ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တုံးဗျောကြီးရွာရှိ စစ်အာဏာရှင်တပ်ဂိတ် တိုက်ခိုက်ခံရပြီးနောက် အင်အားတိုးမြှင့်ကာ စစ်ဆေးမှုတင်းကျပ်

Dawei Watch

September 30, 2025

မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာလမ်းဆုံရှိ စစ်အာဏာရှင်တပ်စစ်ဆေး‌ရေးဂိတ်ကို ‌တော်လှန်‌‌ရေးတပ်များ တိုက်ခိုက်ပြီးနောက် စစ်အင်အားထပ်တိုးကာ စစ်ဆေးမှု ပိုမိုတင်းကျပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၂၉ရက်က အဆိုပါဂိတ်ကို တော်လှန်‌‌ရေးတပ်များက တိုက်ခိုက်ပြီးနောက် မြိတ်မြို့မှ ကားတစ်စီးဖြင့် စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၃၀ ခန့် အင်အားထပ်တိုးလာကြောင်း ဒေသခံများက ပြောသည်။ ယနေ့ စက်တင်ဘာလ ၃၀ရက်တွင်လည်း မြိတ်မြို့ စစ်ကောင်စီအမှတ် (၁၀၁) ခြေလျင်တပ်ရင်းက ကားတစ်စီးဖြင့် တပ်ဖွဲ့ဝင် အင်အား ၄၀ ဝန်းကျင်နှင့် ဒရုန်းတစ်စင်းထပ်မံရောက်ရှိ အားဖြည့်ထားပြီး စစ်ဆေးမှုတင်းကျပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ခါတိုင်းဆို ရွာသားတွေကို မစစ်ဘူး။ အခုက ရွာသားတွေလည်း အကုန်စစ်တယ်။ ခရီးသွားတွေလည်း ပိုတင်းကျပ်ပြီး စစ်ဆေးလာတယ်။ ရမ်းနေပုံရတယ်” ဟု ၎င်းက ပြောဆိုသည်။ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုတွင် […]

သရက်ချောင်း ကျောက်လှေကားရွာတွင် နေအိမ် ၇၀ကျော် မီးရှို့ဖျက်ဆီးခံရ

Dawei Watch

September 30, 2025

သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားရွာတွင် နေအိမ် ၇၃ လုံးကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) ၊ မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ဥတ္တူရွာမှ အင်းပြားရွာ၊ ကျောက်လှေကားရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ စက်တင်ဘာလ ၂၉ ရက်နှင့် ယနေ့ စက်တင်ဘာလ ၃၀ ရက်တို့တွင် နှစ်ရက်ဆက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ နှစ်ဖက် တိုက်ပွဲဖြစ်စဉ် စက်တင်ဘာလ ၂၉ရက် ညပိုင်းနှင့် ယနေ့ နံနက်ပိုင်းတို့တွင် ကျောက်လှေကားရွာက နေအိမ်များကို စစ်အာဏာရှင်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ သရက်ချောင်းမြို့နယ် အထက်ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းကို ယနေ့ နံနက် ၇ နာရီတွင် […]

“ဘူအလွိုင်” မုန်တိုင်း၏ လေပွေလှိုင်းများကြောင့် တနင်္သာရီ အပါအဝင် တစ်နိုင်ငံလုံး မိုးဆက်ကြီးမည်

Dawei Watch

September 30, 2025

” ဘူအလွိုင် ” မုန်တိုင်း ၏ လေပွေလှိုင်းများ အရှိန်ကြောင့် တနင်္သာရီ အပါအဝင် တစ်နိုင်ငံလုံး အောက်တိုဘာလဆန်းအထိ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း စစ်ကော်မရှင်၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ လာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း“ဘူအလွိုင်”သည် စက်တင်ဘာလ ၂၉ ရက် ညပိုင်းတွင် အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီး မြန်မာနိုင်ငံဒေသအချို့တွင် လေပွေလှိုင်းများအဖြစ် ဝင်ရောက်လာသည်ဟု မိုးဇလကဖော်ပြသည်။ လေပွေလှိုင်းများ လာမည့် နောက် ၁၂ နာရီအတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး နှင့် စစ်ကိုင်း စသည့် ဒေသများ သို့ ‌ဆက်လက်ရွေ့လျားနိုင်ကြောင်း မိုးဇလကဆိုသည်။ လေပွေလှိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ […]

ဖမ်းဆီးခံရသည့် သထုံဒေသခံများ ယနေ့အထိ ပြန်မလွတ်သေး

Dawei Watch

September 30, 2025

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်လေးဆိပ်ကျေးရွာက ကလေး ၅ ဦးအပါအဝင် ဒေသခံအယောက် ၃၀ ဦးထက်မနည်းကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။ စစ်ကော်မရှင်တပ်သားနှင့် ရဲအင်အား ၅၀ ခန့်တို့က ကရင်လေးဆိပ်ကျေးရွာထဲကို စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက ဝင်ရာက်စီးနင်းခဲ့ခြင်းဖြစ်ပြီး လမ်းတွင်တွေ့သည့် ဒေသခံများကို ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများထဲတွင် အသက် ၁၃ နှစ်အရွယ် ကလေး ၅ ဦး၊ အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ၁၅ ဦးကျော် ပါဝင်သည်ဟု ကရင်လေးဆိပ်ရွာအခြေအနေကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။ “ရွာထဲကို ကားတွေနဲ့ ဝင်လာပြီးတော့ လမ်းမှာတွေ့တဲ့လူတွေကိုလည်း ဖမ်းတယ်။ […]

တာလီဘန်များက အာဖဂန်နစ္စတန် တစ်နိုင်ငံလုံးကို အင်တာနက် ဖြတ်တောက်

Dawei Watch

September 30, 2025

အာဖဂန်နစ္စတန် တစ်နိုင်ငံလုံး ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် အင်တာနက် သုံးမရတော့ကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ကျင့်ဝတ်ပျက်ပြားမှုကို တိုက်ဖျက်ရန် အင်တာနက်အသုံးပြုမှုကို ပိတ်ပင်မည်ဟု တာလီဘန်အစိုးရက ကတိပြုကြေညာခဲ့ပြီးနောက် ယင်းသို့ နိုင်ငံအနှံ့ အင်တာနက်ပြတ်တောက်သွားခြင်း ဖြစ်သည်။ ယင်းကြောင့် ပိုမိုတင်းကျပ်ဖိနှိပ်လာသည့် တာလီဘန်အုပ်ချုပ်မှုအောက်မှ အာဖဂန်နစ္စတန်နိုင်ငံသား သန်းပေါင်းများစွာအတွက် ကမ္ဘာနှင့် အဆက်ပြတ်မည့်အရေး စိုးရိမ်မှုများ ကြီးထွားလာသည်။ တနင်္လာနေ့ညပိုင်းတွင် အာဖဂန်နစ္စတန်ရှိ ကွန်ရက်တော်တော်များ ပြတ်တောက်သွားခဲ့ကာ တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုများပါ ထိခိုက်မှုရှိခဲ့ကြောင်း အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ Netblocks က ပြောသည်။ ယင်းကြောင့် လူဦးရေ ၄၃ သန်း နေထိုင်ရာ အာဖဂန်နစ္စတန်နိုင်ငံတွင် အင်တာနက်လုံးဝပြတ်တောက်မှု ဖြစ်ပွားနေကြောင်း Netblocks အဖွဲ့က ပြောသည်။ ပြည်တွင်းရှိ ၎င်းတို့၏ မိသားစုများထံ […]

မလေးရှားသွားမည်သူများအပါအဝင် တရားမဝင် ဝင်လာသော မြန်မာ ၉၀ နီးပါး ကန်ချနဘူရီတွင် ဖမ်းဆီးခံရ

Dawei Watch

September 30, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် မလေးရှားနိုင်ငံသို့ သွားမည့်သူများအပါအဝင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၉၀ နီးပါး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ စက်တင်ဘာ ၃၀ နံနက် ၁ နာရီခန့်တွင် ကားလေးစီးဖြင့် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသားများကို ထိုင်းနယ်ခြားစောင့်တပ်များက လမ်းတွင် စောင့်ဆိုင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကားလေးစီးသည် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းနိုင်ရန် တောလမ်းအတိုင်း မောင်းလာသော်လည်း နယ်ခြားစောင့်တပ်က သတင်းကြိုတင်ရရှိထားသဖြင့် လမ်းပိုင်တွင် ပုန်းခို၍ စောင့်ဆိုင်နေခဲ့ကြခြင်းဖြစ်သည်။ ကားများလာစဉ် အာဏာပိုင်များက တားဆီးစစ်ဆေးခဲ့သော်လည်း မောင်းပြေးခဲ့သေးသဖြင့် နောက်က လိုက်လံဖမ်းဆီးခဲ့ရကြောင်း သတင်းတွင်ဖော်ပြထားသည်။ ကားလေးစီးလုံးကို ဖမ်းမိသော်လည်း ကားသမားနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကျန်ထိုင်းကားသမားနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။ ပစ်ကပ်ကား သုံးစီးပေါ်တွင် ကုန်ပစ္စည်းများအောက်၌ ပုန်း၍ လိုက်ပါလာသော မြန်မာနိုင်ငံသား […]

သရက်ချောင်း ကျောက်လှေကားရွာဘက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်၊ နေအိမ်အချို့မီးရှို့ခံထားရ

Dawei Watch

September 30, 2025

သရက်ချောင်းမြို့နယ် ကျောက်လှေကားရွာဘက်တွင် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားနေအိမ်အချို့ မီးရှို့ခံထားရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံက သိရသည်။ စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် ဥတ္တူရွာမှ အင်းပြားရွာ၊ ကျောက်လှေကားရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း ၎င်းတို့က ပြောသည်။ “ဒီနေ့လည်း မနက် ၅ နာရီလောက်ကတည်းက ထပစ်နေကြတာ။ (မနေ့က ညပိုင်းမှာ) အိမ်တွေလည်းမီးရှို့ခံထားရတယ်။ ဘယ်လောက်များလဲတော့ မသိဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၂၉ရက် နံနက်စောစောပိုင်းကတည်းက ကျောက်လှေကားရွာဘက်တွင် နှစ်ဖက်ပစ်ခတ်သံများကြားနေရပြီး ယနေ့ နံနက်တွင်လည်း ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ကြောင်း စော်ဖျားရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ပစ်သံကြားတာနဲ့ ကျွန်မတို့လည်းပြေးလာတာပဲ။ အရင်တုန်းကလို နေနေလို့မရတော့ဘူး။ အိမ်တွေမီးရှို့ထားတယ်လို့ […]

ထိုင်း Cal-Comp စက်ရုံက မြန်မာလုပ်သား ၁၄၀၀ ကျော် ရုတ်တရက် အလုပ်ထုတ်ခံရ

Dawei Watch

September 30, 2025

ထိုင်းနိုင်ငံ ဖက်ချ်ဘူရီခရိုင် Cal-Comp လျှပ်စစ်စက်ရုံရှိ မြန်မာအလုပ်သမား ၁၄၀၀ ကျော်သည် ယနေ့ နံနက်ပိုင်းတွင် ရုတ်တရက် အလုပ်ထုတ်ခံလိုက်ရကြောင်း စက်ရုံရှိ မြန်မာအလုပ်သမားများထံမှ သိရသည်။ ယနေ့ (စက်တင်ဘာ ၃၀) နံနက်ပိုင်းတွင် စက်ရုံသို့ မြန်မာအလုပ်သမားများ အလုပ်ဝင်ရောက်လာစဉ် စက်ရုံ တာဝန်ရှိသူများက စာရွက်တွင် လက်မှတ်ထိုးရန် အပြင်သို့ တန်းစီးခေါ်ထုတ်ခဲ့ပြီး ရုတ်တရက် အလုပ်ထုတ်လိုက်ခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။ မြန်မာအလုပ်သမားများသည် မည်သည့်စာရွက်မှန်းမသိရဘဲ လက်မှတ်ထိုးလိုက်ရပြီး လက်မှတ်ထိုးပြီးမှသာ အလုပ်ထုတ်သည့်စာရွက် ဖြစ်နေသည်ကိုသိရှိခဲ့ကြကြောင်း အလုပ်သမားများထံမှ သိရသည်။ စက်ရုံဘက်က အမှာအော်ဒါနည်းပါးလာသဖြင့် စီးပွားရေးကျဆင်းလာ၍ အလုပ်သမားများကို အလုပ်ထုတ်ခြင်းဖြစ်ကြောင်း အကြောင်းပြ၍ မြန်မာအလုပ်သမားများကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။ “ဘာဆိုတာ မသိရဘူး။ အတင်းလက်မှတ်ထိုးခိုင်းပြီးမှ […]