နေအိမ်ဖောက်ထွင်း ခိုးယူသည်ဆိုသူနှစ်ဦးအပါ ဆယ်ကျော်သက်သုံးဦးကို လောင်းလုံး ပလဖ ဖမ်းဆီး
Dawei Watch
August 12, 2025လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် နေအိမ်များကိုဖောက်ထွင်းပြီး ရွှေထည်၊ ငွေသားအချို့နှင့် လက်ကိုင်ဖုန်းများ ခိုးယူခဲ့သည်ဆိုသူ ယောင်္ကျားလေးနှစ်ဦးနှင့် ခိုးရာပါပစ္စည်းလက်ခံထားသည်ဆိုသူ မိန်းကလေးတစ်ဦးတို့ကို ဖမ်းဆီးထား ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်သည်။ သြဂုတ်လ ၁၀ ရက်တွင် နေအိမ်ဖောက်ထွင်းပြီး ခိုးယူခံရကြောင်း ပိုင်ရှင်ဖြစ်သူများက တိုင်ကြားလာသည့်အတွက် ရပ်ကျေး ပအဖ၊ ပလဖ အဖွဲ့ဝင်များနှင့် ပူးပေါင်းစုံစမ်းဖော်ထုတ် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါကျေးရွာရှိ နေအိမ်လေးဆောင်ကို ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင် ဖောက်ထွင်းခိုးယူခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပလဖ တာဝန်ခံ ကိုရသက ပြောသည်။ “အဲဒီနေ့က ရွာမှာအလှူရှိနေတော့ လူတွေလည်း အလှူကိုသွားကြတာ။ သူတို့က ဘယ်အိမ်တွေက ဘယ်လို အခြေအနေရှိလဲ ဆိုတာ […]


