သရက်ချောင်း ဥတ္တူရွာတွင် ဖမ်းဆီးခံဒေသခံများပြန်လွတ်၊ ရွှေ၊ ငွေနှင့် ဖုန်းများကို စစ်အာဏာရှင်တပ် ယူသွား
Dawei Watch
August 19, 2025သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာတွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးထိန်းသိမ်းသည့် ဒေသခံများ ပြန်လည်လွတ်မြောက် လာပြီး ရွှေ၊ ငွေနှင့် ဖုန်းများကိုမူ ယူဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။ ဩဂုတ်လ ဒုတိယအပတ်တွင် ဥတ္တူ၊ ကျောက်လှေကား၊ မိုးရွှေကုန်း၊ စော်ဖျားစသည့်ကျေးရွာများကို စစ်အာဏာရှင်တပ်က စစ်ကြောင်းနှစ်ကြောင်းဖြန့်ကျက်ထိုးနေပြီး ဒေသခံဆယ်နှင့်ချီကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ ဩဂုတ်လ ၁၅ ရက်မှ ၁၇ ရက်အတွင်း အကြောင်းအမျိုးမျိုးဖြင့် ဥတ္တူရွာထဲပြန်ဝင်လာသူ ဒေသခံ သုံးဆယ်ကျော်မှာ စစ်ကြောင်းနှင့်တိုးပြီး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “(စစ်အာဏာရှင်တပ်သား) သူတို့နဲ့ အတူခေါ်ထားပြီး ဖုန်းနဲ့ပစ္စည်းတွေ လာအပ်ခိုင်းတယ်။ လာမအပ်ရင် လျှာဖြတ်ပစ်မယ် လို့ ပြောတယ်တဲ့။ မနေ့က ညနေပိုင်းမှာ ခေါ်ထားတဲ့သူတွေကို တခြားအိမ်တစ်လုံးကို ပြောင်းရွှေ့နေခိုင်းပြီး စစ်တပ်တွေက တခြားကို ထွက်သွားတဲ့အချိန်မှာ […]


