ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

August 15, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ် ၉ မှ ၁၅ ရက်အထိ ကက်ရှ်မီးယားတွင် မိုးသည်းထန်ပြီး လူ ၄၆ ဦးထက်မနည်းသေဆုံး အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ် ကက်ရှ်မီးယားဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် လူ ၄၆ ဦးထက်မနည်း သေဆုံးပြီး ၂၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ တစ်နာရီအတွင်း မိုးရေချိန် ၄ လက်မလောက် ရွာသွန်းခဲ့တာကြောင့် တောင်ထူထပ်တဲ့ဒေသမှာ ရုတ်တရက်ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာပါ။ ထင်ရှားတဲ့ ဘုရားဖူးလမ်းကြောင်းမှာ တထောက်နားတဲ့နေရာဖြစ်တဲ့ ကစ်ရှ်တ်ဝါခရိုင်၊ ချာဆိုတီမြို့မှာ မိုးကြီးဒဏ်ကို ပိုမို ခံခဲ့ကြရပါတယ်။ ဘုရားကျောင်းတစ်ကျောင်းကို သွားတဲ့လမ်းက အများသုံး ချက်ပြုတ်တဲ့နေရာနဲ့ လုံခြုံရေးကင်းစခန်း မျောပါသွားတယ်လို့ […]

ထားဝယ်အရှေ့တောကို စစ်အာဏာရှင်တပ် ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းများ ဝင်ရောက်

Dawei Watch

August 15, 2025

ထားဝယ်အရှေ့တောဒေသကို စစ်အာဏာရှင်တပ်က ယာဉ် ၁၀စီးပါသည့် ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းများ ဝင်ရောက်နေကြောင်း ဒေသခံအချို့က ပြောသည်။ ခြေလျင် စစ်ကြောင်းနှစ်ကြောင်းသည် ဩဂုတ်လ ၈ ရက်တွင် မေတ္တာမြို့ဘက်မှ ကျောက်မဲတောင်စခန်း၊ ယင်းမှတစ်ဆင့် ပကာရီစခန်းသို့ ရောက်ရှိကြောင်း ဒေသခံအချို့က ဆိုသည်။ ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက် ၇ နာရီခန့်တွင် ထားဝယ်ဘက်မှ လာသည့် ယာဉ် ၁၀ ပါသည့် စစ်ယာဉ်တန်း ပကာရီ စခန်းသို့ ရောက်ရှိလာပြီး ယင်းမှတစ်ဆင့် ရမ္မဇူရွာသို့ ရောက်ရှိနေကြောင်း ၎င်းတို့က ပြောဆိုသည်။ “နေ့လယ်ကတော့ ရမ္မဇူရွာမှာ ယာဉ်တန်းတွေရပ်ထားပြီး ထမင်းချက်စားနေကြတယ်လို့ပြောတယ်။ ခြေလျင် စစ်ကြောင်း ကလည်း ဒီနားက ရွာတွေကို နယ်မြေရှင်းတဲ့ပုံစံနဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲ ထိုးနေတယ်” ဟု […]

မွန်တော်လှန်ရေးအဖွဲ့နှစ်ခုက ဖမ်းထားသည့် ဆရာမလေးဦးကို ခံဝန်ဖြင့် ပြန်လွှတ်

Dawei Watch

August 15, 2025

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအနီး ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ဖမ်းဆီးခဲ့သည့် ကျောင်းဆရာမလေးဦးကို ယနေ့ သြဂုတ်လ ၁၅ ရက် ညနေပိုင်းက ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ဖမ်းဆီးခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။ Non-CDM ကျောင်းဆရာမ လေးဦးကို ဩဂုတ်လ ၁၄ရက်တွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) တို့က ဖမ်းဆီးပြီး ၂၄ နာရီခန့်ကြာ ထိန်းသိမ်းစစ်ဆေးပြီးနောက် ယနေ့ ညနေပိုင်းတွင် မိသားစုဝင်များထံ ပြန်လည်အပ်နှံခဲ့ကြောင်း MSRF က ထုတ်ပြန်ထားသည်။ ကျောင်းဆရာမ လေးဦးကို စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲတွင် ဆက်လက်ပါဝင် ပတ်သက်ခြင်း မပြုရန် ခံဝန်ကတိ လက်မှတ်ထိုးစေခဲ့ပြီး ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း ဖော်ပြသည်။ “ဒီရွေးကောက်ပွဲ မဖြစ်မြောက်ဖို့အတွက်ကို Non-CDM ဆရာတွေအနေနဲ့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု […]

ကလိန်အောင် မရမ်းချောင်းနှင့် ကော့လှိုင်ရွာအကြားတွင် တိုက်ပွဲထပ်ဖြစ်ပြီး ကားများပိတ်မိ

Dawei Watch

August 15, 2025

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး မရမ်းချောင်းရွာနှင့် ကော့လှိုင်ရွာအကြားတွင် ယနေ့ သြဂုတ်လ ၁၅ ရက် နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ရွာသားများနှင့် လမ်းပိုင်းတွင်ပိတ်မိခဲ့သည့် ကားသမားများထံမှ သိရသည်။ စစ်အာဏာရှင်တပ် နှင့် မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးအင်အားစုများ ယနေ့ နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားချိန် ပိတ်မိနေသည့်ကားများမှာ ပစ်ခတ်မှုရပ်သွားပြီးနောက် ခေတ္တ သွားလာခွင့်ရခဲ့ကြောင်း ကားသမားများက ပြောသည်။ ယင်းနောက် ညနေ ၃ နာရီခွဲမှစ၍ ည ၆ နာရီခွဲကျော်ထိ ပစ်ခတ်သံများ ထပ်မံကြားရခဲ့ပြီး ကားများ လမ်းတွင် ထပ်မံပိတ်မိကြောင်း ၎င်းတို့က ဆိုသည်။ “ပစ်သံစဲတာနဲ့ ပိတ်နေတဲ့ ကားတွေတော့ ကလိန်အောင်ဘက်ကို မြန်မြန်ထွက်သွားကြတယ်။ ထားဝယ်တော့ဆင်းလို့ မရတော့ဘူး။ ကလိန်အောင်မှာပဲ ညအိပ်ရတော့မယ်” ဟု […]

ထိုင်းက မြန်မာ ၁၀၀ နီးပါး ဩဂုတ်လတွင် နေရပ်ထပ်ပြန်ပို့

Dawei Watch

August 15, 2025

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ယနေ့ (ဩဂုတ်လ ၁၅) တွင် ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း ရနောင်း‌လဝကရုံးက ထုတ်ပြန်သည်။ နေ့လယ် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၉၉ ဦးကို ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၅ ခုနှစ်အတွင်း ကိုးကြိမ်မြောက်ဖြစ်ပြီး ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ ၁၃၇၈ ဦး ရှိလာပြီဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦးနှင့် ဇွန်လ […]

ရေဖြူတွင် စစ်အာဏာရှင်တပ် ဖမ်းထားသည့် လူငယ်တစ်ဦးပြန်လွတ်၊ အမျိုးသားနှစ်ဦး ပြန်မလွတ်သေး

Dawei Watch

August 15, 2025

စစ်အာဏာရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် နဘုလယ်ဒေသခံ အသက် ၁၇နှစ်အရွယ်ရှိ ယောင်္ကျားလေးတစ်ဦး ပြန်လွတ်လာပြီး နောက်ထပ်အမျိုးသားနှစ်ဦးမှာမူ ပြန်မလွတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြန်လွတ်လာသော လူငယ်သည် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ပရဒတ်ရွာသားဖြစ်ပြီး ဖမ်းဆီးခံရပြီး နှစ်ပတ်နီးပါးအကြာ ဩဂုတ်လ ၁၄ ရက် နေ့လယ်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါလူငယ်သည် ဩဂုတ်လ ၂ ရက်တွင် နဘုလယ် ဒေသခံ အခြားခြောက်ဦးနှင့်အတူ စစ်အာဏာရှင်တပ်၏ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ၎င်းနှင့်အတူ ဖမ်းဆီးခံရသည့် နဘုလယ် ဒေသခံ ခြောက်ဦးအနက် ဩဂုတ်လ ၄ရက်တွင် လေးဦး၊ ၈ရက်တွင် တစ်ဦးနှင့် ၁၂ ရက်တွင်တစ်ဦး ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ပရဒတ်ရွားသား လူငယ်ကိုမူ ဩဂုတ်လ ၁၄ရက်တွင် စစ်အာဏာရှင်တပ်က ထားဝယ်ရေနက်ဆိပ်ကမ်းယာယီစစ်စခန်းမှ […]

ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ကျောင်းဆရာမလေးဦးကို တော်လှန်ရေးအဖွဲ့နှစ်ခုက ဖမ်းဆီး

Dawei Watch

August 15, 2025

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအနီး ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ကျောင်းဆရာမလေးဦးကို ဒေသတွင်း လှုပ်ရှားနေသည့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း YPDF ထံမှ သိရသည်။ ဩဂုတ်လ ၁၄ ရက် နံနက် ၇ နာရီခန့်က ရေးဘက်မှ သံဖြူဇရပ်ဘက်သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာခဲ့သည့် ဆရာမ လေးဦးကို သံဖြူဇရပ်မြို့နယ် ဝဲခမီကျေးရွာအနီးအရောက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း YPDF ထံမှ သိရသည်။ ဖမ်းဆီးခံရသူများတွင် လမိုင်းမြို့ အထက်တန်းကျောင်းက ဆရာမတစ်ဦး၊ မော့ကနင်ကျေးရွာ အထက်တန်းကျောင်းက ဆရာမတစ်ဦး၊ နှစ်ကရင်ကျေးရွာ အထက်တန်းကျောင်းက ဆရာမတစ်ဦးနှင့် ဘေးလမိုင်းရွာ အထက်တန်းကျောင်းက ဆရာမတစ်ဦးတို့ ပါဝင်ကြောင်း ဆိုသည်။ ဆရာမ လေးဦးသည် စစ်ကောင်စီနှင့် ပူးပေါင်းအလုပ်လုပ်နေသည့်အတွက် ဖမ်းဆီးထိန်းသိမ်းရခြင်းဖြစ်ကြောင်း YPDF […]

မဟာချိုင်တွင် မြန်မာလေ့ကျင့်ရေးစင်တာက ဆရာမတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

August 15, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ မြန်မာကလေးငယ်များ ပညာသင်ယူနေသော လေ့ကျင့်ရေးစင်တာကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် စာသင်ကြားပေးနေသော မြန်မာဆရာမတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများနှင့် ကျောင်းနာယကထံမှ သိရသည်။ ဩဂုတ်လ ၁၄ ရက်နေ့က မဟာချိုင်ဒေသ မွန်းမိုင်ဈေးအနောက် DTIC (လွတ်လပ်သော ကလေးများ နေ့စဉ် လေ့ကျင့်ရေးစင်တာ) သို့ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် လဝကအဖွဲ့က တိုင်ကြားချက်ရရှိသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ DTIC စင်တာသည် မဟာချိုင်ဒေသတွင် မြန်မာအလုပ်သမားများ အလုပ်သွားချိန် ၎င်းတို့၏ ကလေးငယ်များ ပညာသင်ယူနိုင်ရေး လေ့ကျင့်သင်ကြားပေးနေသော လေ့ကျင့်ရေးစင်တာဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့များ ဝင်ရောက်စစ်ဆေးချိန်တွင် မြန်မာကလေးငယ် ၁၀၀ ခန့် ပညာသင်ယူနေပြီး အသက် ၄၈ နှစ်အရွယ် ဆရာမ မမာလာအောင်က ကလေးများကို ပညာသင်ပေးနေကြောင်း သတင်းတွင် ဖော်ပြသည်။ […]