ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မလေးရှားတွင် မြန်မာ ၂၃၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

September 3, 2025

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၂၃၀ ကျော် ဖမ်းဆီးခံရကြောင်း မလေးရှားသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။ စက်တင်ဘာလ ၂ ရက် ည ၇ နာရီခွဲမှ ၁၀ နာရီခွဲအထိ ပြုလုပ်ခဲ့သော ဘူကစ်ဘင်တန်ရှိ တရားမဝင် နိုင်ငံခြားသားများ ဖမ်းဆီးရေး စီမံချက်တွင် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၇၇၀ ဦးကို မလေးရှားလဝကအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသော နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား ၂၃၅ ဦး၊ ဘင်္ဂလားဒေရှ့် ၃၇၇ ဦး၊ နီ‌ပေါ ၇၂ ဦး၊ အိန္ဒိယ ၅၈ ဦး၊ အင်ဒိုနီးရှား ၁၉ ဦးနှင့် အခြားနိုင်ငံသား ၉ ဦးလည်း ပါဝင်ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူများတွင် တရားဝင် […]

တနင်္သာရီတိုင်းတွင် လေယာဉ်လက်မှတ် ဝယ်ရခက်ခဲနေ

Dawei Watch

September 3, 2025

တနင်္သာရီတိုင်းမှ ရန်ကုန်မြို့သို့ အသွား၊ အပြန် ခရီးစဉ်အတွက် လေယာဉ်လက်မှတ်‌ ဝယ်ယူရခက်‌ခဲနေကြောင်း ခရီးသည်အချို့နှင့် လေယာဉ်လက်မှတ်အရောင်းဌာအချို့ထံမှ သိရသည်။ ရန်ကုန်-မော်လမြိုင်- ထားဝယ်- မြိတ်- ကော့သောင်းသွား အမှတ် ၈ ပြည်ထောင်စုကားလမ်းမ‌ကြီးတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် လမ်းပိတ်လျက်ရှိသည်။ အဆိုပါပြည်ထောင်စုလမ်းပိုင်း မလွှဲတောင်နှင့် ကလိန်အောင်မြို့ကြားရှိ လမ်းပိုင်းတွင် တိုက်ပွဲကြောင့် ခရီးသည်ကားနှင့် ကုန်တင်ကားများပိတ်မိနေကြသည်မှာ ၁၀ ရက်ခန့်ရှိနေပြီသည်။ အလားတူ ထားဝယ်-မြိတ်-ကော့သောင်း ကားလမ်းပိုင်းဖြစ်သည့် ပုလောမြို့နယ် မကျည်းကုန်းရွာအနီးတွင် လမ်းပိတ်နေကြောင်း ခရီးသည်ကားလိုင်းအချို့ထံမှ သိရသည်။ ယင်းကဲ့သို့ လမ်းပိတ်နေသဖြင့် ခရီးသွားရမည့်သူများမှာ လေကြောင်းလိုင်းဖြင့် သွားလာသူများလာပြီး လေယာဉ်လက်မှတ်လည်း ဝယ်ရခက်လာကြောင်း ခရီးသည်အချို့က ပြောသည်။ ထားဝယ်နှင့် မြိတ်မြို့ရှိ လေယာဉ်လက်မှတ်အရောင်းဌာနအချို့အား မေးမြန်းချက်အရ တနင်္သာရီတိုင်းမှ ရန်ကုန်မြို့သို့ အသွားအပြန် ခရီးစဉ်လက်မှတ်များမှာ စက်တင်ဘာလ ၁၅ […]

ဗင်နီဇွဲလား မူးယစ်ဂိုဏ်းလှေပေါ်က လူ ၁၀ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း ထရမ့်ပြော

Dawei Watch

September 3, 2025

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟု သံသယရှိသည့် ဗင်နီဇွဲလား မူးယစ်ဂိုဏ်းလှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကာ လှေပေါ်ပါလာသည့် လူ ၁၁ ဦးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၂ ရက်တွင် ပြောဆိုသည်။ ယင်းမှာ ကာရစ်ဘီယန် ပင်လယ်တောင်ပိုင်းသို့ ထရမ့်အစိုးရက အမေရိကန်စစ်သင်္ဘာများ တပ်ဖြန့်စေလွှတ်လိုက်ပြီးနောက် ပထမဆုံး သတင်းထွက်ပေါ်လာသည့် စစ်ဆင်ရေးလည်း ဖြစ်သည်။ “ပြီးခဲ့တဲ့ မိနစ်အနည်းငယ်ကပဲ လှေတစ်စီးကို ကျွန်တော်တို့ ပစ်ခတ်ဖျက်ဆီးပစ်လိုက်ပြီ။ မူးယစ်ဆေးသယ်တဲ့ လှေတစ်စီးပါ။ အဲဒီလှေထဲမှာ မူးယစ်ဆေးတွေ အများကြီး ပါလာတယ်” ဟု ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ “အဲဒါတွေ လာခဲ့တဲ့ နေရာကနေ ဒီလိုမျိုး နောက်ထပ်အများကြီး ရှိသေးတယ်။ ကျွန်တော်တို့ နိုင်ငံထဲကို မူးယစ်ဆေးဝါးတွေ အများကြီး လှိမ့်ဝင်နေတယ်။ အဲလို ဖြစ်နေတာ […]

ကော့သောင်း တည်းခိုခန်းတစ်ခုတွင် အမျိုးသားအလောင်းတွေ့၊ သံသယရှိသူနှစ်ဦးကိုဖမ်းဆီး

Dawei Watch

September 3, 2025

ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းက အသက် ၄၀ ဝန်းကျင် အရွယ် အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိရကြောင်း လူမှုကူညီရေးအသင်းနှင့် မြို့ခံများထံမှ သိရသည်။ သေဆုံးသူအမျိုးသားသည် လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာအုပ်စု ဇာတိဖြစ်ပြီး လွန်ခဲ့သည့် ၁၀နှစ်ကျော် ကတည်းက ကော့သောင်းမြို့ ၊ အေးချမ်းသာရွာတွင် ရွှေ့ပြောင်းနေထိုင်သူ ဦးအောင်ဇော်ထွန်းဖြစ်ကြောင်း ၎င်းနှင့် ဆွေမျိုးနီးစပ်သူများ၊ မိတ်ဆွေများက ပြောသည်။ ကိုအောင်ဇော်ထွန်းသည် ယခင်က ကျောင်းဆရာဖြစ်ပြီး စစ်အာဏာသိမ်းကာလ၎င်း CDM လှုပ်ရှားမှုတွင် ပါဝင်သဖြင့် အလုပ်ရပ်နားခံရသည့်နောက်ပိုင်း မင်္ဂလာပွဲအစီအစဥ် ဝန်ဆောင်မှုလုပ်ငန်းနှင့် ဓာတ်ပုံ၊ ဖိတ်စာလုပ်ငန်းလုပ်ကိုင်နေသူ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ကိုအောင်ဇော်ထွန်းသည် မနက်စာ လာမစားသဖြင့် တည်ခိုခန်းတာဝန်ရှိသူက အခန်းတံခါးခေါက်ပြီး သွားခေါ်ရာ တုံ့ပြန်မှု […]

ထိုင်းလွှတ်တော်ကို ဖျက်သိမ်းမည်ဟု ယာယီဝန်ကြီးချုပ်ကြေညာ

Dawei Watch

September 3, 2025

ထိုင်းလွှတ်တော်ကို ဖျက်သိမ်းမည်ဟု ယာယီဝန်ကြီးချုပ် Phumtham Wechayachai က ယနေ့ စက်တင်ဘာ ၃ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ကြေညာလိုက်သည်။ လွှတ်တော်ကို ဖျက်သိမ်းပေးရန်အတွက် စက်တင်ဘာလ ၂ ရက်ကတည်းက ထိုင်းဘုရင်ထံ စာပို့ တင်ပြထားပြီး ဖြစ်ကြောင်း ဆိုသည်။ အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီက လက်ရှိအာဏာရ Pheu Thai ပါတီကို မဟုတ်ဘဲ Bhumjaithai ပါတီ၏ ခေါင်းဆောင် Anutin Charnveerakul ကို ထိုင်းဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်မည်ဟု ကြေညာပြီးနောက်ပိုင်း ယာယီဝန်ကြီးချုပ်က လွှတ်တော်ဖျက်သိမ်းရန် ကြေညာလိုက်ခြင်းဖြစ်သည်။ ပြည်သူ့ပါတီဘက်က တောင်းဆိုချက် ၅ ချက်ဖြင့် Bhumjaithai ပါတီ၏ ခေါင်းဆောင် Anutin Charnveerakul ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံပေးမည်ဟု သဘောတူထားခြင်းဖြစ်သည်။ သဘောတူချက်များတွင် လေးလအတွင်း […]

တနင်္သာရီ သိန်ခွန်းရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်၊ စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်နှစ်ကြိမ် ဗုံးကြဲ

Dawei Watch

September 3, 2025

ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာဝန်းကျင်တွင် တော်လှန်ရေးများတပ်နှင့် တိုက်ပွဲဖြစ်ပွားနေရာကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် တစ်ရက်အတွင်း နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ စက်တင်ဘာလ ၁ ရက် ညနေ ၃ နာရီခွဲကျော်တွင် တိုက်ပွဲဖြစ်နေသည့်ဧရိယာကို တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံး လာကြဲပြီး ညနေ ၄ နာရီခန့်တွင်လည်း ဗုံးတစ်လုံးထပ်လာကြဲကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “လာကြဲတာက သုံးလုံးလာကြဲတယ်။ သုံးလုံးမှာ တစ်လုံးက သူ(စစ်အာဏာရှင်တပ်)တို့ နေရာယူထားတဲ့ ဧရိယာအတွင်းကျတယ်။ နှစ်လုံးက တောထဲမှာပဲ ကျတယ်” ဟု ၎င်းက ပြောသည်။ ထိုသို့ဗုံးကြဲရာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောဆိုသည်။ တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက်တွင် တော်လှန်ရေးတပ်နှင့် စစ်အာဏာရှင်တပ်တို့ ဒရုန်းဖြင့် အပြန်အလှန် ဗုံးချတိုက်ခိုက်ခဲ့ကြကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် […]

မုဒုံတွင် စရဖ တစ်ဦးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ပစ်သတ်

Dawei Watch

September 3, 2025

မွန်ပြည်နယ်၊ မုဒုံမြို့၊ ရွှေဟင်္သာ‌စျေးရှေ့ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းတွင် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဝင်တစ်ဦးကို မုဒုံမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ပစ်ခတ်သဖြင့် သေဆုံးကြောင်း အဆိုပါပူးပေါင်းတပ်နှင့် မြို့ခံများထံမှ သိရသည်။ မုဒုံမြို့၊ မြို့မ (၃) ရပ်ကွက်တွင်နေထိုင်သည့် စရဖတပ်ဖွဲ့ဝင် ကိုမျိုး စက်တင်ဘာ ၁ ရက် ည ၇ နာရီခန့်က ဆိုင်ကယ်ဖြင့် ထွက်လာချိန် လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ အသက် ၅၀ နှစ်အရွယ် အဆိုပါတပ်ဖွဲ့ဝင်သည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးကြောင်း ၎င်းတို့က ဆိုသည်။ “သူက ဆိုင်ကယ်နဲ့ တစ်ယောက်တည်း ထွက်လာချိန်မှာ အနောက်ကနေ ပစ်ထည့်သွားတာ။ ပစ်ခံထိတော့ အဲဒီနေရာမှာပဲ ဆိုင်ကယ်လဲကျသွားပြီးတော့ ပွဲချင်းပြီး ဖြစ်သွားတယ်။ သူက စရဖ […]

ဂရင်းစ်ဘီတောင်းကို ရှုံးခဲ့ရတဲ့ပွဲအတွက် မန်ယူ အယူခံတက်

Dawei Watch

September 2, 2025

မန်ယူအသင်းဟာ ခရာဘောင်းဖလား ဒုတိယအဆင့်မှာ ဂရင်းစ်ဘီတောင်းကို ရှုံးခဲ့ရတာအတွက် အယူခံတက်လိုက်ပြီဖြစ်ပါတယ်။ ဂရင်းစ်ဘီတောင်းအသင်းဘက်က ပြိုင်ပွဲကစားဖို့ စံချိန်စံညွှန်း မပြည့်မီတဲ့ ကစားသမားတစ်ယောက်ကို အသုံးပြုခဲ့လို့ မန်ယူဘက်က အယူခံဝင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာလို့ ဆိုပါတယ်။ ဂရင်းစ်ဘီတောင်းဟာ သူတို့ကစားသမား ကလာ့ခ် အိုဒူအော် ကို ပွဲကစားရမယ့်နေ့ရဲ့သတ်မှတ်ထားချိန်ကို ကျော်လွန်ပြီးမှ မှတ်တမ်းတင်ခဲ့လို့ အဲ့ဒီအကြောင်းကို တိုင်ကြားအယူခံဝင်ဖို့ မန်ယူက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ပွဲကစားရမယ့်နေ့မှာ နှစ်ဖက်အသင်းက ပွဲကစားမယ့်ကစားသမားစာရင်းကို ပွဲမကစားခင် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား မှတ်ပုံတင်ရပြီး ဂရင်းစ်ဘီတောင်းဘက်က အိုဒူအော် ကို မှတ်ပုံတင်ချိန်ဟာ တစ်မိနစ်နောက်ကျခဲ့လို့ အဲ့ဒီအချက်ကို မန်ယူက အယူခံတင်လိုက်တာဖြစ်ပါတယ်။ အိုဒူအော် ကို မှတ်ပုံတင်လိုက်တဲ့အချိန်မှာ ၁၂ နာရီ ၁ မိနစ်ဖြစ်နေလို့ အချိန်အားဖြင့် တစ်မိနစ်နောက်ကျတဲ့အတွက် ဂရင်းစ်ဘီတောင်းဟာ […]