ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မဟာချိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရားမဝင်လုပ်ကိုင်နေသော မြန်မာ ၃၀ ဦး ဖမ်းဆီးခံရ

Dawei Watch

November 7, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၃၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုဝင်ဘာလ ၅ ရက်နေ့က မဟာချိုင် ကထူးဘင်ဒေသ ထာ့စောင်နေရာရှိ ဆောက်လုပ်ရေးဆိုဒ်ထဲတွင် မြန်မာနိုင်ငံသားများ တရားမဝင် အလုပ်လုပ်ကိုင်နေကြောင်း တိုင်ကြားလာသဖြင့် ခရိုင်မှူးအပါအဝင် အာဏာပိုင်များက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းခွင်ထဲတွင် အလုပ်သမား ၇၀ ကျော် အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရပြီး ၎င်းတို့အနက် မြန်မာနိုင်ငံသား ၆၅ ဦးအလုပ်လုပ်ကိုင်နေသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံသားများကို စစ်ဆေးရာ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၃၀ ဦးက အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ စာရွက်စာတမ်းများမရှိဘဲ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား […]

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း မိုင်းခွဲခံရပြီး ရထားခရီးစဉ်များ ယာယီဖျက်သိမ်း

Dawei Watch

November 7, 2025

မွန်ပြည်နယ်၊ သထုံမြို့နယ် သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်း မိုင်း‌ခွဲဖျက်ဆီးခံရပြီး ရထားခရီးစဉ်များ ယာယီဖျက်သိမ်းထားကြောင်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။ ယနေ့ နံနက် ၈ နာရီဝန်းကျင်က ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း မိုင်တိုင် ၁၂၅/ ၁၈- ၁၉ ကြားတွင် အမှတ် (၆၈၆) အစုန်ကျောက်ရထား ဖြတ်သန်းစဉ် မိုင်းပေါက်ကြောင်း ဆိုသည်။ ရထားလမ်းပိုင်း မိုင်းဖောက်ခွဲခံရမှုကြောင့် ရထားသံလမ်း နှစ်ဆက်ခန့် ပျက်ဆီးသွားပြီး ကျောက်တင်သည့် ရထား စက်ခေါင်း အပါအဝင် အတွဲ ၄ တွဲ လမ်းချော်ခဲ့ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။ ထို့ကြောင့် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန် ရထားနှင့် […]

ခမောက်ကြီးမြို့တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်

Dawei Watch

November 6, 2025

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက်ထိခိုက်သေဆုံးကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ခမောက်ကြီးအခြေစိုက် စစ်အာဏာရှင်တပ်ရင်းက အင်အား ၈၀ ကျော်သည် လေးရွာနှင့် ထူးဇုန်ဖြတ်လမ်းသို့ ခြေလျင် စစ်ကြောင်းထိုးလာပြီးနောက် ‌တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း ယနေ့ နိုဝင်ဘာလ ၆ ရက် ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါစစ်ကြောင်းကို တော်လှန်‌ရေးတပ်များက စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တိုက်ပွဲ သုံးနာရီကြာ ဖြစ်ပွား ခဲ့ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျားကြီးက ဆိုသည်။ “တိုက်ပွဲအတွင်း (စစ်အာဏာရှင်တပ်ဘက်က) လက်နက်ကြီး အချက်နှစ်ဆယ်ကျော်လောက် ဝိုင်းပြီး ပစ်ကူကြတယ်။ ဘယ်တပ်တွေ ပစ်တယ်ဆိုတာတော့ အတိအကျ မသိဘူး”ဟု ၎င်းက ပြောသည်။ တိုက်ပွဲဖြစ်နေသည့် […]

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့အဝင်ဂိတ်ကို ပိတ်လိုက်သဖြင့် ဒေသခံများကြိုတင်တိမ်းရှောင်

Dawei Watch

November 6, 2025

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ မောတောင်မြို့အဝင်ဂိတ်ကို စစ်အာဏာရှင်တပ်က ပိတ်လိုက်သဖြင့် ပြည်သူများ တိမ်းရှောင်နေကြကြောင်း မြို့ခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁ရက်က မောတောင်မြို့အဝင်ရှိ စစ်အာဏာရှင်တပ် စစ်ဆေး‌ရေးဂိတ်ကို ပိတ်လိုက်သဖြင့် တိုက်ပွဲဖြစ်လာပါက မြို့အတွင်း ပိတ်မိနေမည်ကို စိုးရိမ်သဖြင့် တိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း မြိုခံအချို့က ပြောသည်။ အဆိုပါဂိတ်ကို နိုဝင်ဘာလ ၃ရက်က နေ့တစ်ဝက် ပြန်ဖွင့်ချိန် မြို့အတွင်းနေသူများက အခြားဒေသသို့ တိမ်းရှောင်သွား ကြကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “တိရစ္ဆာန်အများကြီး မွေးထားတဲ့သူနဲ့ သက်ကြီးရွယ်အို နည်းနည်းပဲ မြို့ထဲမှာ ကျန်တော့တယ်။ ရုတ်တရက် (တိုက်ပွဲ) ထဖြစ်ရင် ထွက်ဖို့ အပေါက်မရှိဘူးလေ။ ညဘက်ဆိုလည်း သေနတ်သံတွေ ကြားနေရတယ်” ဟု ၎င်းက ပြောဆိုသည်။ မောတောင်မြို့ခံများ ပြောင်းရွှေ့နေသဖြင့် အနီးဝန်းကျင်ရှိ အမှတ် (၁) […]

ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်အာဏာရှင်တပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်၊ ရဟန်းတစ်ပါး ဒဏ်ရာရ

Dawei Watch

November 6, 2025

ရေဖြူမြို့နယ်၊ညင်းထွေးကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တပ်စွဲထားသော စစ်အာဏာရှင်တပ်ကို နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ရဟန်တစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ညင်းထွေးကျောင်းသစ် ဘုန်းကြီးကျောင်းသို့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်အာဏာရှင်တပ်က လာရောက်တပ်စွဲထားခြင်းဖြစ်ပြီး ည ၇ နာရီ ကျော်အချိန်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဒရုန်းဖြင့် လာရောက်ဗုံးချတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံတို့ကပြောသည်။ စစ်အာဏာရှင်တပ် တပ်စွဲထားသည့် ညင်းထွေးကျောင်းသစ်ဘုန်းကြီး ကျောင်းဝင်းအတွင်းသို့ ဗုံးသီး ၄ လုံးတပ် ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးချတိုက်ခိုက်ခဲ့ပြီး စုစုပေါင်း ဗုံးသီး ၈ လုံး ကျရောက်ပေါက်ခွဲခဲ့သည်ဟု ဆိုသည်။ ဒရုန်းဗုံးပေါက်ကွဲမှုကြောင့် ကျောင်းဝင်းအတွင်း အဆောက်အအုံအချို့ ထိမှန်ပျက်စီးကာ၊ သက်တော် ၅၀ ကျော် ဝါတော် ၆ ဝါ […]

စစ်အာဏာရှင်တပ်က ရေလမ်းကြောင်းမှတဆင့် ရေးမြို့နယ်ထဲကို စစ်အင်အား ဖြည့်တင်းနေ

Dawei Watch

November 6, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းကို စစ်အာဏာရှင်က ရေလမ်းကြောင်းမှတစ်ဆင့် အင်အားဖြည့်တင်းနေကြောင်း ဒေသခံများနှင့် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အစည်းများထံမှ သိရသည်။ စစ်အာဏာရှင်တပ်က ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ ဆိပ်ကမ်းမှ စစ်သင်္ဘောများဖြင့် စစ်အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။ “ရေးမြို့နယ်ထဲကို ကုန်းလမ်းကနေ စစ်ကြောင်းတွေ ဝင်လာနေတာရှိသလို ဒီတလောဆိုရင်လည်း ရေလမ်းကနေလည်း ဝင်လာနေတာရှိတယ်။ အဓိကက သူတို့ ရွေးကောက်အတွက် ပြင်ဆင်တာဖြစ်မယ်။ ရေးမှာက တော်လှန်ရေးအင်အားစုတွေ အားကောင်းတယ်လေ။ စစ်ကြောင်းထိုးတာတွေလည်း လုပ်ဆောင်လာနေတယ်” ဟု ရေးမြို့နယ်အတွင်းက စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။ ဇီးဖြူသောင်ကျေးရွာ ဆိပ်ကမ်းမှနေ၍ စစ်သင်္ဘောဖြင့် စစ်အင်အား ၄၀၀ ကျော်နှင့်အတူ လက်နက်ခဲယမ်းများလည်း ပါဝင်ပြီး အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်သို့ ပို့ဆောင်ထားသည်ဟုလည်း […]

မြောက်အမေရိကတိုက်၏ ပထမဆုံးအမျိုးသမီးသမ္မတ လူမြင်ကွင်းတွင် လိင်ပိုင်း ထိပါးနှောင့်ယှက်ခံရ

Dawei Watch

November 6, 2025

မြောက်အမေရိကတိုက်၏ ပထမဆုံး သမိုင်းဝင် အမျိုးသမီးသမ္မတဖြစ်သည့် ကလောင်ဒီယာရှိန်းဘောင်သည် နိုဝင်ဘာလ ၄ ရက်တွင် လူမြင်ကွင်း၌ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရသည်။ အင်္ဂါနေ့က နိုင်ငံမြို့တော် မက္ကစီကိုစီးတီးမြို့ လမ်းမပေါ်တွင် နိုင်ငံသားများနှင့် တွေ့ဆုံနေစဉ် အမျိုးသားတစ်ဦးက မက္ကစီကိုနိုင်ငံ သမ္မတ ကလောင်ဒီယာရှိန်းဘောင် အား မဖွယ်မရာ ထိပါးနှောင့်ယှက်ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် သမ္မတအတွက် လုံခြုံရေးအားနည်းမှုနှင့် နိုင်ငံအတွင်းရှိ အမျိုးသမီးများ ရင်ဆိုင်နေရသည့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှု အခြေအနေအပေါ် မေးခွန်းထုတ်စရာ ဖြစ်ပေါ်လာစေကြောင်း The Guardian သတင်းတွင် ဖော်ပြသည်။ အွန်လိုင်းပေါ် ပျံ့နှံ့လာသည့် ဗီဒီယိုထဲတွင် အရက်မူးနေပုံရသည့် အမျိုးသားတစ်ဦးက အမျိုးသမီးသမ္မတ၏ လည်ပင်းကို နမ်းကာ သူမအား အနောက်မှ သိုင်းဖက်ရန် ကြိုးစားခဲ့သည်ကို တွေ့ရသည်။ သမ္မတက အဆိုပါ […]

လောင်းလုံးနှင့် ရေဖြူတွင် စစ်အာဏာရှင်တပ် အင်အားအများအပြားဖြင့် လူဦးရေစာရင်းကောက်

Dawei Watch

November 6, 2025

လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့က ကျေးရွာအချို့တွင် စစ်အာဏာရှင်တပ်က အင်အားအများအပြားအသုံးပြုပြီး လူဦးရေစာရင်း လိုက်လံကောက်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သားများ ရှေ့ပြေးရောက်ရှိလာပြီးနောက် ယနေ့ နိုဝင်ဘာလ ၆ရက် နံနက်ပိုင်းကစပြီး လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာအုပ်စုတွင် တစ်အိမ်ဝင် တစ်အိမ်ထွက် လူဦးရေနှင့် အိမ်ထောင်စုစာရင်း လိုက်လံစစ်ဆေး ကောက်ယူ နေကြောင်း ဒေသခံအမျိုးသားတစ်ဦး ပြောသည်။ “အဖွဲ့စုံပဲ။ လဝကလည်း ပါတယ်။ အိမ်မှာ ဘယ်နှစ်ယောက်ရှိလဲလို့ မေးတယ်။ မရှိတဲ့သူတွေကျတော့ ဘယ်သွားလဲလို့ မေးတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းအပြင် ရေဖြူမြို့နယ်၊ မူးဒူးကျေးရွာတွင်လည်း စစ်အာဏာရှင်တပ်သည် နိုဝင်ဘာလ ၄ ရက်နှင့် နိုဝင်ဘာလ ၅ ရက် နှစ်ရက်ကြာ လူဦးရေစာရင်း စစ်ဆေးခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “သူတို့က ဘုန်းကြီးကျောင်းမှာ […]