ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကလိန်အောင် မရမ်းချောင်းရွာတွင် ခရီးသည်တင်ယာဉ်ငယ် ချောင်းထဲထိုးကျပြီး ငါးဦးဒဏ်ရာရ

Dawei Watch

October 1, 2025

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး၊ မရမ်းချောင်းရွာအလယ် လမ်းကွေ့တွင် ခရီးသည်တင်ယာဥ် အငယ်တစ်စီး ယနေ့ အောက်တိုဘာလ ၁ရက် ညနေပိုင်းက ဘရိတ်ပေါက်ပြီး ချောင်းထဲထိုးကျကြောင်း ရွာသားများထံမှသိရသည်။ ရန်ကုန်ဘက်မှ ထားဝယ်ဘက်သို့ ဦးတည်မောင်းနှင်လာစဥ် ဘရိတ်ပေါက်၍ လမ်းဘေးထိုးကျကာ ချောင်းထဲ ပြုတ်ကျကြောင်း ၎င်းတို့က ဆိုသည်။ ယာဉ်သည် ချောင်းထဲတွင် ပက်လက်အနေအထားဖြင့် တိမ်းမှောက်နေကြောင်း မှတ်တမ်းဓာတ်ပုံ၌ တွေ့ရသည် ။ ယာဥ်ပေါ်တွင် ယာဥ်မောင်း အပါအဝင် ယာဉ်ပေါ်လိုက်ပါလာသူ ငါးဦး ဒဏ်ရာရကြောင်း ကူညီဆောင်ရွက်ပေးခဲ့သူများက ပြောဆိုသည်။ “အသက်ကြီးကြီး အဒေါ်ကြီးတစ်ယောက်ပဲ အထိများတယ်။ ခြေထောက်မှာထိတယ်။ ကားက ရေထဲကျတော့ ကားထဲ ရေဝင်တယ်။ လူကဇောက်ထိုးဖြစ်နေတော့ ရေနစ်သလိုတော့ ဖြစ်သွားတယ်။ ရွာထဲမှာ မို့လို့ပေါ့ ဘေးနားက အိမ်တွေ အတွေ့မြန်လို့ တော်သေးတယ်” ဟု […]

ထိုင်းတောင်ပိုင်းတွင် မြန်မာဆယ်ကျော်သက်သုံးဦးကို ပွဲစားက စွန့်ပစ်

Dawei Watch

October 1, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖတ်ထလူခရိုင်တွင် အလုပ်လုပ်ရန်အတွက်လာသော မြန်မာနိုင်ငံသား ဆယ်ကျော်သက်သုံးဦးကို ပွဲစားက စွန့်ပစ်ခဲ့သဖြင့် နီးစပ်ရာ အကူအညီတောင်းခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၃၀ရက် နံနက်ပိုင်းက မြန်မာနိုင်ငံသားသုံးဦးသည် တုန်လှုပ် ငိုယိုနေသည့်ပုံစံဖြင့် ဆီဆိုင်တစ်ဆိုင်ထဲ ဝင်လာပြီး ဝန်ထမ်းများထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အသက် ၁၃ နှစ်၊ ၁၅ နှစ်နှင့် ၁၈ နှစ်အရွယ်များဖြစ်ကြသည့် ၎င်းတို့သုံးဦးသည် ထိုင်းနိုင်ငံသို့ ရောက်ရှိသည်မှာ နှစ်ရက်ခန့်သာရှိသေးပြီး အလုပ်လုပ်ကိုင်ခွင့်ရရှိရန် ပွဲစားကို တစ်ဦးလျှင် ဘတ် နှစ်သောင်းစီ ပေးချေထားပြီးဖြစ်ကြောင်း ဆိုသည်။ မည်သည့်အလုပ် လုပ်ရမည်ကိုလည်း မသိဘဲ ဘန်ကောက်မှတစ်ဆင့် ပွဲစားခေါ်ဆိုထားသည့် ဖတ်ထလူခရိုင်သို့ အဝေးပြေးဘတ်စ်ကားဖြင့် လိုက်ပါလာခဲ့ကြောင်း ဖော်ပြသည်။ လမ်းတွင် ပွဲစားနှင့်အဆက်အသွယ်ရရှိပြီး ၎င်းတို့သုံးဦးရောက်ရှိနေသည့် ဆီဆိုင်တွင် ဆင်းရန် ပြောဆိုသဖြင့် […]

အင်ဒိုနီးရှားတွင် ဘာသာရေးစာသင်ကျောင်း ပြိုကျ၊ လူ တစ်ရာနီးပါး ပျောက်ဆုံးနေ

Dawei Watch

October 1, 2025

အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားပြည်နယ်၊ ဆီဒိုအာဂျိုမြို့တွင် စက်တင်ဘာလ ၃၀ ရက်က အစ္စလာမ်ဘာသာရေး ကျောင်းဆောင်တစ်ခု ပြိုကျခဲ့ပြီး ပိတ်မိနေသည့် ကလေးငယ်များကို အပူတပြင်း ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။ အင်္ဂါနေ့ ညနေပိုင်းအထိ သေဆုံးရုပ်အလောင်း သုံးလောင်းကို တွေ့ရှိထားပြီး သေဆုံးသူ အရေအတွက် ထပ်တိုးလာဖွယ် ရှိကြောင်း အာဏာပိုင်များက ပြောသည်။ အခြားကလေးငယ် ၉၉ ဦးမှာ ဆေးရုံတင်ထားရပြီး အချို့မှာ ဒဏ်ရာ စိုးရိမ်ရကြောင်းလည်း အာဏာပိုင်များက ဆိုသည်။ ပျောက်ဆုံးနေသူ ဦးရေ အနည်းဆုံး ၉၁ ဦး ရှိပြီး ၎င်းတို့ကို အပူတပြင်း ရှာဖွေနေဆဲ ဖြစ်သည်။ ပြိုကျခဲ့သည့် အဆိုပါ ဘာသာရေးကျောင်းဆောင်၏ အပေါ်ထပ်မှာ ဆောက်လုပ်နေဆဲ အခြေအနေရှိပြီး အောက်ထပ်တွင် ကလေးများ ဝတ်ပြုဆုတောင်းနေစဉ် ပြိုကျခဲ့ခြင်း ဖြစ်သည်။ […]

ဖိလစ်ပိုင်တွင် ငလျင်ကြောင့် သေဆုံးသူ ၇၀ နီးပါးရှိလာ

Dawei Watch

October 1, 2025

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် စက်တင်ဘာလ ၃၀ ရက် ညက အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၆၉ ဦးအထိ ရှိလာပြီဖြစ်သည်။ မဂ္ဂနီကျုဒ် ၆ ဒသမ ၉ အဆင့်ရှိ အဆိုပါငလျင်သည် ယမန်နေ့ ည ၁၀ နာရီဝန်းကျင်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ လူဦးရေ ကိုးသောင်းခန့်ရှိသည့် ဆီဘူးပြည်နယ်၊ ဘိုဂိုမြို့သည် ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ထိခိုက်ခံစားခဲ့ရသည့် မြို့ဖြစ်သည်။ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် ဘိုဂိုမြို့တွင် အိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ နိုက်ကလပ်များ ပြိုကျကာ ပိတ်မိနေသူ အရေအတွက်ကို တိတိကျကျ မသိရသေးကြောင်း အာဏာပိုင်များက ပြောသည်။ ငလျင်ဒဏ်ကြောင့် သေဆုံးသူအားလုံး၏ ထက်ဝက်ခန့်မှာ ဘိုဂိုမြို့ခံများ ဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။ ငလျင်၏ ဗဟိုချက်မှာ ဘိုဂို၏ […]

တနင်္သာရီ သိန်ခွန်းတွင် စစ်အာဏာရှင်တပ်သားလေးဦး KNU ထံ ဘက်ပြောင်း

Dawei Watch

October 1, 2025

တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာ စစ်မျက်နှာပြင်က စစ်အာဏာရှင်တပ်သား လေးဦးသည် KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄)၊ တပ်ရင်း (၁၁) ထံ ဘက်ပြောင်းလာကြောင်း KNU ထံမှ သိရသည်။ စက်တင်ဘာလ ၃၀ ရက်တွင် ရှေ့တန်းတစ်နေရာမှ လက်နက်မပါဘဲ ထွက်ပြေးလာကာ ဘက်ပြောင်းလာခြင်းဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။ ဘက်ပြောင်းလာသူ လေးဦးသည် စစ်မှုထမ်း အပတ်စဥ် ၁၂ အတွက် အဓမ္မစစ်သားစုဆောင်းခံရပြီး ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ တပ်ရင်းတစ်ခုတွင် စစ်သင်တန်း တက်ခဲ့ရသူများဖြစ်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ သင်တန်းပြီးနောက် ပလောက်မြို့ရှိ ခလရ (၂၈၀) စစ်အာဏာရှင်တပ်ရင်းသို့ ပို့ဆောင်ခံရပြီး ရှေ့တန်းသို့ရောက်လာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဘက်ပြောင်းလာသူများကို […]

အမေရိကန်ဖက်ဒရယ်အစိုးရယန္တရား ရပ်ဆိုင်း

Dawei Watch

October 1, 2025

ဖက်ဒရယ်အစိုးရဘတ်ဂျက်ဥပဒေကြမ်းကို ကွန်ဂရက်လွှတ်တော်က အချိန်မီ အတည်မပြုနိုင်သောကြောင့် အမေရိကန်ဖက်ဒရယ်အစိုးရယန္တရား စတင်ရပ်ဆိုင်းနေသည်။ ၇ နှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဖက်ဒရယ်အစိုးရယန္တရားရပ်တန့်မှု ဖြစ်ပေါ်လာပြီး ထရမ့်အစိုးရအနေဖြင့် မရေရာမှုအသစ်များဖြင့် စတင်ရင်ဆိုင်နေရပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြသည်။ သတ်မှတ် နောက်ဆုံးရက်ဖြစ်သည့် ဗုဒ္ဓဟူးနေ့ ညသန်းခေါင်မတိုင်မီ ဖက်ဒရယ်အစိုးရဘတ်ဂျက်ဥပဒေကြမ်းကို အတည်ပြုရန် သမ္မတဒေါ်နယ်ထရမ့်နှင့် ကွန်ဂရက်လွှတ်တော်က ကြိုးစားခဲ့သော်လည်း ဒီမိုကရက်ပါတီအမတ်များက မဲခွဲပယ်ချခဲ့သည်။ ဒီမိုကရက်ပါတီဘက်က ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ တောင်းဆိုချက်များကို သမ္မတဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလင်ကန်အမတ်များက မလိုက်လျောလျှင် ဖက်ဒရယ်အစိုးရယန္တရား ရပ်တန့်စေမည်ဟု ဒီမိုကရက်အမတ်များက ခြိမ်းခြောက်ထားသည်။ ယင်းသို့ ခြိမ်းခြောက်ထားသည့်အတိုင်း ဒီမိုကရက်အမတ်များက ရီပတ်ဘလင်ကန်ပါတီဘက်မှ တင်သွင်းလာသည့် ဖက်ဒရယ်အစိုးရရန်ပုံငွေဥပဒေကြမ်းကို ပယ်ချခဲ့ခြင်း ဖြစ်သည်။ ဖက်ဒရယ်အစိုးရယန္တရားရပ်ဆိုင်းမှုကြောင့် ဖက်ဒရယ်အစိုးရဝန်ထမ်းပေါင်း ၇၅၀,၀၀၀ ခန့် လစာမဲ့ နားနေခွင့် အပေးခံရနိုင်ကြောင်း ခန့်မှန်းထားသည်။ ဖက်ဒရယ်အစိုးရဝန်ထမ်းအချို့ ရာသက်ပန်အလုပ်ထုတ်ခံရနိုင်ကြောင်း […]

ပညာရေးလုပ်ငန်းများအတွက် ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရန်ပုံငွေကမ်ပိန်းပြုလုပ်

Dawei Watch

October 1, 2025

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆောင်ရွက်နေသည့် ပညာရေးလုပ်ငန်းများတွင် အသုံးပြုရန် ‘ပန်းများဝေစည် အမိမြေမဟီ’ အမည်ဖြင့် ရန်ပုံငွေ ရှာဖွေရေးအစီအစဥ် ပြုလုပ်နေကြောင်း ယင်းသမဂ္ဂထံမှ သိရသည်။ အဆိုပါ ရန်ပုံငွေရှာဖွေရေးအစီအစဥ်ကို စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၂၈ ရက်အထိ တစ်လတာ ပြုလုပ်မည်ဟု လျာထားပြီး ရန်ပုံငွေကျပ်သိန်း ၇၀ ခန့် ရရှိရန်မျှော်ထားကြောင်း ဆိုသည် ။ အစီအစဥ်တွင် ပါဝင်လိုသူများအနေဖြင့် ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ဆက်သွယ်ပါဝင်နိုင်ကြောင်း သမဂ္ဂထံမှ သိရသည်။ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသည် ထားဝယ်ခရိုင်အတွင်း မြေပြင်ကျောင်းတစ်ကျောင်း ဖွင့်လှစ်ထားကာ ကျောင်းသား ၇၀ ခန့်ကို အခြေခံပညာရေးသင်ကြားပေးနေပြီး အဆင်မြင့်ပညာရေးအတွက် ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သမဂ္ဂ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “လက်ရှိမှာ သမဂ္ဂအနေနဲ့ လုပ်နေတာကတော့ […]

ရေဖြူ ဧကနိကျေးရွာအနီးတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်

Dawei Watch

October 1, 2025

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ဧကနိကျေးရွာအနီးတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ အင်အား တစ်ရာဝန်းကျင်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ စက်တင်ဘာလ ၃၀ ရက် နံနက် ၅ နာရီခန့်မှ နေ့လယ်ပိုင်းအထိ တစ်ကြိမ်ဖြစ်ပွားပြီး ယနေ့ အောက်တိုဘာလ ၁ ရက်တွင်လည်း နံနက်ပိုင်းကစပြီး ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်နှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။ “အခုအထိ ပစ်ကြတုန်း။ ရွာသားတွေအကုန် ထွက်ပြေးနေရတယ်” ဟု ယင်းအမျိုးသားက ယနေ့ နံနက် ၈ နာရီခန့်တွင် ပြောဆိုသည်။ စစ်အာဏာရှင်တပ်စစ်ကြောင်းသည် စက်တင်ဘာလ ၂၇ ရက် နံနက် ၄ နာရီခန့်မှစ၍ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ပုဂေါဇွန်းရွာသို့ စတင်ဝင်ရောက်လာကြောင်း ဒေသခံများထံမှ သိရသည်။ […]