ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တာခ့်တွင် တရားမဝင် ဝင်လာသော မြန်မာ ၇၀ ကျော် ဖမ်းဆီးခံရ၊ ဖမ်းဆီးခံရမှုများ ဆက်တိုက်ဖြစ်နေ

Dawei Watch

September 4, 2025

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၇၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၃ ရက် ညပိုင်းက တာခ့်မြို့ရှိ အမြန်လမ်းမကြီးပေါ်တွင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာနေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က ဂိတ်ချစစ်ဆေးနေစဉ် မသင်္ကာစရာ အလုံပိတ်ကားနှစ်စီးကို တွေ့ရသဖြင့် တားဆီးစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ ပထမကားကို စစ်ဆေးရာ ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၄၀ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမားကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ ဒုတိယကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၃၁ ဦးကိုလည်း […]

လွှတ်တော်ဖျက်သိမ်းရေး ထိုင်းဘုရင့်ကောင်စီလက်မခံ၊ အနုထင် ချန်ဝီရကူ ဝန်ကြီးချုပ်အသစ်ဖြစ်လာမည်

Dawei Watch

September 3, 2025

ယာယီဝန်ကြီးချုပ် Phumtham Wechayachai က တင်သွင်းထားသော ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပေးရေးအဆိုကို ဘုရင့်အတိုင်ပင်ခံကောင်စီက ပယ်ချလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ လွှတ်တော်ကို ဖျက်သိမ်းပေးရန် စက်တင်ဘာလ ၂ ရက်က ထိုင်းဘုရင်ထံ စာပို့ တင်သွင်းခဲ့သောအဆိုကို ဘုရင့်အတိုင်ပင်ခံကောင်စီရုံးက ပယ်ချခဲ့ခြင်းဖြစ်ပြီး အစိုးရရုံးအဖွဲ့သို့ ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် စာပေးပို့ခဲ့ခြင်းဖြစ်သည်။ ယာယီအစိုးရအနေဖြင့် လွှတ်တော်ဖျက်သိမ်းရန် ထိုင်းဘုရင်ထံ တင်သွင်းခွင့် အာဏာမရှိကြောင်း ထိုင်းနိုင်ငံတော်ကောင်စီ အထွေထွေ အတွင်းရေးမှူးက ပြောသည်။ ထို့ကြောင့် ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်အသစ်ကို လွှတ်တော်ထဲ မဲပေးရွေးချယ်ရန်ရှိနေပြီး Bhumjaithai ပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူ (Anutin Charnveerakul) က ဝန်ကြီးချုပ်အသစ် ဖြစ်လာတော့မည်ဖြစ်သည်။ အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီဘက်က တောင်းဆိုချက် […]

ရန်ကုန်-ထားဝယ် ကားလမ်းပိတ်နေ၍ ထားဝယ်တွင် ငရုတ်သီးစိမ်း တစ်ပိဿာ ငါးသောင်းကျပ်ဖြစ်

Dawei Watch

September 3, 2025

ရန်ကုန်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်ပိုင်းတွင် တိုက်ပွဲကြောင့် ကုန်စီးဆင်းမှုများရပ် တန့်နေသဖြင့် ထားဝယ်စျေးကွက်တွင် ငရုတ်သီးစိမ်းတစ်ပိဿာ ကျပ်ငါးသောင်းအထိ ပေးဝယ်နေရကြောင်း ထားဝယ်ဒေသခံအိမ်ရှင်မများနှင့် ကုန်စိမ်းရောင်းချသူအချို့ထံမှသိရှိရသည်။ ထားဝယ်မြို့ပေါ်ရှိ ကမ်းနားစျေးနှင့် မြို့ပေါ် စျေးတို့တွင် ယနေ့ (စက်တင်ဘာ ၃)တွင် ငရုတ်သီးစိမ်း တစ်ပိဿာကို ကျပ် ၅၀၀၀၀အထိ စျေးမြင့်တက်ခဲ့ပြီး ကားလမ်းမပိတ်မီက ငရုတ်သီးစိမ်းတစ်ပိဿာ ကျပ် ၂၀၀၀၀ ခန့်သာရှိကြောင်း ထားဝယ်မြို့ကမ်းနားစျေးတွင် ကုန်စိမ်းလက်လီ၊လက်ကား ရောင်းချသူအမျိုးသမီးတစ်ဦးကပြောသည်။ “ဒီနေ့ဝယ်မရောင်းတော့ဘူး။ ငရုတ်သီးနဲ့ ခရမ်းကြွပ်သီး။ စျေးမှာဝယ်ရောင်းစရာကုန် တွေလည်း များများစားစားမရှိဘူး။ ချဉ်ပေါင်နဲ့ ကန်စွန်းရွက်တို့ပဲရှိတော့တယ်”ဟု ယင်းအမျိုးသမီးကပြောသည်။ လောင်းလုံးမြို့နယ်ရှိ စျေးတစ်ခုတွင် ငရုတ်သီးနို့ဆီဘူး တစ်ဘူးကို ၅၀၀၀ ကျပ်အထိ စျေးတက်သွား၍ ဟင်းတစ်ခွက်စာသာ ဝယ်ယူခဲ့ရကြောင်း လောင်းလုံးမြို့ နယ်တွင် နေထိုင်သည့်အိမ်ရှင်မ တစ်ဦးကပြောသည်။ […]

ကျိုက်မရောတွင် စစ်အာဏာရှင်တပ်က ဒရုန်းဖြင့်ဗုံးချ၍ အရပ်သားတစ်ဦးသေ၊ အများအပြားဒဏ်ရာရ

Dawei Watch

September 3, 2025

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဒွန်း-ကော့ပနောလမ်းဆုံရှိ DKBA စစ်ဆေးရေးဂိတ်ကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယမန်နေ့ (စက်တင်ဘာ ၂) ညနေ ၄ နာရီဝန်းကျင်ခန့်က DKBA စစ်ဆေးရေးဂိတ်ကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ရာတွင် ဖြတ်သန်းသွားလာသည့် ခရီးသည်တင်ကားတစ်စီးပေါ် ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ခရီးသည်တင်ကားပေါ် ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ကားပေါ် လိုက်ပါလာသည့် ခရီးသည်အမျိုးသား ၁ ဦး သေဆုံးသွားခဲ့ပြီး အမျိုးသမီးများအပါအဝင် အခြားသော ခရီးသည် ၁၀ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ “ခရီးသွားကားပေါ့ ဘုရားသုံးဆူကနေ ဆင်းလာတဲ့ကားတစ်စီးပေါ် ကျကွဲသွားတာ။ ကားပေါ်ကလူတွေ ထိတယ်။ သေသွားတာက တစ်ယောက်၊ ကျန်တာ […]

စစ်အာဏာရှင်တပ်သားများ လောင်းလုံးမြို့ပေါ်နေအိမ်များရှိ စားနပ်ရိက္ခာနှင့် တန်ဖိုးရှိပစ္စည်းများ မကြာခဏဝင်ယူ

Dawei Watch

September 3, 2025

စစ်အာဏာရှင်တပ်သားများက လောင်းလုံးမြို့ပေါ် နေအိမ်များရှိ စားနပ်ရိက္ခာများနှင့် တန်ဖိုးရှိပစ္စည်းများကို အတင်းအဓမ္မ ယူဆောင်သွားလေ့ရှိကြောင်း မြို့ခံအချို့ထံမှ သိရသည်။ လောင်းလုံးမြို့ပေါ်ရှိ ထွေအုပ်ရုံးတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများ ကင်းလှည့်ထွက်ချိန် နေ့ဘက်ရော ညဘက်တွင်ပါ ယင်းကဲ့သို့ လုပ်ဆောင်နေကြကြောင်း မြို့ခံများက ပြောသည်။ ပြီးခဲ့သည့် လပိုင်းက လူမရှိသည့် နေအိမ်များကိုသာ ဖောက်ထွင်းဝင်ရောက်ပြီး ယူဆောင်နေရာက လက်ရှိတွင် လူရှိသည့် နေအိမ်များအတွင်းအဓမ္မဝင်ရောက်ကာ ယူဆောင်နေကြောင်း လောင်းလုံးမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ “လူမရှိတဲ့ အိမ်တွေမှာလည်း ကုန်ပြီဆိုတော့ လူရှိတဲ့ အိမ်တွေကို စစ်စရာရှိတယ်ပြောပြီး လူတွေကို အပြင်ထွက်ခိုင်ပြီး အိမ်ထဲမှာရှိတာ အကုန်ယူတာ။ ယူတာကမှ ဘာမှမကျန်အောင်ကို ယူတာ။ ကြက်တွေဆို ရိုက်သတ်ပြီး ယူသွားတယ်။ ကြောင်ကအစ ရိုက်သတ်စားတာ။ သူတို့က ထည့်ဖို့အိတ်တောင် အသင့်ယူလာတာ” ဟု […]

မလေးရှားတွင် မြန်မာ ၂၃၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

September 3, 2025

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၂၃၀ ကျော် ဖမ်းဆီးခံရကြောင်း မလေးရှားသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။ စက်တင်ဘာလ ၂ ရက် ည ၇ နာရီခွဲမှ ၁၀ နာရီခွဲအထိ ပြုလုပ်ခဲ့သော ဘူကစ်ဘင်တန်ရှိ တရားမဝင် နိုင်ငံခြားသားများ ဖမ်းဆီးရေး စီမံချက်တွင် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၇၇၀ ဦးကို မလေးရှားလဝကအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသော နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား ၂၃၅ ဦး၊ ဘင်္ဂလားဒေရှ့် ၃၇၇ ဦး၊ နီ‌ပေါ ၇၂ ဦး၊ အိန္ဒိယ ၅၈ ဦး၊ အင်ဒိုနီးရှား ၁၉ ဦးနှင့် အခြားနိုင်ငံသား ၉ ဦးလည်း ပါဝင်ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူများတွင် တရားဝင် […]

တနင်္သာရီတိုင်းတွင် လေယာဉ်လက်မှတ် ဝယ်ရခက်ခဲနေ

Dawei Watch

September 3, 2025

တနင်္သာရီတိုင်းမှ ရန်ကုန်မြို့သို့ အသွား၊ အပြန် ခရီးစဉ်အတွက် လေယာဉ်လက်မှတ်‌ ဝယ်ယူရခက်‌ခဲနေကြောင်း ခရီးသည်အချို့နှင့် လေယာဉ်လက်မှတ်အရောင်းဌာအချို့ထံမှ သိရသည်။ ရန်ကုန်-မော်လမြိုင်- ထားဝယ်- မြိတ်- ကော့သောင်းသွား အမှတ် ၈ ပြည်ထောင်စုကားလမ်းမ‌ကြီးတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် လမ်းပိတ်လျက်ရှိသည်။ အဆိုပါပြည်ထောင်စုလမ်းပိုင်း မလွှဲတောင်နှင့် ကလိန်အောင်မြို့ကြားရှိ လမ်းပိုင်းတွင် တိုက်ပွဲကြောင့် ခရီးသည်ကားနှင့် ကုန်တင်ကားများပိတ်မိနေကြသည်မှာ ၁၀ ရက်ခန့်ရှိနေပြီသည်။ အလားတူ ထားဝယ်-မြိတ်-ကော့သောင်း ကားလမ်းပိုင်းဖြစ်သည့် ပုလောမြို့နယ် မကျည်းကုန်းရွာအနီးတွင် လမ်းပိတ်နေကြောင်း ခရီးသည်ကားလိုင်းအချို့ထံမှ သိရသည်။ ယင်းကဲ့သို့ လမ်းပိတ်နေသဖြင့် ခရီးသွားရမည့်သူများမှာ လေကြောင်းလိုင်းဖြင့် သွားလာသူများလာပြီး လေယာဉ်လက်မှတ်လည်း ဝယ်ရခက်လာကြောင်း ခရီးသည်အချို့က ပြောသည်။ ထားဝယ်နှင့် မြိတ်မြို့ရှိ လေယာဉ်လက်မှတ်အရောင်းဌာနအချို့အား မေးမြန်းချက်အရ တနင်္သာရီတိုင်းမှ ရန်ကုန်မြို့သို့ အသွားအပြန် ခရီးစဉ်လက်မှတ်များမှာ စက်တင်ဘာလ ၁၅ […]

ဗင်နီဇွဲလား မူးယစ်ဂိုဏ်းလှေပေါ်က လူ ၁၀ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း ထရမ့်ပြော

Dawei Watch

September 3, 2025

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟု သံသယရှိသည့် ဗင်နီဇွဲလား မူးယစ်ဂိုဏ်းလှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကာ လှေပေါ်ပါလာသည့် လူ ၁၁ ဦးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၂ ရက်တွင် ပြောဆိုသည်။ ယင်းမှာ ကာရစ်ဘီယန် ပင်လယ်တောင်ပိုင်းသို့ ထရမ့်အစိုးရက အမေရိကန်စစ်သင်္ဘာများ တပ်ဖြန့်စေလွှတ်လိုက်ပြီးနောက် ပထမဆုံး သတင်းထွက်ပေါ်လာသည့် စစ်ဆင်ရေးလည်း ဖြစ်သည်။ “ပြီးခဲ့တဲ့ မိနစ်အနည်းငယ်ကပဲ လှေတစ်စီးကို ကျွန်တော်တို့ ပစ်ခတ်ဖျက်ဆီးပစ်လိုက်ပြီ။ မူးယစ်ဆေးသယ်တဲ့ လှေတစ်စီးပါ။ အဲဒီလှေထဲမှာ မူးယစ်ဆေးတွေ အများကြီး ပါလာတယ်” ဟု ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ “အဲဒါတွေ လာခဲ့တဲ့ နေရာကနေ ဒီလိုမျိုး နောက်ထပ်အများကြီး ရှိသေးတယ်။ ကျွန်တော်တို့ နိုင်ငံထဲကို မူးယစ်ဆေးဝါးတွေ အများကြီး လှိမ့်ဝင်နေတယ်။ အဲလို ဖြစ်နေတာ […]