ထားဝယ်မြို့တွင် စစ်ကော်မရှင်ကျင်းပမည့် ကရင်နှစ်သစ်ကူးနေ့ ပျော်ပွဲရွှင်ပွဲအတွက် ညမထွက်ရအမိန့် တစ်ရက်ရုပ်သိမ်း
Dawei Watch
December 19, 2025ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျရောက်သည့် ကရင်ရိုးရာ နှစ်သစ်ကူးနေ့တွင် ထားဝယ်မြို့၌ ပျော်ပွဲရွှင်ပွဲများကျင်းပရန် စစ်ကော်မရှင်အဖွဲ့က ညမထွက်ရအမိန့်ကို တစ်ရက်တာ ရုပ်သိမ်းထားကြောင်း မြို့ခံများထံမှသိရသည်။ ညမထွက်ရ အမိန့်တစ်ရက်တာ ရုပ်သိမ်းကြောင်းကို တိုင်းစစ်ကော်မရှင်၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီဇင်ဘာလ ၁၈ ရက်နေ့မှစ၍ မြို့အနှံ့ အသံချဲ့စက်ဖြင့် လိုက်လံကြေညာနေခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “ညမထွက်ရုပ်သိမ်းတာက ဒီဇင်ဘာ ၁၉ ရက် ကရင်နှစ်သစ်ကူးနေ့ တစ်ရက်တည်းပါ၊ နှစ်သစ်ကူးနေ့ အခမ်းအနားကတော့ အရင်အတိုင်း ရွှေဝယ်သီရိ အားကစားကွင်းမှာ ပြင်ဆင်ထားတာတွေ့ရတယ်”ဟု ယင်းအမျိုးသားကပြောသည်။ ထားဝယ်မြို့ တွင် စစ်ကော်မရှင်သတ်မှတ်ထားသည့် ညမထွက်ရအမိန့်မှာ ည ၁၁ နာရီမှနံနက် ၃ နာရီအထိဖြစ်သည်။ ယနေ့ ထားဝယ်မြို့ ၊ရွှေဝယ်သီရီအားကစားကွင်း၌ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ပြခန်းအချို့ပြသထားသည့်အပြင် […]


