ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်အာဏာရှင်တပ်က အလယ်ပိုင်းရွာကို ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်

Dawei Watch

February 13, 2026

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ အလယ်ပိုင်းရွာကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်တွင် ဇဝဲရွာဘက်မှ တကူရွာဘက်သို့ ဒရုန်းတက်လာသည်ကို တွေ့ရပြီးနောက် အလယ်ပိုင်းရွာရှိ ဥယျာဉ်ခြံအတွင်းသို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဒရုန်းကျတဲ့နေရာမှာ မီးလောင်သွားတယ်။ တစ်လံပတ်လည်(၆ပေပတ်လည်) လောက်ပေါ့။ အခုဒရုန်းကျတဲ့နေရာနဲ့ အရင်လေယာဉ်ဗုံးကျခဲ့တဲ့နေရာနဲ့ နီးတယ်။ ထိခိုက်မှုတော့ မရှိဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်း (Kamikaze Drone) ကို အသုံးပြု၍ တကူရွာကို တိုက်ခိုက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး၊ တနင်္သာရီမြို့နယ်အတွင်း ၎င်းဒရုန်းအမျိုးအစား အသုံးပြု၍ တိုက်ခိုက်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ဒရုန်းက ဇဝဲတပ်ကို […]

CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများ ဖေဖော်ဝါရီ ၁၇ စဖွင့်မည်

Dawei Watch

February 12, 2026

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) အသစ် ထုတ်ပေးရေးစခန်းများကို လာမည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်သည်။ CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများကို စမွတ်စခွန်၊ စမွတ်ပရကန်၊ ချင်းမိုင်၊ စူရတ်ဌာနီနှင့် ချွန်ဘူရီခရိုင်များတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ပေးမည်ဟုဆိုသည်။ CI စာအုပ်အသစ် ပြုလုပ်လိုသူများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် စာအုပ်ဖိုးကုန်ကျစရိတ် ၂၆၇၀ ဘတ်ကို ပေးသွင်းပြီး မိမိပြုလုပ်လိုသော နီးစပ်ရာ CI စခန်းများတွင် ကြိုတင်ရက်ချိန်း ရယူနိုင်ကြောင်း ဖော်ပြထားသည်။ 7-Eleven စတိုးဆိုင်က ပေးလိုက်သော ကြိုတင်ရက်ချိန်းနှင့်အတူ အလုပ်လုပ်ခွင့်လက်မှတ် (Work permit) စာရွက်များကို ကိုင်ဆောင်၍ […]

ကော့ကရိတ်‌တောင်ပိုင်းရှိ ကျေးရွာအချို့ကို စစ်အာဏာရှင်တပ် ဒရုန်းဖြင့်ဗုံးချ

Dawei Watch

February 12, 2026

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်အာဏာရှင်တပ်က စစ်အင်အားတိုးမြှင့်ထားပြီး အရပ်သားပြည်သူရှိရာ ကျေးရွာအချို့ကို ဒရုန်းဖြင့် ဗုံးချကြောင်း ဒေသခံထံမှ သိရသည်။ ဇန်နဝါရီလကုန်ပိုင်းကစပြီး စစ်အာဏာရှင်တပ်သည် သထုံ- ဘားအံကားလမ်းအတိုင်း လက်နက်၊ စစ်အင်အား အများအပြားဖြင့် ဝင်ရောက်လာပြီး မြို့နယ်အတွင်းရှိ တပ်စခန်းများတွင် အင်အားတိုးမြှင့်ထားသည့်အပြင် ကျေးရွာ အချို့တို့တွင်လည်း ဝင်ရောင်တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၈ ရက်တွင် ကော့ကရိတ်မြို့နယ်တောင်ပိုင်း၊ ကမိုင်ကုန်းကျေးရွာဘက်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က သာယာကုန်းကျေးရွာထဲကို ဒရုန်းဖြင့် ဗုံးသုံးလုံးထက်မနည်း ချခဲ့ကြောင်း ဒေသခံများက ဆိုသည်။ နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ “ရွာဘက်မှာ ဒရုန်းတွေနဲ့ နေ့တိုင်းလာတယ်။ တစ်ခါတလေကျရင် လာပြီး ပြန်လှည့်သွားတယ်။ တစ်ခါတလေကျရင် ဗုံးကြဲချတယ်။ ရွာထဲမှာလည်း […]

ကော့သောင်းဒေသခံတစ်ဦးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်

Dawei Watch

February 12, 2026

ကော့သောင်းမြို့နယ် အေးချမ်းသာကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးကို စစ်‌အာဏာရှင်တပ်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ကာ မီးရှို့အလောင်းဖျောက်ခဲ့ကြောင်း မိသားစုဝင်နှင့် နီးစပ်သူအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်တွင် အသက် ၅၀ ဝန်းကျင်အရွယ် ဦးအောင်ဌေးသည် နေအိမ်မှ ဥယျာဉ်ခြံ ရှိရာသို့သွားစဉ် လမ်းပိုင်း၌ စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့်တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူ တစ်ဦးက ဆိုသည်။ ဦးအောင်ဌေး၏ ဥယျာဉ်ခြံမှာ အေးချမ်းသာရွာမှ ဆိုင်ကယ်ဖြင့်သွားပါက မိနစ် ၃၀ ခန့်ကြာသည့် အကွာအဝေးတွင်တည်ရှိသည်။ ဦးအောင်ဌေးသည် ဥယျာဉ်ခြံသို့သွားချိန် ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်ပြီး အလောင်းကို အေးချမ်းသာရွာနှင့် ၅ မိုင်ခန့်အကွာရှိ ယုဇနဆီအုန်း i.2 ဇုန်ပျိုးခင်းရှိ စာသင်ကျောင်း အနောက်ဘက်တွင် မီးရှို့ထားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။ “အလောင်းကို မီးရှို့ထားတာ မကုန်(အားလုံး မလောင်ကျွမ်း)ဘူး”ဟု […]

ကမ္ဘာတစ်ဝန်းတွင် နိုင်ငံရေးသမားများကို ခြိမ်းခြောက်ရန်ရှာမှု မြင့်တက်

Dawei Watch

February 12, 2026

ကမ္ဘာတစ်ဝန်းတွင် နိုင်ငံရေးသမားများကို အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနှင့် ရန်ရှာနှောင့်ယှက်မှုများ ယခင်ကထက် ပိုမိုမြင့်တက်လာကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့က ထုတ်ပြန်သည့် စစ်တမ်းတစ်ခုက ဖော်ပြသည်။ အဆိုပါ အခြင်းအရာသည် နည်းပညာသစ်များကြောင့် ပိုမိုဆိုးရွားလာနေပြီး ဒီမိုကရေစီစနစ်အပေါ် ကြီးမားသည့် ရိုက်ခတ်မှုမှုများ ရှိလာနိုင်ကြောင်း အဆိုပါ စစ်တမ်းတွင် သတိပေးထားသည်။ ၂၀၂၅ ခုနှစ်အတွင်း အဓိကကောက်ယူခဲ့သည့် အဆိုပါ စစ်တမ်းကို လွှတ်တော်ပေါင်း ၁၈၃ ခုဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာလုံးဆိုင်ရာ ပါလီမန်များသမဂ္ဂ (IPU) က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ စစ်တမ်းကောက်ယူရာတွင် နိုင်ငံပေါင်း ၈၀ ကျော်မှ လွှတ်တော်အမတ်များထံ မေးခွန်းများပေးပို့ မေးမြန်းကောက်ယူခဲ့သည်။ ကမ္ဘာ့အခြေအနေကို ကိုယ်စားပြုဖော်ပြနိုင်ရန် အာဂျင်တီးနား၊ ဘီနင်၊ အီတလီ၊ မလေးရှားနှင့် နယ်သာလန် နိုင်ငံတို့မှ အရွေးကောက်ခံကိုယ်စားလှယ် […]

သထုံခရိုင်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး တိုက်ပွဲများဆက်တိုက်ဖြစ်

Dawei Watch

February 12, 2026

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်များတွင် စစ်အာဏာရှင်တပ် စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများဘက်သို့ ဖေဖော်ဝါရီလ ပထမအပတ်ခန့်ကစပြီး စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ၎င်းတို့က ပြောသည်။ ဖေဖော်ဝါရီလ ၉ရက်နှင့် ၁၀ရက်တို့တွင် ကျိုက်ထိုမြို့နယ် မောက္ခမော့နှင့် ခရွဲကျေးရွာတို့အနီးဝန်းကျင်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ၊ တော်လှန်ရေးပူးပေါင်းတို့နှင့် စစ်အာဏာရှင်တပ် စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဖေဖော်ဝါရီလ ၁၁ ရက်တွင်လည်း အဆိုပါကျေးရွာများအနီးဝန်းကျင်တွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲများကြောင့် ဒေသခံများ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်မှု ရှိသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်မှုရှိပြီး […]

မောတောင်လမ်းပိုင်းရှိ လသားအရွယ်ကလေးများနှင့် ကိုယ်ဝန်သည် စစ်ဘေးရှောင်များ အကူအညီလို

Dawei Watch

February 12, 2026

တနင်္သာရီမြို့မှ မောတောင်မြို့ကို သွားရာလမ်းပိုင်းရှိ သဲဖြူရွာဝန်းကျင်တွင် စစ်ဘေးရှောင်နေရသူများအနက် လသားအရွယ် ကလေးများနှင့် ကိုယ်ဝန်သည်များအတွက် အာဟာရနှင့် အသုံးဆောင်များ လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများထံမှ သိရသည်။ ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၄ရက်တွင် တော်လှန်‌ရေးတပ်များ သိမ်းပိုက်ပြီးနောက် သဲဖြူရွာနှင့် သိန်ခွန်းရွာကို စစ်အာဏာရှင်တပ်က စစ်အင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံ ၁၅၀၀ကျော် စစ်ဘေးရှောင်နေကြရသည်။ စစ်ဘေးရှောင်နေစဥ်အတွင်း မွေးဖွားသည့်ကလေးငယ် ၁၀ကျော်ရှိပြီး လသားအရွယ်ကလေးများအတွက် နို့မှုန့်များ၊ အဝတ်အစားများ၊ ကလေးသုံးဆောင်ပစ္စည်းများနှင့် ကာကွယ်‌ဆေးများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်သည်များမှာ အဟာရ ပြည့်ပြည့်ဝဝ မစားရသဖြင့် ဖြည့်စွက်စာကဲ့သို့ အကူအညီများ လိုအပ်နေပြီး ကိုယ်ဝန်ဆောင်များအတွက်ဆိုလျှင် ကိုယ်ဝန်ဆောင် အားဆေးများလည်း လိုအပ်ကြောင်း ၎င်းတို့က ဆိုသည်။ […]

ထားဝယ်မြို့တွင် ပြည်ထောင်စုနေ့ဂီတဖျော်ဖြေပွဲကျင်းပရန် ညမထွက်ရအမိန့် ခေတ္တရုပ်သိမ်း

Dawei Watch

February 12, 2026

ထားဝယ်မြို့တွင် ယနေ့ (ဖေဖာ်ဝါရီ ၁၂) ညတွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲ ကျင်းပမည်ဖြစ်၍ ညမထွက်ရအမိန့်ကို ခေတ္တရုပ်သိမ်းထားကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။ ယနေ့ညတွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ထားဝယ်မြို့ပေါ်တွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပမည်ဖြစ်ရာ ညဘက်သွားလာခြင်းများ ရှိနိုင်သောကြောင့် ည ၁၁ နာရီမှ နံနက် ၃ နာရီအထိ ညမထွက်ရအမိန့်အား ခေတ္တပယ်ဖျက်ကြောင်း ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ကြေညာထားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။ ယခုနှစ် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြပွဲကို စစ်ကောင်စီက ရွှေဝယ်သီရိ အားကစားကွင်း၌ ခင်းကျင်းပြသထားပြီး တေးဂီတဖျော်ဖြေပွဲကိုမူ ကမ်းနားလမ်းသဲကွင်း၌ ကျင်းပရန် စီစဉ်ထားကြောင်း စုံစမ်းသိရှိရသည်။ ယခုနှစ်တွင် ကျရောက်သည့် ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ထားဝယ်မြို့ရှိ ရွှေဝယ်သီရိ အားကစားကွင်းတွင် […]