ဘန်ကောက် ကားပါကင်တွင် ယာဉ် ၃၅ စီး မီးလောင်
Dawei Watch
September 27, 2025ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ လူနေတိုက်ခန်းတွဲရှိ ကားပါကင်တွင် မီးလောင်မှုဖြစ်ခဲ့သဖြင့် ယာဉ် ၃၅ စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၁ နာရီခွဲခန့်က ဘန်ကောက်မြို့ ရတ်ဘူရနနယ်မြေ စူစဝပ် ၁၇ လမ်း လူနေတိုက်ခန်းရှိ ကားပါကင်ထဲ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် တိုက်ခန်းနေ ပြည်သူများ ဘေးလွတ်ရာ အမြန်တိမ်းရှောင်နိုင်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသူမရှိဟု သိရသည်။ မီးလောင်မှုကို မီးသတ်သမားများက မိနစ် ၂၀ အတွင်း ထိန်းချုပ်နိုင်ခဲ့သော်လည်း ကားပါကင်ထဲ ရပ်ထားသော ကား ၃ စီး၊ ဆိုင်ကယ် ၂၉ စီး၊ စက်ဘီး ၃ စီး ပျက်စီးဆုံးရှုံးခဲ့သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က […]


