ချွန်ဘူရီတွင် မြန်မာကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
Dawei Watch
August 11, 2025ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် မြန်မာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၉ ရက် နံနက် ၉ နာရီခန့်က စီရာချာဒေသ သုံးထပ်ဆောင်ရှိ ငှားထားသော အခန်းထဲတွင် အသက် ၂၄ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး သေဆုံးခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါ အမျိုးသမီး သေဆုံးနေသည်ကို တွေ့ရသဖြင့် ထိတ်လန့်ပြီး အမျိုးသားဖြစ်သူသည် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာအမျိုးသမီး သေဆုံးချိန်တွင် ကိုယ်ဝန် လေးလ ရှိနေကြောင်း ဆိုသည်။ ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးသည် ယခင်က နှစ်ဦးစလုံး အလုပ်လုပ်နေသော်လည်း ကိုယ်ဝန်လွယ်ထားချိန်တွင် ဇနီးဖြစ်သူ အလုပ်မလုပ်နိုင်တော့ကြောင်း အမျိုးသားက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။ နောက်ပိုင်းတွင် ခင်ပွန်းသည် တစ်ဦးတည်း အလုပ်လုပ်ကိုင်နေရသဖြင့် စားဝတ်နေရေး […]


