ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

August 16, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ် ၁၀ ရက်မှ ၁၆ ရက်အထိ လက်လွှတ်ဆုံးရှုံးထားတဲ့ မြို့နယ်တွေမှာပါ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကော်မရှင်ကြေညာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူ၊ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာပါ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မဲဆန္ဒနယ်တွေ သတ်မှတ်တာနဲ့ ရွေးကောက်ပွဲကျင်းပမယ့် စနစ်တွေကို ဩဂုတ်လ ၁၅ရက်မှာ ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ မြို့နယ်များစွာကို ထိန်းချုပ်ထားတဲ့ ကချင်၊ ရခိုင်၊ ရှမ်းမြောက်၊ ချင်း၊ ကရင်၊ ကရင်နီနဲ့ ​NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းယူထားတဲ့ မန္တလေးနဲ့ စစ်ကိုင်းစတဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲက […]

ပလမြို့တွင် တိုက်ပွဲအကြိမ်ရေ ၃၀နီးပါးဖြစ်၊ နှစ်ဖက်ထိခိုက်ပြီး ပြည်သူဆယ်နှင့်ချီသေဆုံး

Dawei Watch

August 16, 2025

ပုလောမြို့နယ်၊ ပလမြို့တွင် စစ်အာဏာရှင်တပ်နှင့် တိုက်ပွဲကြီး ကိုးကြိမ်၊ တိုက်ပွဲငယ်‌ ၂၀ ဝန်းကျင် ဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်ကြောင့် အရပ်သားဆယ်နှင့်ချီ သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၄ရက်ကစပြီး စစ်အာဏာရှင်တပ်က ပလမြို့ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်လာ သဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ဩဂုတ် ၉ရက်အထိ တိုက်ပွဲဖြစ်ကြောင်း မြိတ်ခရိုင် PDF အမှတ်(၁)တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ထိုကဲ့သို့ တိုက်ပွဲမဖြစ်မီ စစ်အာဏာရှင်တပ်က ပလမြို့ဝန်းကျင်ရှိ ၎င်းတို့၏ တပ်စခန်းနှင့် စိုးမိုးနယ်မြေများဖြစ်သည့် စက်တော်ရာတောင်နှင့် ကြဲရွာတို့ကို အင်အားဖြည့်တင်းနေသည်မှာ အချိန်ကြာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ “၂၄ရက်နေ့က ပလဆိပ်ကမ်းက တက်လာတော့ ကျွန်တော်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ။ ကျွန်တော်တို့က မြို့သိမ်းအစီအစဉ် […]

ဘန်ကောက်က ကာရာအိုကေတွင် မူးယစ်ဆေးသုံးထားသည်ဟုဆိုကာ မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

August 16, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကာရာအိုကေဘားတစ်ခုတွင် မူးယစ်ဆေးဝါးသုံးထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံသား ၄၀ ကျော်ကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင်‌ ဖော်ပြသည်။ Srivara လမ်းပေါ်က Town in Town ဟိုတယ်ဘေးတွင် အမည်မရှိ ကာရာအိုကေဘားတစ်ခုကို ဩဂုတ်လ ၁၅ ရက် ညတွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။ ကာရာအိုကေဘားသည် တစ်ထပ်အဆောက်အအုံဖြစ်ပြီး အထဲတွင် ကာရာအိုကေအခန်း သုံးခန်းပါဝင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကာရာအိုကေအခန်းထဲတွင် မြန်မာနိုင်ငံသား ၆၀ ဦးကို တွေ့ရှိခဲ့ပြီး တားမြစ်ထားသော မူးယစ်ဆေးဝါးသုံးစွဲထားခြင်းရှိမရှိ စစ်ဆေးရာ အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၄၁ ဦးတွင် မူးယစ်ဆေးသုံးစွဲထားသည်ကို တွေ့ရှိရကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများသည် မွေးနေ့ပါတီတစ်ခုအတွက် […]

မြိတ်၊ ‌ကျောက်ဖြူတောင် စစ်ဆေးရေးဂိတ်တွင် ဆယ်ကျော်သက်တစ်ဦး ပျောက်ဆုံးနေ

Dawei Watch

August 16, 2025

မြိတ်မြို့နယ်၊ ကျောက်ဖြူတောင် စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်တွင် ဆယ်ကျော်သက်တစ်ဦး ဩဂုတ်လ ၁၃ ရက်နေ့ကပျောက်ဆုံးသွားပြီး ယနေ့အထိ အဆက်အသွယ်မရဘဲ ဖြစ်နေကြောင်း ဒေသခံများ၊ မိသားစုနှင့် နီးစပ်သူအချို့ထံမှသိရသည်။ တုံးဗျောရွာကျေးရွာအုပ်စု ကင်းတပ်ရွာနေ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး မြိတ်မြို့သို့ အိုးဝေ(သုံးဘီးကား) စီးပြီးသွားရာက ကျောက်ဖြူတောင်ရွာရှိ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်တွင် ပျောက်ဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ အဆိုပါလူငယ်စီးလာသည့် သုံးဘီးကားမောင်းသူက ကျောက်ဖြူတောင် စစ်ဆေးရေးဂိတ်အတွင်းသို့ဝင်ကာ လက်မှတ်ထိုးပြီး ပြန်ထွက်လာစဉ် သုံးဘီးပေါ်ထိုင်နေသည့် အဆိုပါလူငယ်မရှိတော့ကြောင်း ၎င်းက ပြောသည်။ “သားငယ်က အိုးဝေထဲမှာ ထိုင်(ပြီး) ကျန်ခဲ့တယ်။ ဂိတ်နဲ့ခပ်လှမ်းလှမ်းမှာ လက်မှတ်ထိုးဖို့နေရာ လုပ်ထားတယ်။လက်မှတ်ထိုးပြီး ပြန်လာတော့ သားငယ်က မရှိပြီ(တော့ဘူး)”ဟု အထက်ပါ နီးစပ်သူက ဆိုသည်။ ပျောက်သွားသည့် ဆယ်ကျော်သက်လူငယ်၏ […]

“ဆဲချင်သူများလည်း ဆဲနိုင်ပါတယ်”လို့ ပြောလာတဲ့ သန့်ဇင်

Dawei Watch

August 16, 2025

မြန်မာဖိုက်တာလေး သန့်ဇင်ကတော့ မနေ့ညက ရှုံးပွဲနဲ့ပတ်သက်လို့ ပရိသတ်တွေက သူ့ကို ဝေဖန်ကြတာ၊ ဘဝင်မကျတာတွေနဲ့ပတ်သက်ပြီး နားလည်လက်ခံပါတယ်၊ သူ့ရဲ့ စွမ်းဆောင်ရည်ကို စိတ်တိုင်းမကျလို့ ဆဲချင်သူတွေရှိရင်လည်း ဆဲနိုင်ပါတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ သန့်ဇင်ဟာ မနေ့တုန်းက ဒု-ခေါင်ပွဲစဉ်မှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာပါ။ ပွဲအပြီးမှာ ပရိသတ်တွေ၊ မီဒီယာတွေရဲ့ဝေဖန်မှုကို သန့်ဇင်က ရင်ဆိုင်ခဲ့ရပါတယ်။ ထိုင်းဖိုက်တာ ဂင်ဆန်လက်ခ်နဲ့ ထိုးခဲ့ရတဲ့ သန့်ဇင်ဟာ ပထမပွဲချီမှာတင်ပဲ အလဲထိုးခံလိုက်ရတာဖြစ်ပါတယ်။ ဒါဟာ သန့်ဇင်အတွက် ONE ဖြတ်သန်းခဲ့မှုတလျှောက် ပထမအချီမှာတင် ပထမဆုံးအကြိမ် ရှုံးခဲ့ရတဲ့ပွဲပါပဲ။ ဂင်ဆန်လက်ခ်ဟာ သန့်ဇင်ကို ပထမပွဲချီ ၁ မိနစ်နဲ့ ၁၁ စက္ကန့်(စက္ကန့်အားဖြင့် တွက်မယ်ဆိုရင် ၇၁ စက္ကန့်)မှာ အမှောက်သိပ်လိုက်တာပါ။ သန့်ဇင်ဟာ ပွဲချီတစ်ချီအတွင်း သုံးကြိမ်တိုင် Knockdown ကျသွားတဲ့အတွက် ပြိုင်ပွဲစည်းမျဉ်းအရ […]

မြိတ်၊ မင်းသန်းရွာတွင် ကွမ်းခြံလုပ်သားနှစ်ဦးကို စစ်မှုထမ်းခိုင်းရန်ဟုဆိုကာ ဖမ်းဆီး

Dawei Watch

August 16, 2025

မြိတ်မြို့နယ်၊ မင်းသန်းကျေးရွာရှိ ကွမ်းခြံတွင် အလုပ်လုပ်နေသည့် လူငယ်အမျိုးသားနှစ်ဦးကို စစ်မှုထမ်းခိုင်းရန်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ဒေသခံများ၊ မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ ဩဂုတ်လ ၁၁ ရက်နေ့တွင် မဇောကျေးရွာနှင့် ပသောင်းကျေးရွာက အသက် ၁၈ နှစ်ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦး မင်းသန်းကျေးရွာရှိ ကွမ်းခြံတွင်အလုပ်လုပ်နေစဉ် ရွာရှိပျူစောထီးများနှင့် အနီးဝန်းကျင်ရှိ စလွန်းကျေးရွာမှ ရပ်ကျေးစာရေးက လာရောက်ဖမ်းဆီးပြီး စစ်မှုထမ်းပို့ဆောင်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူအချို့က ဆိုသည်။ အဖမ်းခံရသူနှစ်ဦး၏ မိသားစုများက အဖမ်းခံရသည်ကို သိရသည်နှင့်တပြိုင်နက် စလွန်းကျေးရွာ ရပ်ကျေးစာရေး ဦးဆန်းဝင်းကို သွားရောက်မေးမြန်းစုံစမ်းရာ စစ်မှုထမ်းရန်အတွက် မြိတ်မြို့သို့ ပို့ဆောင်လိုက်သည်ဟု ပြောဆိုကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ “သွားတောင်း(တွေ့ခွင့်)တွေ့တာ တွေ့မရပြီ။ မြိတ်ပို့လိုက်ပြီ။ စစ်မှုထမ်းပါပြီလို့ ပြောလိုက်တယ်။ သူတို့ကို လိုက်ခေါ်ပေးလည်း မရပြီ။ ကြီးပြား(ငွေ)နဲ့ လိုက်ထုတ်ပေးလည်း မရပြီလို့ […]

မြန်မာဖိုက်တာ စိုးနောင်ဦး အမှတ်ဆုံးဖြတ်ချက်နဲ့ ရှုံး

Dawei Watch

August 16, 2025

မြန်မာကိုယ်စားပြု နောက်ထပ်ဖိုက်တာတစ်ယောက်ဖြစ်တဲ့ စိုးနောင်ဦးလည်း သောကြာ(သြဂုတ် ၁၅) ညက ယှဉ်ပြိုင်ခဲ့တဲ့ ONE တာထွက်မှာ အဖွင့်မလှပခဲ့ပါဘူး။ စိုးနောင်ဦး ဟာ လက်ဘနွန်ဖိုက်တာ အယ်လ်ဟာလာဘီ ကို အောက်စည်းကနေပြီးတော့ပဲ ကစားသွားခဲ့ရပါတယ်။ တစ်နေရာချင်းအလိုက် လိုအပ်ချက်တွေ များလွန်းခဲ့သလို အယ်လ်ဟာလာဘီဘက်က ဝိတ်အသာစီးရနေခဲ့တဲ့အချက်ကလည်း ဒီပွဲရဲ့အဆုံးအဖြတ်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ အယ်လ်ဟာလာဘီ ဟာ ဝိတ်ချိန်ကတည်းက ဝိတ်ကျော်နေခဲ့လို့ ဒီပွဲကို ထိုးကြေးခွဲပေးပြီး ထိုးခဲ့ရတာပါ။ ဝိတ်စစ်ချက်အဖြေတွေမှာတော့ အယ်လ်ဟာလာဘီက စိုးနောင်ဦးထက် ၅ ပေါင်နီးပါးလောက် သာလွန်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ စိုးနောင်ဦး ပထမပွဲချီနဲ့ ဒုတိယပွဲချီ တစ်ဝက်လောက်အထိသာ ယှဉ်ထိုးနိုင်ခဲ့တာပါ။ တတိယပွဲချီအရောက်မှာတော့ မျက်လုံးအနည်းငယ် ထိခိုက်သွားတဲ့အတွက် စိုးနောင်ဦးက တာဝန်ရှိသူတွေရဲ့စစ်ဆေးမှုကို ခံယူပြီးမှ ပွဲဆက်ထိုးခဲ့ရပါတယ်။ တတိယပွဲချီမှာတော့ အယ်လ်ဟာလာဘီရဲ့လက်သီးတွဲလုံးတွေ၊ ခြေကန်ချက်တွေ၊ ဒူးတိုက်ချက်တွေက စိုးနောင်ဦးကို […]

သန့်ဇင် ၃ ပွဲဆက် အရှုံးရလဒ် ကြုံလိုက်ရပြီ၊ ပထမအချီ ၁ မိနစ်နဲ့ ၁၁ စက္ကန့်မှာတင် အလဲထိုးခံရပြီး ရှုံးသွား

Dawei Watch

August 16, 2025

နေမကောင်းဖြစ်ခဲ့လို့ ပွဲကို တစ်ပတ်နောက်ဆုတ်ပြီးမှ ထိုးခဲ့ရတဲ့ ထိုင်းဖိုက်တာ ဂင်ဆန်လက်ခ် ဟာ မြန်မာဖိုက်တာလေး သန့်ဇင် ကို ပထမပွဲချီမှာတင် အလဲထိုးလိုက်ပါတယ်။ သောကြာနေ့ည(သြဂုတ် ၁၅)က ထိုးခဲ့တဲ့ One ပွဲမှာ သန့်ဇင်ဟာ တစ်ချီအတွင်းမှာ Knockdown ၃ ကြိမ်ကျတဲ့အထိ ဖြစ်သွားတာကြောင့် အရှုံးရလဒ်ကို ကြုံဆုံရင်ဆိုင်လိုက်ရတာပါ။ ဒု-ခေါင်ပွဲစဉ်အဖြစ် ထိုးခဲ့ရတဲ့ ဂင်ဆန်လက်ခ်နဲ့ သန့်ဇင်တို့ဟာ ပွဲစကတည်းက တိုက်စစ်ဖွင့်ပြီး ထိုးခဲ့ကြပါတယ်။ သန့်ဇင်ဟာ ဆူရီယန်လက်ခ်နဲ့ပွဲတုန်းကလည်း ဒီပုံစံ ဒီအတိုင်း ရှုံးခဲ့ရတာပါ။ ဒါပေမဲ့ အဲ့ဒီအမှားကို မပြင်ဆင်ခဲ့ပါဘူး။ Knockdown တစ်ကြိမ်ကျလို့ အမှတ်စဉ်ရေတွက်ခံလိုက်ရချိန်ကတည်းက သတိထားပြီး ထိုးရမှာဖြစ်ပေမယ့် သန့်ဇင်ဟာ ဆူရီယန်လက်ခ်နဲ့ပွဲတုန်းကအတိုင်း အတင်းလိုက် အတင်းထိုးခဲ့ပါတယ်။ အဲ့ဒီမှာတင် ဂင်ဆန်လက်ခ်က သန့်ဇင်ကို Knockdown ထပ်ထိုးလိုက်နိုင်ပြီး နောက်တစ်ကြိမ် […]