ထားဝယ်တန်ဆောင်တိုင်ကာလ လျှပ်စစ်အလှဆင်ပစ္စည်း အရောင်းသွက်
Dawei Watch
November 1, 2025ထားဝယ်တန်ဆောင်တိုင် ဘုရားလှည့်ပွဲတော်အတွက် လျှပ်စစ်အလှဆင်ပစ္စည်းများ ယမန်နှစ်ထက် အရောင်းသွက်ကြောင်း လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များထံမှ သိရသည်။ ယခုနှစ် တန်ဆောင်တိုင်ဘုရားလှည့်ပွဲကို ညဘက်တွင် ပြန်လည်ကျင်းပမည်ဖြစ်၍ ဘုရားလှည့်ရာတွင် အသုံးပြုမည့် ဘုရားတံဂဲ၊ မီးဖောင်နှင့် ဘုရားစံကျောင်းများ၊ ရပ်ကွက်လမ်းများတွင် အလှဆင်မည့် လျှပ်စစ်မီးများကို ပိုမိုပြင်ဆင်လာကြောင်း ရပ်ကွက် ဘုရားဂေါပကများနှင့် မြို့ခံများက ပြောသည်။ “ဘုရားတံကဲတွေကတော့ ရပ်ကွက်တိုင်းနီးပါး အခုနှစ်မှာ မီးတွေ အလှဆင်တာ သေသေချာချာပြန်လုပ်ထားတယ်။ အစ်ကိုတို့ ရပ်ကွက်မှာဆိုရင်လည်း အခုနှစ် ဘုရားတံကဲ လျှပ်စစ်မီးအတွက် (ကျပ်) သိန်း ခြောက်ဆယ်လောက် အသစ်ထပ်ပြင်ဆင်ထားတယ်” ဟု မြို့ပေါ်ရပ်ကွက် ဘုရားဂေါပကတစ်ဦးက ဆိုသည်။ ယင်းအပြင် ထားဝယ်ကမ်းနားလမ်းတွင်လည်း တန်ဆောင်တိုင်ကာလအတွက် လမ်းမတစ်လျှောက် ပေ ၁၂၀၀ ခန့်ကို လမ်းမီးအလှပြင်ဆင်ထားသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် သီတင်းကျွတ်ကာလထက် ယခုတန်ဆောင်တိုင်ကာလတွင် […]


