစ်အာဏာရှင်၏ အဓမ္မစစ်မှုထမ်းစုဆောင်းရေးအဖွဲ့မှာ ဩဂုတ်လ ၅ ရက် နေ့ နံနက်စောစောပိုင်း၌ ထားဝယ်မြို့မှ ကမြောကင်းတံတားသို့ ကားသုံးစီးဖြင့်ရောက်ရှိလာပြီး ဖြတ်သန်း​သွားလာသည့် ယာဉ်များ​ကိုတားကာ လူငယ်များကို မှတ်ပုံတင်၊ ဖုန်း စသည့် ပစ္စည်းများကို စစ်ဆေးခဲ့ကြောင်း ဒေသခံခရီးသွားများကပြောသည်။ ယင်းနောက် နံနက် ၁၀ နာရီခန့်တွင် လူငယ်ဆယ်ဦးခန့်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း တွေရှိခဲ့ရသည်ဟု ခရီးသွားများကပြောသည်၊။ ,ယင်းသို့ဖမ်းဆီးခံရခြင်း နှင့်ပတ်သက်ပြီး Dawei Watch မှ ဆက်လက်စုံစမ်းခဲ့ရာ လူငယ်တစ်ဆယ်ကျော်တွင် ၄ ဦးကို စစ်မှုထမ်းအဖြစ်စုဆောင်းခဲ့ကြောင်း အတည်ပြု​နိုင်ခဲ့သည်။ ကျန်လူငယ်ထဲမှ အချို့ကို ပြန်လွှတ်လိုက်ကြောင်း သိရသော်လည်း အတည်မပြုနိုင်သေးပေ။ စစ်မှုထမ်းအဖြစ် […]

မြန်မာအမျိုးသမီးကို မုဒိမ်းကျင့်ကာ ရုပ်သံရိုက်ခဲ့သော ထိုင်းနိုင်ငံသားကိုဖမ်းဆီး

Dawei Watch

August 7, 2025

မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ပြီး ရုပ်သံရိုက်ကူးခဲ့သော ထိုင်းနိုင်ငံသားကို ဖူးခက်မြို့တွင် ဩဂုတ်လ ၄ ရက်နေ့ညက ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယခုနှစ် မေလက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖူးခက်မြို့ စားသောက်ဆိုင်တစ်ခုတွင် ကျင်းပခဲ့သော မွေးနေ့ပွဲတစ်ခုသို့ ထိုင်းနိုင်ငံသား Yotsaphan Wichetwarinwet နှင့်အတူ ၎င်း၏ မြန်မာအမျိုးသမီးချစ်သူအပါအဝင် မြန်မာအမျိုးသမီးနှစ်ဦးတို့ အတူတက်ရောက်ခဲ့ကြကြောင်း သတင်းတွင်ဖော်ပြထားသည်။ မြန်မာအမျိုးသမီးနှစ်ဦးတို့သည် ရင်းနှီးသော သူငယ်ချင်းများဖြစ်ကြပြီး အသက် ၄၀ နှစ်အရွယ် ထိုင်းနိုင်ငံသား Yotsaphan Wichetwarinwet က ၎င်းချစ်သူ၏ သူငယ်ချင်းဖြစ်သူကို မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်သည်။ ကျူးလွန်ခံရ‌သော မြန်မာအမျိုးသမီးက စားသောက်ဆိုင်ထဲတွင် အရက် ၂ ခွက်ခန့် သောက်ခဲ့ပြီးနောက် သူမ သတိမရှိတော့ကြောင်း၊ အိပ်ယာမှနိုးလာသောအခါ ထိုင်းနိုင်ငံသား၏ အခန်းထဲတွင် ရောက်ရှိနေပြီး […]

မေတ္တာ-ထီးခီးလမ်းမှာ ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA တပ်ဖွဲ့က KNLA ကို ခြုံခိုတိုက်ခိုက်

Dawei Watch

August 7, 2025

ကော်သူးလေတပ်မှ ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA ဆာကဆောတပ်မက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ဖွဲ့ဝင်များကို မေတ္တာ-ထီးခီးလမ်းတွင် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU မြိတ်-ထားဝယ်ခရိုင်က ဩဂုတ်လ ၆ ရက်က သတင်းထုတ်ပြန်သည်။ ဩဂုတ်လ ၆ ရက် နံနက် ၁၀ နာရီတွင် မေတ္တာမြို့အနီးတဝိုက်မှာ လုံခြုံရေးယူရန် KNLA တပ်သားများက သွားလာနေစဉ် ဗိုလ်အယ်ခွီး(ခ)ကော်လာဖိုး ဦးဆောင်သည့် KTLA ဆာကဆောတပ်မက ဆင်ဖြူတိုင်ရွာအနီးက ဘုန်းကြီးကျောင်းအနီးတွင် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါတိုက်ခိုက်မှုတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး KNLA တပ်ဖွဲ့ဝင် ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNU တပ်မဟာ(၄) ထံကသိရသည်။ KNU/KNLA နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူ ထိန်းချုပ်ထားပြီးနောက် ထီးခီးနယ်စပ်ပြန်ရရေးအတွက် စစ်အာဏာရှင်တပ်က မေတ္တာဗျူဟာစခန်းမှ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးရန်ပြင်နေသည်။ […]

တနင်္သာရီ လယ်တောင်ယာရွာတွင် စစ်အာဏာရှင်တပ် ဖမ်းသွားသည့် အရပ်သား၁၀ ဦးအနက် ရှစ်ဦး စစ်မှုထမ်းပို့ခံရ

Dawei Watch

August 6, 2025

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာတွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သား ၁၀ဦးအနက် နှစ်ဦး ပြန်လည်လွတ်မြောက်လာပြီး ရှစ်ဦး စစ်မှုထမ်းပို့ဆောင်ခံရကြောင်း ဒေသခံများ၊ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ဇူလိုင်လ ၃၀ရက်တွင် စစ်အာဏာရှင်တပ်သားများက လယ်တောင်ယာရွာသို့ ရောက်လာပြီး အရပ်သား ၁၀ ဦးကို ဖမ်းဆီးသွားခဲ့သည်။ စစ်အာဏာရှင်တပ် ဖမ်းဆီးသွားသည့် အရပ်သား ၁၀ ဦးအနက် ကျန်းမာရေးမကောင်းသူ ၂ ဦးကို ဩဂုတ်လ ၃ရက်တွင် ပြန်လွှတ်လိုက်ပြီး ကျန် ရှစ်ဦးကို စစ်မှုထမ်းအတွက် စုဆောင်းထားကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက ဆိုသည်။ “ဆိုင်ကယ်ပြင်ဆိုင်က သူနဲ့ကျန်းမာ‌‌ရေး မကောင်းတဲ့သူနှစ်ဦး ပြန်လွှတ်လိုက်တယ်။ သူတို့နှစ်ယောက်က အသက်လည်း ကြီး (အသက် ၄၀ကျော်အရွယ်ဖြစ်) နေပြီ။ (ပြန်လွတ်လာတာ) ရိုက်ထုရာတွေနဲ့ပါပဲ” ဟု ၎င်းက […]