ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် စင်ကာပူ ထွက်ခွာ

Dawei Watch

September 4, 2025

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ယနေ့ ညပိုင်းတွင် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ဒွန်မောင်းလေဆိပ်မှတစ်ဆင့် စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စင်ကာပူနိုင်ငံတွင် နှစ်ရက်ကြာ ဆေးစစ်မှုခံယူရန် ထွက်ခွာသွားခြင်းဖြစ်ကြောင်း နီးစပ်သူ၏ ပြောကြားချက်ကို ဖော်ပြသည်။ သက်ဆင်သည် ဒွန်မောင်းလေဆိပ်သို့ ညနေ ၆ နာရီတွင် ရောက်ရှိလာခဲ့ပြီးနောက် ယခင်က သက်ဆင်၏ နိုင်ငံကူးလက်မှတ်ကို ပြည်ပထွက်ခွင့် ပိတ်ထားသဖြင့် လဝကအရာရှိများက ယာယီထိန်းသိမ်းခဲ့ကြောင်း ဖော်ပြသည်။ သို့သော်လည်း သက်ဆင်အား တော်ဝင်ဥပဒေ ပုဒ်မ ၁၁၂ အရ တရားစွဲခံထားရမှုကို ပယ်ဖျက်ပေးပြီးဖြစ်သဖြင့် နိုင်ငံကူးလက်မှတ်အား ပြန်လည်အသက်ဝင်စေခဲ့ပြီး နိုင်ငံမှ ထွက်ခွာခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း လဝကအရာရှိများ၏ ပြောကြားချက်ကို သတင်းများတွင် ဖော်ပြသည်။ သက်ဆင်သည် ထိုင်းနိုင်ငံမှ ထွက်ပြေးခြင်းမဟုတ်ဘဲ စင်ကာပူနိုင်ငံသို့ ဆေးစစ်မှုခံယူရန် သွားရောက်ခြင်းဖြစ်ကာ စက်တင်ဘာလ ၉ […]

ဖူးခက်တွင် ဆိုင်ဖွင့်ထားသည်ဟုဆိုကာ မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

September 4, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့တွင် တရားဝင် ခွင့်ပြုချက်မရှိဘဲ ဆိုင်ဖွင့်လှစ်ထားသည်ဟု ဆိုကာ မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၃ ရက်က ဖူးခက်မြို့၊ ဘန်ကောက်လမ်းမကြီးရှိ ဈေးအနောက်တွင်“သူငယ်ချင်းဆိုင်” အမည်ဖြင့် ဖွင့်လှစ်ထားသော ဆိုင်ကို ရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ဆိုင်တွင် အလုပ်သမားအားလုံးသည် မြန်မာအလုပ်သမားများဖြစ်ကြပြီး ထိုင်းနိုင်ငံသားအား အလုပ်ခန့်ထားသည်ကို မတွေ့ရကြောင်း ဆိုသည်။ ဆိုင်အတွင်း ရေးသားထားသော စာများ၊ မီနူး (အစားအသောက်) နှင့် ငွေပေးချေမှု ဖြတ်ပိုင်းများအားလုံးကို မြန်မာဘာသာဖြင့် ရေးသားထားပြီး စားသုံးသူအများစုမှာလည်း မြန်မာနိုင်ငံသားများဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ထို့ကြောင့် ဆိုင်ဖွင့်လှစ်ထားသော အသက် ၃၇ နှစ်အရွယ် ကိုဇော်မင်းလတ်ကို ဖမ်းဆီးခဲ့ပြီး အစားအသောက်မီနူးနှင့် မြန်မာဘာသာဖြင့် ရေးသားထားသော အမှာစာများကို သက်သေအနေဖြင့် […]

ထိုင်း ttb ဘဏ်က မြန်မာများ၏ Mobile Banking ကို တစ်နေ့ ဘတ် ၅၀၀၀ အထိသာ သုံးခွင့်ပြုမည်

Dawei Watch

September 4, 2025

ထိုင်းနိုင်ငံရှိ ttb ဘဏ် (TMBThanachart Bank) က မြန်မာနိုင်ငံသားများ၏ Mobile Banking အကောင့်များကို လာမည့် စက်တင်ဘာလ ၉ ရက်နေ့မှစ၍ နေ့စဉ်အသုံးပြုငွေ ဘတ် ၅၀၀၀ အထိသာ ခွင့်ပြုတော့မည်ဟု အကြောင်းကြားထားကြောင်း ttb ဘဏ်သုံးစွဲသူ မြန်မာနိုင်ငံသားများထံမှ သိရသည်။ လာမည့် စက်တင်ဘာလ ၉ ရက်နေ့မှစ၍ ဖုန်းမှတစ်ဆင့် ငွေလွှဲ၊ ငွေထုတ်၊ ငွေပေးချေမှုအားလုံးကို တစ်နေ့ ဘတ် ၅၀၀၀ အထိသာ ခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း ttb ဘဏ်က စက်တက်ဘာလ ၂ ရက်နေ့က Mobile Banking Application မှတစ်ဆင့် အကြောင်းကြားစာ ပေးပို့ထားကြောင်း မြန်မာနိုင်ငံသားများထံမှ သိရသည်။ ထို့ကြောင့် ttb ဘဏ်အသုံးပြုသော မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံထဲတွင် […]

ထားဝယ်မြို့တွင် ဆွမ်းတော်ကြီးတင်ပွဲကျင်းပမည့်အချိန် သစ်သီးပြတ်လပ်

Dawei Watch

September 4, 2025

ထားဝယ်မြို့‌ပေါ်တွင် ဘာသာရေးထုံးတမ်းအစဉ်လာအရ တော်သလင်းလပြည့်တွင် သစ်သီးဆွမ်း အပါအဝင် ဆွမ်းတော်ကြီး တင်လှူပူဇော်ပွဲကျင်းပလေ့ရှိပြီး လက်ရှိတွင် သစ်သီးများ ပြတ်လပ်နေကြောင်း ထားဝယ်မြို့ရှိ သစ်သီးအရောင်းဆိုင်များနှင့် မြို့ခံများထံမှသိရသည်။ ထားဝယ်မြို့ပေါ်ရှိ သစ်သီးရောင်းသည့်ဆိုင်ကြီး ခြောက်ဆိုင်ထက်မနည်းရှိပြီး ဆိုင်အားလုံးနီးပါးတွင် သစ်သီး အမျိုးအစား အားလုံးနီးပါး ပြတ်လပ်လျက်ရှိကြောင်း ထားဝယ်မြို့ ပေါ်ရှိ သစ်သီးဈေးကွက်ထံမှ စုံစမ်းသိရသည်။ ထားဝယ်ဒေသ၏ ရပ်ကွက်နှင့် ကျေးရွာအချို့တွင်ရှိ‌သော ထင်ရှားသည့် ဘုရားစေတီများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ တော်သလင်းလဆန်း (၁၄) ရက် ညနေပိုင်းနှင့် လပြည့်‌နေ့တို့တွင် သစ်သီး၊ မုန့်၊ ခဲဖွယ်များဖြင့် နှစ်စဉ်နှစ်တိုင်း ဆွမ်းတော်ကြီးတင်လှူပူဇော်ပွဲ ကျင်းပလေ့ရှိကြသည်။ ထို့ကြောင့် လပြည့်နေ့မတိုင်မီ လဆန်း ၁၃ ရက်၊ ၁၄ ရက်များတွင် ဆွမ်းတော်ကြီးတင်လှူရန် သစ်သီးအရောင်းရဆုံး ရက်များဖြစ်၍ ယခုနှစ်ထိုရက်တွင်မူ ရောင်းရန် သစ်သီးမရှိကြောင်း […]

အထွေထွေကုန်စျေးနှုန်း မြင့်တက်နေသော်လည်း ဝဥရာသီဖွင့်ချိန် ယခင်နှစ်ထက်ဈေးနည်း

Dawei Watch

September 4, 2025

အထွေထွေကုန်စျေးနှုန်း မြင့်တက်နေသော်လည်း ဝဥရာသီဖွင့်ချိန်တွင် ဝဥအစိုတစ်ပိဿာလျှင် ယမန်နှစ်ထက် ကျပ်တစ်ထောင်ဈေးလျော့နေကြောင်း ဝဥကုန်သည်အချို့နှင့် တောင်သူအချို့ထံမှ သိရသည်။ လက်ရှိတွင် ဝဥအစို တစ်ပိဿာလျှင် ငွေကျပ်သုံးထောင်ကျော်‌ ဈေးပေါက်နေပြီး ယမန်နှစ်ရာသီစချိန်ကမူ ကျပ်လေးထောင်ဈေးရှိခဲ့သည်။ ဝဥကို ပျမ်းမျှအားဖြင့် ဖေဖော်ဝါရီလဝန်းကျင်တွင် စတင်စိုက်ပျိုးကြပြီး ဆောင်းရာသီအစဖြစ်သည့် စက်တင်ဘာလဆန်း သို့မဟုတ် အောက်တိုဘာလဝန်းကျင်တွင် အများအားဖြင့်တူးဖော်ပြီး ရောင်းချလေ့ရှိသည်။ ယမန်နှစ်ထက် ဝဥရာသီအဖွင့်ဈေးကျနေသည့်အတွက် တောင်သူအများစုက ဝဥမတူးကြသေးဘဲ အခြေအနေစောင့်ကြည့် နေကြကြောင်း ဘုတ်ပြင်းမြို့နယ်နေ ဝဥတောင်သူတစ်ဦးက ဆိုသည်။ “ဝဥတူးတဲ့ရာသီက ဆောင်းရာသီလောက်မှတူးရောင်းကြတာ။တချို့ ကလည်းအခုကတည်းက ‌တူး‌ရောင်းနေကြပြီ။ ဈေးကတော့ကျနေတယ်”ဟု ၎င်းက ပြောသည်။ ဝဥဈေးကျနေသည့်အတွက် တူးဖော်ရောင်းချချင်သူအချို့မှာ အခက်တွေ့နေကြပြီး အချို့တောင်သူများကမူ ဈေးကောင်းရမှသာ တူးဖော်ရောင်းချမည်ဟု စီစဉ်ထားသော်လည်း သူခိုးအန္တရာယ် စိုးရိမ်နေရကြောင်း ဝဥတောင်သူအချို့ကဆိုသည်။ လက်ရှိတွင် ဝဥအဝယ်စနေပြီဖြစ်သော်လည်း တိုင်းအတွင်းဖြစ်ပွားနေသည့် […]

မြိတ်တွင် ငရုတ်သီး ၁၀တောင့် ကျပ်တစ်ထောင်ပေးရ၊ ကုန်စိမ်းပြတ်သဖြင့် အသုပ်ဆိုင် မုန့်ဆိုင်အချို့ရပ်နား

Dawei Watch

September 4, 2025

မြိတ်မြို့တွင် ငရုတ်သီး ၁၀တောင့်လျှင် ကျပ်တစ်ထောင်၊ ကြက်ဥတစ်လုံးလျှင် ၁၂၀၀ ကျပ်အထိ ဈေးမြောက်နေပြီး ကုန်စိမ်းအချို့ ပြတ်လပ်နေကြောင်း မြို့ခံများထံမှ သိရသည်။ ရန်ကုန်-ထားဝယ် အမှတ် ၈ ပြည် ထောင်စုလမ်းပိုင်းဖြစ်သည့် မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွား နေသဖြင့် ဩဂုတ်လ ၂၆ ရက်ကစပြီး ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်များ ပိတ်မိနေသည်မှာ ၁၀ ရက်ရှိလာပြီဖြစ်သည်။ ထို့ကြောင့် ရန်ကုန်ဘက်မှ တင်သွင်းသည့် ကုန်စိမ်းများ ပြတ်လပ်လာပြီး တဖြည်းဖြည်းဈေးတက်လာခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။ စက်တင်ဘာလ ၃ ရက်တွင် မြိတ်မြို့ရှိ ဈေးဆိုင်များတွင် ငရုတ်သီး ၁၀ တောင့်လျှင် ကျပ် တစ်ထောင်ဖြင့် ရောင်းချနေကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “ငရုတ်သီးလည်း ဈေးတက်၊ ဂေါ်ဖီထုပ်လည်းဈေးတက်။ တချို့ အသုပ်ဆိုင်ငယ်လေးတွေဆို ပိတ်ထားကြရတဲ့အထိပဲ” […]

မြန်မာ့လက်ဝှေ့နဲ့ ပူးပေါင်းလိုက်တဲ့ BKFC က ခေါင်းတိုက်ချက်နဲ့ အလဲထိုးနိုင်သူကို ဘောနပ်စ်ကောင်းကောင်းပေးဖို့ ဆုံးဖြတ်

Dawei Watch

September 4, 2025

မြန်မာ့လက်ဝှေ့နဲ့ ပူးပေါင်းလိုက်ပြီဖြစ်တဲ့ BKFC ဟာ သူတို့ရဲ့ ပြိုင်ပွဲတွေထဲ ခေါင်းတိုက်ချက်နဲ့ အလဲထိုး ပွဲသိမ်းနိုင်တဲ့ဖိုက်တာကို ဘောနပ်စ်ကောင်းကောင်းပေးဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ခေါင်းတိုက်ချက်နဲ့ ပွဲသိမ်းနိုင်တဲ့ဖိုက်တာကို အမြင့်မားဆုံးဘောနပ်စ်ဆုကြေးပေးမှာဖြစ်ပြီး ဒါဟာ BKFC ရဲ့အမှတ်အသားတစ်ခု ဖြစ်လာလိမ့်မယ်လို့ ပရိသတ်တွေက သုံးသပ်နေကြပါတယ်။ BKFC က အခုပေးအပ်ချီးမြှင့်မယ့်ဆုကြေးဟာ ဘယ်ကိုယ်ခံပညာစုံတိုက်ခိုက်ရေး Fight ပြိုင်ပွဲမှာမှ မရှိတဲ့အတွက် ပရိသတ်တွေ စိတ်ဝင်စားမယ့်ထူးခြားချက်တစ်ခုလည်း ဖြစ်လာနိုင်စရာရှိနေပါတယ်။ BKFC ဟာ Fight of The Knight၊ KO of The Night၊ Performance of The Night အစရှိတဲ့ ဘောနပ်စ်ဆုကြေးတွေလည်း ချီးမြှင့်မှာဖြစ်ပြီး ဆုကြေးအကြီးဆုံးဘောနပ်စ်ကတော့ Headbutt KO of The Night ဖြစ်လာလိမ့်မယ်လို့ […]

ပိုလန်တွင် အမေရိကန်တပ်ဖွဲ့များ တိုးမြှင့်ချထားနိုင်ကြောင်း ထရမ့်ပြော

Dawei Watch

September 4, 2025

ပိုလန်တွင် အမေရိကန်တပ်ဖွဲ့များကို တိုးမြှင့်ချထားနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၃ ရက်နေ့တွင် ပြောဆိုလိုက်သည်။ ကွန်ဆာဗေးတစ် လက်ယာယိမ်း ပိုလန်သမ္မတ Karol Nawrocki နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံစဉ်အတွင်း ထရမ့်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ အမေရိကန်သည် ပိုလန်နှင့် အင်မတန် ခိုင်မာသည့် ဆက်ဆံရေးရှိကြောင်း ထရမ့်က ပြောကာ ပိုလန်၏ လုံခြုံရေးအတွက် ၎င်းက အာမခံပြောဆိုခဲ့သည်။ အမေရိကန်တပ်ဖွဲ့များကို ပိုလန်တွင် ဆက်လက်ထားရှိမည်လား ဆိုသည်နှင့် ပတ်သက်၍ မေးမြန်းမှုကို ထရမ့်က “သူတို့ ဆန္ဒရှိရင် ကျွန်တော်တို့ နောက်ထပ်တပ်ဖွဲ့တွေ ပိုချထားပေးမှာပါ” ဟု ဖြေကြားခဲ့သည်။ ၎င်းနှင့် ထရမ့်တို့အကြား ပိုလန်တွင် အမေရိကန်တပ်ဖွဲ့ အရေအတွက် တိုးမြှင့်ချထားရေးကို ဆွေးနွေးခဲ့ကြောင်း ထရမ့်နှင့် တွေ့ဆုံမှုအပြီးတွင် […]