ဂါဇာအပစ်ရပ်ရေး ထရမ့်အဆိုပြုချက် အစ္စရေးက သဘောတူညီရန် နီးစပ်ဟုဆို
Dawei Watch
September 29, 2025ဂါဇာစစ်ပွဲ အဆုံးသတ်ရေး သမ္မတဒေါ်နယ်ထရမ့်၏ အဆိုပြုအစီအစဉ်ကို အစ္စရေးနှင့် အမေရိကန်အကြား သဘောတူညီမှုရရန် နီးစပ်နေပြီဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုနှင့် အမေရိကန်အရာရှိများအကြား တွေ့ဆုံဆွေးနွေးပြီးနောက်တွင် သတင်းထွက်ပေါ်လာသည်။ ယင်းသို့ သဘောတူညီမှုရရန် နီးစပ်နေပြီဖြစ်ကြောင်းကို အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ အမေရိကန်အွန်လိုင်းသတင်းဌာန Axios မှ သတင်းထောက်တစ်ဦးက စက်တင်ဘာလ ၂၈ ရက်နေ့တွင် ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားခဲ့သည်။ သို့သော် ဟားမတ်စ်ဘက်က သဘောတူညီချက်မရသေး၍ အဆိုပါ အပစ်ရပ်အစီအစဉ်မှာ ရှေ့ဆက်နိုင်မည် မဟုတ်ကြောင်း အဆိုပါ အမေရိကန်အဆင့်မြင့်အရာရှိက ဖြည့်စွက်ပြောဆိုကြောင်းလည်း အဆိုပါ သတင်းထောက်က ဖော်ပြသည်။ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုနှင့် တနင်္လာနေ့ တွေ့ဆုံမှုအတွင်း ၎င်း အဆိုပြုသည့် ဂါဇာအပစ်ရပ်ရေးအစီအစဉ်ကို အပြီးသတ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။ ယနေ့ […]


