ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်ခရိုင် ကြက်ခြေနီအသင်းဥက္ကဋ္ဌ နေအိမ်အနီး သေနတ်ဖြင့်ပစ်ခတ်ခံရ

Dawei Watch

October 31, 2025

ထားဝယ်ခရိုင် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရကြောင်း ကနဦးသတင်းအရ သိရသည်။ ယနေ့ အောက်တိုဘာလ ၃၁ ရက် နံနက်က ထားဝယ်မြို့၊ ဆင်ပုနစ်ရပ်ကွက်ရှိ ၎င်း၏ နေအိမ်အနီးတွင်ပင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။ “သေနတ်သမားက အိမ်တွေကြားထဲ ဝင်ပြေးသွားတယ်ဆိုပြီး စစ်သားတွေက သူ့အိမ်ကိုဝိုင်းပြီး ပတ်ဝန်းကျင် အိမ်တွေပါ လိုက်စစ်တယ်။ ရုတ်ရုတ်သဲသဲတော့ဖြစ်သွားတယ်” ဟု ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရသဖြင့် ထားဝယ်ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူနေကြောင်း ကြက်ခြေနီ အသိုင်းအဝိုင်းထံမှ သိရသည်။ ပစ်ခတ်ခံရပြီးချိန်တွင် စစ်အာဏာရှင်တပ်သားများက နေအိမ်ပတ်ဝန်းကျင်တွင် ရှာဖွေစစ်ဆေးနေကြောင်း ရပ်ကွက်နေသူများက ဆိုသည်။ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိသည့် အခြေအနေ အသေးစိတ်နှင့် မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်တို့ကိုမူ မသိရသေးပေ။ […]

လူကြိုက်များသော ဟွန်ထိုင်းရှူဆေးဘူးအပါအဝင် လိုင်စင်မဲ့ရှူဆေးဘူး နှစ်သန်းကျော်ကို ထိုင်း FDA သိမ်း

Dawei Watch

October 31, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နာမည်ကြီး လူကြိုက်များသော ဟွန်ထိုင်း ရှူဆေးဘူးအပါအဝင် လိုင်စင်မဲ့ ရှူဆေး ဘူးများကို ထုတ်လုပ်နေသော စက်ရုံများကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ရှူဆေးဘူး နှစ်သန်းကျော်ကို သိမ်းဆည်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၃၀ ရက်က ဘန်ကောက်နှင့် စမွတ်စခွန်ရှိ လိုင်စင်မဲ့ တိုင်းရင်းဆေးထုတ်လုပ်သော နေရာနှင့် သိမ်းဆည်း ထားသော နေရာ လေးခုကို ထိုင်း အစားအသောက်နှင့် ဆေးဝါးကွက်ကဲမှုဌာန (FDA) နှင့် CIB ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် စစ်ဆေးချိန် လိုင်စင်မဲ့ ရှူဆေးဘူးများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ တွေ့ရှိခဲ့သော လိုင်စင်မဲ့ ရှူဆေးဘူးများတွင် နာမည်ကြီး ဟွန်ထိုင်းတံဆိပ် အစိမ်းရောင် ရှူဆေးဘူးလည်း ပါဝင်နေပြီး နောက်ထပ် အမျိုးအစားအစုံ အစိမ်းရောင် ရှူဆေးဘူး၊ ပရုပ်ဆီများအားလုံး […]

ထားဝယ် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားများ ညဘက်ပို့ဆောင်

Dawei Watch

October 31, 2025

၁၁၃ ကြိမ်မြောက် ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲအတွက် ရပ်ကွက်အလိုက် ပူ‌ဇော်ခံထားရှိသည့် ဘုရားများကို တန်ဆောင်မုန်းလဆန်း ၁၀ ရက် ညတွင် ရပ်ကွက်အတွင်း နောက်ဆုံးအပူဇော်ခံကာ ဘုရားလှည့်ပွဲကျင်းပမည့် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းသို့ ပို့ဆောင်ကြသည်။ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှစ၍ နေ့ဘက်လှည့် လည်ပူဇော်ခဲ့ကြသည့် ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို ယခုနှစ်တွင် မူလအတိုင်း ညနေပိုင်းမှစ၍ ထားဝယ်မြို့အတွင်း ညလုံးပေါက်လှည့်လည်အပူဇော်ခံမည် ဖြစ်သည်။ ထို့ကြောင့် တနင်္သာရီတိုင်း စစ်ကော်မရှင်သည် တန်ဆောင်မုန်းလဆန်း ၁၀ ရက် ညမှစ၍ လပြည့်နေ့အထိ ထားဝယ်မြို့အတွင်း ညမထွက်ရအမိန့်ကို ခြောက်ရက်တာ ရုပ်သိမ်း‌ထားသည်။ ယနေ့ ထားဝယ်မြို့ရှိ ရပ်ကွက်အသီးသီးမှ နှစ်ကျိပ်ရှစ်ဆူဘုရားများကို ဘုရားကြီးဝင်းအတွင်းသို့ ပို့ဆောင်ကြရာတွင် မြိုတွင်း လမ်းတစ်‌လျှောက် ရပ်ကွက်အသီးသီး၌ စတုဒီသာအလှူများ၊ အကအလှယာဉ်များ၊ ဖျော်ဖြေရေးအဖွဲ့များ၏ အတီးအမှုတ်အကအခုန်ဖြင့် […]

လောင်းလုံးမြို့တွင် စစ်အာဏာရှင်တပ်သားအင်အားတစ်ရာကျော် ဖြည့်တင်း

Dawei Watch

October 30, 2025

မကြာခဏ တိုက်ခိုက်ခံရသည့် လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်တပ်သား အင်အား တစ်ရာကျော် ဖြည့်တင်းထားကြောင်း မြို့ခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ဒုတိယပတ်တွင် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ မောရဝတီရေတပ် စခန်းမှ စစ်သင်္ဘောဖြင့် ထွက်ခွာလာပြီး ရေဖြူနှင့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့ကို တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးလာခဲ့သည်။  အောက်တိုဘာလ ၁၉ ရက်တွင် လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာ၏ အနောက်ဘက် ပင်လယ်ပြင်တွင် စစ်သင်္ဘော ရပ်နားကာ အင်အားတစ်ရာကျော်ပါသည့် အဆိုပါစစ်ကြောင်းမှာ ကုန်းပေါ်သို့ တက်လာခြင်းဖြစ်သည်။  ကုန်းလမ်းအတိုင်း စစ်ကြောင်းဆက်ထိုးရာ ကျောင်ဆင်ကျေးရွာအုပ်စု ကရင်ကြီးရွာနှင့် ကမ်းပနီကျေးရွာတို့တွင် တော်လှန်ရေးတပ်တို့နှင့် အောက်တိုဘာလ ၂၁ ရက်၊ ၂၂ ရက်တို့၌ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့သည်။  လောင်းလုံးကျွန်းဆွယ် အနောက်ဘက် ပင်လယ်ပြင်ရှိ စစ်သင်္ဘော၏ လက်နက်ကြီး […]

ကျိုက်မရော၊ ပျားတောင်ဒေသဘက် စစ်အာဏာရှင်တပ် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး

Dawei Watch

October 30, 2025

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသဘက်သို့ စစ်အာဏာရှင်တပ် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။ ပျားတောင်ဒေသတွင်း MCL ဘိလပ်မြေစက်ရုံနှင့် အနီးအနားတဝိုက်က ကော့ဒွန်း၊ ကော့ပနော၊ မယ်ကရို၊ ကော့ဝမ်း၊ ကွမ်းငန်း၊ ကတုံစိ အစရှိသည့် ကျေးရွာများဘက်သို့ အင်အား ရာနှင့်ချီရှိသည့် စစ်ကြောင်းသည် အောက်တိုဘာလ ၂၆ ရက်ကစပြီး ဝင်ရောက်လာကြောင်း ၎င်းတို့က ပြောသည်။  MCL ဘိဘပ်မြေစက်ရုံနှင့် အနီးအနားတဝိုက်ကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ဝင်ရောက်နေရာယူထားသလို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA လည်း လှုပ်ရှားနေကြောင်း ဒေသခံများက ဆိုသည်။  လက်ရှိတွင် ဒေသတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်သည် MCL ဘိဘပ်မြေစက်ရုံနှင့် အနီးအနားတဝိုက်ကျေးရွာများတွင် တပ်စွဲနေရာယူထားကြောင်း ဒေသခံများက ပြောဆိုသည်။  “စစ်ကြောင်းက (အင်အား) မနည်းဘူး။ အခုက အဲဒီဘိလပ်မြေစက်ရုံဘက်မှာ ၀င်ရောက်နေရာယူထားတယ်။ အဲဒီဘက်မှာက တော်လှန်ရေးတပ်ဖွဲ့တွေလည်း ရှိနေတော့ တိုက်ပွဲဖြစ်လာမှာလည်း […]

ဖူးခက်တွင် အမှိုက်ကားပေါ်က ပြုတ်ကျပြီး မြန်မာလုပ်သားတစ်ဦး သေဆုံး

Dawei Watch

October 30, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် စွန့်ပစ်အမှိုက်များ ပို့ဆောင်နေသော ကားပေါ်က ပြုတ်ကျသဖြင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။ အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီခန့်က ဖူးခက်မြို့ ကထူဒေသတွင် မြန်မာအလုပ်သမားက စွန့်ပစ်အမှိုက်များပို့ဆောင်နေစဉ် မောင်းနေသော ကားပေါ်က ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူသည် အသက် ၂၈ နှစ်အရွယ် ကိုဝေလင်းကျော်ဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ်ကုသပေးပြီး ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။ စွန့်ပစ်ပစ္စည်းများကို ရောင်းချရန် ကားဖြင့်သယ်ဆောင်လာစဉ် အလုပ်သမားနှစ်ဦးက စွန့်ပစ်ပစ္စည်းများကို ထည့်ထားသော အိတ်များပေါ်တွင် ထိုင်၍ လိုက်ပါလာခဲ့ကြောင်း၊ စွန့်ပစ်ပစ္စည်းများ ထည့်ထားသော အိတ်တစ်လုံး ကားပေါ်က ပြုတ်ကျသွားရာ ကိုဝေလင်းကျော်လည်း ဟန်ချက်ပျက်သွားပြီး ၄ မီတာခန့်ရှိအမြင့်ပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ကားသမားက […]

ရှီကျင့်ဖျင်နှင့်ဆွေးနွေးပွဲ အကြီးအကျယ်အောင်မြင်ဟု ထရမ့်ပြော

Dawei Watch

October 30, 2025

၆ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့အကြား မျက်နှာချင်းဆိုင်ဆွေးနွေးပွဲကို ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပခဲ့ရာ ယင်းဆွေးနွေးပွဲမှာ “ကြီးမားသည့် အောင်မြင်မှုတစ်ခု” ဖြစ်ကြောင်း သမ္မတထရမ့်က ပြောကြားလိုက်သည်။ ကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံနှစ်ခုအကြား ကုန်သွယ်ရေးပြဿနာများကြောင့် လနှင့်ချီကြာ တင်းမာနေခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်စေရေး ခေါင်းဆောင်နှစ်ဦးအကြား အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ယူကရိန်းအရေးနှင့်ပတ်သက်၍ သမ္မတရှီနှင့် ၎င်းအကြား “အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်” သဘောတူညီမှုရရှိခဲ့ကြောင်း သမ္မတထရမ့်က ပြောသည်။ “ယူကရိန်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့နှစ်ဦး ပူးပေါင်းလုပ်ဆောင်သွားမှာပါ။ ဘက်နှစ်ဘက်စလုံးက တိုက်ပွဲတွေထဲ ပိတ်မိနေတယ်ဆိုတာကို ကျွန်တော်တို့ သဘောတူကြပါတယ်။ တစ်ခါတလေတော့လည်း ဘက်နှစ်ဘက်ကို ဆက်တိုက်ခွင့်ပေးထားရမလိုပါပဲ။ ဒါပေမဲ့ ယူကရိန်းကိစ္စမှာတော့ ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်သွားမှာပါ” […]

တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ရွေးကောက်ပွဲဝင်ပြိုင်၊ ဗိုလ်မှူးကြီး သိန်းဇော်မြင့်ကို နယ်လုံဝန်ကြီးအဖြစ်ခန့်

Dawei Watch

October 30, 2025

စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းစစ်ကော်မရှင်အဖွဲ့နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ် က ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မည်ဖြစ်သည့်အတွက် နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးသိန်းဇော်မြင့်ကို ပြောင်းလဲခန့်အပ်လိုက်သည်။ ယခင်နယ်လုံဝန်ကြီးဗိုလ်မှူးကြီးမင်းမင်းလတ်က အရပ်ဘက်ပြောင်းကာ တနင်္သာရီတိုင်းလွှတ်တော် (အချိုးကျစနစ်) တွင် ကြံ့ခိုင်ရေးပါတီမှ ဝင်အရွေးခံမည်ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။ စစ်ကော်မရှင်ကကျင်းပမည့် ရွေးကောက်ပွဲတွင် စစ်အာဏာရှင်တပ်၏ လက်ဝေခံပါတီဖြစ်သော ကြံ့ခိုင်ရေးပါတီမှ အရပ်ဘက်ပြောင်း စစ်ခေါင်းဆောင်များအနိုင်ရပြီး အစိုးရဖွဲ့နိုင်ရေး အကွက်ချစီစဉ်နေခြင်းဖြစ်ကြောင်း တွေ့ရသည်။ နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီးမင်းမင်းလတ်က တနင်္သာရီတိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ အတွက် အချိုးကျကိုယ်စားပြုစနစ်တွင် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်နေခြင်းဖြစ်သည်။ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်ပြင်ဆင်ထားမှုအရ တိုင်းဒေသကြီးလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)မဲဆန္ဒနယ် အမှတ် ၁ မှာ တနင်္သာရီတစ်တိုင်းလုံးပါဝင်သည်။ ဗိုလ်မှူးကြီးမင်းမင်းလတ်သည် စစ်တက္ကသိုလ် နည်းပြအရာရှိချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် […]