ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘန်ကောက်တွင် မြန်မာလူငယ်တစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံး

Dawei Watch

August 14, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခလောင်တိန်ဈေးအနီး လူကူးခုံးကျော်တံတားပေါ်တွင် မြန်မာလူငယ်တစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၂ နာရီခန့်က လူကူးခုံးကျော်တံတားပေါ်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသော မြန်မာလူငယ်၏ အလောင်းကို ထိုင်းနိုင်ငံသားတစ်ဦးက တွေ့ရသဖြင့် ရဲကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာချိန်တွင် မြန်မာလူငယ်သည် သွေးအိုင်ထဲ၌ မှောက်လျက် သေဆုံးနေပြီး ဦးခေါင်း၊ လက်၊ တင်ပါးနှင့် နောက်ကျောများတွင် ထိုးသွင်းဒဏ်ရာများစွာ ရရှိထားကြောင်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။ သေဆုံးသူသည် အသက် ၁၉ နှစ်အရွယ် ကိုမင်းစိုးသူ (ခ) ပိုင်ပိုင် ဖြစ်ပြီး မြန်မာနိုင်ငံ မွန်ပြည်နယ် ကျိုက်မရောဇာတိဖြစ်ကြောင်း နီးစပ်သူက ပြောသည်။ အခင်းဖြစ်သောညက ပိုင်ပိုင်သည် ခုံးကျော်တံတားပေါ်တွင် မိခင်ဖြစ်သူနှင့် […]

နတ်အိမ်တောင်လမ်းပိုင်းတွင် ဖမ်းမိသည့် MOGE မှ အင်ဂျင်နီယာကို KNLA ထိန်းသိမ်းထားဟုဆို

Dawei Watch

August 14, 2025

နတ်အိမ်တောင်စခန်းသွားသည့် လမ်းပိုင်းတွင် စစ်ကော်မရှင်ကို နိုင်ငံခြားငွေရှာပေးနေသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)မှ အင်ဂျင်နီယာတစ်ဦးကို ဖမ်းမိခဲ့သဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း ၂၇ က ထိန်းသိမ်းထားကြောင်း ယင်းတပ်ရင်းထံမှ သိရသည်။ ထိုင်းအစိုးရပိုင် စွမ်းအင်ကုမ္ပဏီဖြစ်သည့် PTTEP မှကုမ္ပဏီဝန်ထမ်းများနှင့်အတူ လိုက်ပါလာသည့် အင်ဂျင်နီယာ ဦးသိန်းထွန်းကို မိကျောင်းလှောင်နှင့်နတ်အိမ်တောင်သွားသည့်လမ်းတွင်ဩဂုတ်လ ၁၃ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဦးသိန်းထွန်းမှာ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း-MOGE လက်အောက်က အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ဓာတ်ငွေ့တိုင်းတာရေးစခန်းကို တာဝန်အချိန်းအပြောင်း ကိစ္စဖြင့်သွားစဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၆) KNLA တပ်ရင်း ၂၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောမှူးဂေက ပြောသည်။ “ကျန်တဲ့သူတွေကတော့ သက်သေမျက်မြင်နဲ့ (PTTEP) ဝန်ထမ်းကဒ်ပြား သူတို့ပါထားတာကိုး သူကတစ်ယောက်တည်းပဲ သူများကြားမှာထည့်ထားပြီးတော့ ကူလီဟန်ဆောင်နဲ့ပေါ့ […]

အယုဒ္ဓယတွင် တရားမဝင် ဝင်လာသော မြန်မာ ၁၇ ဦး ဖမ်းဆီးခံရ

Dawei Watch

August 14, 2025

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၇ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းက အန်ထောင်းဒေသ အာရှလမ်းမကြီးပေါ်တွင် ရှေ့နောက်မောင်းလာသော မသင်္ကာစရာ ကားနှစ်စီးကို အမြန်လမ်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးစဉ် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ကားထဲတွင် ထိုင်းနိုင်ငံသား ကားသမားနှစ်ဦးနှင့်အတူ မြန်မာနိုင်ငံသား ၁၇ ဦးကို တွေ့ရပြီး မြန်မာနိုင်ငံသားများတွင် နေထိုင်ခွင့် စာရွက်များ မတွေ့ရကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများကို တာခ့်ခရိုင်မှ ဘန်ကောက်မြို့သို့ ပို့ဆောင်ပေးရန် ခေါ်လာခြင်းဖြစ်ပြီး ပို့ဆောင်ခ တစ်ဦးလျှင် ဘတ် ၁၃၀၀ အထိ ရရှိကြောင်း၊ ယင်းကဲ့သို့ ပို့ဆောင်နေသည်မှာ သုံးကြိမ်ရှိပြီဖြစ်ကြောင်း ကားသမားများ၏ ဖြေကြားချက်ကို ဖော်ပြသည်။ ထို့ကြောင့် ကားသမားများနှင့်အတူ […]

စစ်အာဏာရှင်တပ်က အမျိုသားနှစ်ဦးကို ၁၅ ရက်ကြာဖမ်းထားပြီး ပြန်မလွှတ်သေး

Dawei Watch

August 14, 2025

ရေဖြူမြိုနယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် ဩဂုတ်လ ပထမပတ်မှစ၍ စစ်အာဏာရှင်တပ်က ဖမ်းဆီးထားသည့် ဆယ်ကျော်သက်အရွယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးတို့မှာ ယနေ့(ဩဂုတ် ၁၄)နံနက်ပိုင်းအထိ ပြန်မလွတ်သေးကြောင်း ဒေသခံတစ်ဦးကပြောသည်။ စစ်အာဏာရှင်စစ်ကြောင်းက အသက် ၁၇ နှစ်အရွယ်ရှိ ပရဒတ်ရွာသား မောင်အောင်ဖြိုးဝေဆိုသူကို ဩဂုတ်လ ၂ ရက် နေ့က နေအိမ်တွင်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ထိန်ကြီးရွာသား ဦးမျိုးပိုင်ဆိုသူကိုလည်း ယင်းစစ်ကြောင်းကပင် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။ “အောင်ဖြိုးဝေကိုစစ်တပ်က အိပ်နေတုန်း အိမ်ပေါ်ထိတက်ပြီး ဖမ်းသွားတာ အဖမ်းခံရတုန်းက ဖုန်းပါသွားတော့ သူ့ဖုန်းထဲကြည့်ပြီး စစ်ဆေးနေတယ်လို့ ပြန်လွတ်လာသူတွေပြောလို့ သိရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ မောင်အောင်ဖြိုးဝေကို ရေနက်ဆိပ်ကမ်းရှိ ယာယီစစ်စခန်း၌ပင် ယနေ့အထိ ဖမ်းဆီးထားပြီး စစ်ဆေး နေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ထိန်ကြီးရွာသား ဦးမျိုးပိုင်ကိုမူ ဩဂုတ်လ ၁၁ ရက်နေ့ ၌ ရေနက်ဆိပ်ကမ်း ယာယီစစ်စခန်းမှာ […]

ထိုင်းတွင် မြန်မာပထွေး၏ ရိုက်နှက်မှုကြောင့် အသက် ၃ နှစ်အရွယ်ကလေးသေဆုံး

Dawei Watch

August 14, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးက အသက် ၃ နှစ်အရွယ် မယားပါသား အမွှာကလေးနှစ်ဦး ရိုက်နှက်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပထုံဌာနီခရိုင် လာလုကာဒေသတွင် အသက် ၂၃ နှစ်အရွယ် ကိုနေစိုင်းဦးသည် အသက် ၃၆ နှစ်အရွယ် မနွေးနွေးဦးနှင့် နောက်အိမ်ထောင်ပြုထားပြီး အမျိုးသမီး၏ အသက် ၃ နှစ်ရွယ် အမွှာကလေးငယ် မောင်နှမနှစ်ဦးနှင့်အတူ နေထိုင်သည်မှာ ၃ လခန့်ရှိပြီဖြစ်ကြောင်း သတင်းအရသိရသည်။ ဩဂုတ်လ ၉ ရက်နေ့ညက ကိုနေစိုင်းဦးသည် အလုပ်မှပြန်လာစဉ် အမွှာကလေးငယ်နှစ်ဦးသည် ငိုနေသဖြင့် ရိုက်နှက်ခဲ့ရာ ယောက်ျားလေးမှာ နံရံနှင့် ထိခိုက်မိခဲ့ဟုဆိုသည်။ ထို့နောက် ယောက်ျားလေးသည် တက်သွားပြီး ခန္ဓာကိုယ် တောင့်တင်းလာသဖြင့် ကိုနေစိုင်းဦးသည် အရေးပေါ် အသက်ကယ်နည်း […]

ကျွန်းစု ပဲ့တိုင်ရွာရှိ ပျူစောထီးအထိုင်စခန်းကို တော်လှန်ရေးတပ် ဒုတိယအကြိမ်ဝင်တိုက်

Dawei Watch

August 14, 2025

ကျွန်းစုမြို့နယ်၊ ကျွဲခရံကျွေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာရှိ သိမ်တောင်ကုန်းပေါ်တွင် အထိုင်ချထားသည့် ပျူစောထီး အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ‌) က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၃ရက် ညနေ ၃ နာရီခန့်တွင် အဆိုပါစခန်းကို ကျွန်းစု ပကဖ က ဝင်ရောက်တိုက်ခိုက်ရာ ပဲ့တိုင်ကျေးရွာ အရှေ့ဘက် ပင်လယ်ပြင်ရှိ စစ်အာဏာရှင်တပ်၏ စစ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါစခန်းအား ယခုဝင်ရောက်တိုက်ခိုက်မှုက ဒုတိယအကြိမ်ဖြစ်ပြီး ဧပြီလ ၁၃ ရက်ကလည်း ပထမအကြိမ်‌ အလစ်အငိုက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစု ပကဖ ထံမှ သိရသည်။ “အရင်တစ်ခါ သွားပစ်တုန်းကလည်း အထိအခိုက်ပဲရှိတယ်။ ပျူစောထီးတွေ ကျ (သေ)ဆုံးတာမျိုးတော့ မရှိဘူး။ ဘန်ကာက သူတို့အတွက် နည်းနည်းလုံခြုံစိတ်ချရတယ်ထင်တယ်။ ဒီတစ်ကြိမ်လည်း အထိအခိုက်ရှိနိုင်တယ်ဗျ။ […]

ထားဝယ်တွင် ကိုယ်ဝန်ဆောင်တစ်ဦး အရေးပေါ်လူနာတင်ယာဉ်ပေါ် ကလေးမွေးဖွား

Dawei Watch

August 13, 2025

ထားဝယ်မြို့ခံ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ဩဂုတ်လ ၁၂ ရက် ည ၁၁ နာရီဝန်းကျင်ခန့်တွင် အရေးပေါ် လူနာတင်ယာဉ်ပေါ်၌ ကလေးမွေးဖွားကြောင်း ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် ဩဂုတ်လ ၁၂ ရက် ည ၁၁ နာရီခန့်တွင် ဗိုက်နာလာသဖြင့် အရေးပေါ်လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ရာ ယာဉ်ပေါ်တွင် မွေးဖွားခြင်းဖြစ်ကြောင်း အထက်ပါ အဖွဲ့မှ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။ “အရေးပေါ်ကားနဲ့တင်လာချိန် မီးသတ်လမ်းဆုံနားရောက်တော့ ကလေးက ဦးခေါင်းထွက်လာတယ်။ အဲဒီမှာ ဇမ္ဗူသီရိ စေတနာ့ဝန်ထမ်း ကိုကောင်းမြတ်စိုးက ကလေးထွက်လာဖို့ကနဦးဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံကို ပို့လိုက်တယ်” ဟု ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက ဆိုသည်။ ကလေးငယ်မှာ ယောင်္ကျားလေးဖြစ်ပြီး ထားဝယ်ဆေးရုံကြီးသို့ရောက်ရှိချိန်တွင် မိခင်နှင့် ကလေးတို့မှာ ကျန်းမာရေး […]

တနင်္သာရီ ကျေးရွာလေးရွာက စစ်ရှောင် ၃၀၀၀ ကျော် အမိုးအကာနှင့် ရိက္ခာလိုအပ်

Dawei Watch

August 13, 2025

တနင်္သာရီမြို့နယ် ရမ်းဖိုရွာအနီးဝန်းကျင်နှင့် သစ်ပင်ခြောက်ရွာတွင် တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင် တပ်သားတို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် အနီးအနားရှိကျေးရွာ ၄ ရွာမှ ပြည်သူများ ‌စစ်‌ဘေးရှောင်နေရပြီး အမိုးအကာနှင့် ရိက္ခာလိုအပ်နေကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရသည်။ ဇူလိုင်လ ၂၈ ရက်နေ့ကစကာ သစ်ပင်ခြောက်ရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲရက်ဆက်ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ အဆိုပါတိုက်ပွဲကြောင့် လယ်တောင်ယာရွာနှင့် တမုတ်ချုံးရွာရှိ ပြည်သူများ တိုက်ပွဲဖြစ်ချိန်မှ လက်ရှိအချိန်အထိ စစ်ဘေးရှောင်နေရကြောင်း စစ်ရှောင်ကူညီနေသူအချို့က ပြောသည်။ လယ်တောင်ယာရွာမှ ပြည်သူ ၁၉၀၀ နီးပါးနှင့် တမုတ်ချုံးရွာမှ ၉၀၀ နီးပါး စစ်ရှောင်နေရကြောင်း စစ်ရှောင်ကူညီနေသူအချို့၏ စာရင်းအရ သိရသည်။ ဩဂုတ်လ ၄ ရက်နေ့တွင်မူ စစ်အာဏာရှင်တပ်သားများက ရမ်းဖိုရွာနှင့် အနီးဝန်းကျင်ကို […]