ယူကေတွင် ဆေးလိပ်ထက် Vape သုံးစွဲသူ ပိုများလာ
Dawei Watch
November 5, 2025နိုင်ငံအတွင်း အသက် ၁၆ နှစ်အထက် အရွယ်ရောက်ပြီးသူများအကြား ဆေးလိပ်သောက်သူအရေအတွက်ထက် အီးစီးကရက် ခေါ် Vape သုံးစွဲသူ အရေအတွက်က ပိုများလာကြောင်း ယူကေအစိုးရက ထုတ်ပြန်လိုက်သည်။ ယင်းမှာ ယူကေတွင် ဆေးလိပ်သောက်သူ အရေအတွက်ထက် vape သုံးစွဲသူအရေအတွက်က ပထမဆုံးအကြိမ် ကျော်တက်လာခြင်း ဖြစ်သည်။ စစ်တမ်းအရ ၂၀၂၄ ခုနှစ်အတွင်း ယူကေတွင် အရွယ်ရောက်ပြီးသူ ၅ ဒသမ ၄ သန်းခန့်သည် Vape သုံးစွဲမှုကို နေ့စဉ် သို့မဟုတ ရံဖန်ရံခါ ပြုလုပ်လျက်ရှိပြီး အရွယ်ရောက်ပြီးသား ဆေးလိပ်သောက်သူအရေအတွက်မှာ ၄ ဒသမ ၉ သန်းသာ ရှိကြောင်း သိရသည်။ Vape နေ့စဉ်သုံးစွဲမှုကို အသက် ၂၅ နှစ်မှ ၄၉ နှစ်အကြား အရွယ်အပိုင်းအခြား၌ အများဆုံး […]


