ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်မြို့ပေါ် မီးလောင်ပြီး နေအိမ်နှစ်ဆောင်ပျက်စီး

Dawei Watch

October 29, 2025

ထားဝယ်မြို့တွင် ယနေ့ အောက်တိုဘာလ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မီးလောင်မှုဖြစ်ပြီး နေအိမ် နှစ်ဆောင် ပျက်စီးကြောင်း မြို့ခံများနှင့် ပရဟိတလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။ ထားဝယ်မြို့၊ ရေလမ်း၊ ဝဲကျွန်းထိန်လယ်ရပ်ကွက်တွင် နှစ်ထပ်ပျဉ်ထောင်အိမ် အ‌ပေါ်ထပ်တွင် ဝါယာရှော့ ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “အဲဒီအိမ်မှာက သီဟိုဋ္ဌ်စေ့ ခြစ်တယ်။ မီးပျက်ပြီး မီးပြန်လာတာနဲ့ အိမ်အပေါ်ထပ်အခန်းကနေ လျှစ်စစ်ရှော့ဖြစ်ပြီး မီးစလောင်တာ” ဟု ၎င်းက ပြောဆိုသည်။ မီးလောင်မှုကြောင့် ခြံဝင်းတစ်ခုတည်းအတွင်းရှိသော နှစ်ထပ်ပျဉ်ထောင်အိမ်တစ်ဆောင်နှင့် တစ်ထပ်ပျဉ်ထောင်အိမ် တစ်ဆောင်တို့ မီးလောင်ပျက်စီးပြီး လူထိခိုက်မှု မရှိကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ဆိုသည်။ “အိမ်အပေါ်ထပ်မှာ ကျန်းမာရေး မကောင်းတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ မီးလောင် […]

ကော့သောင်းမြို့ခံ အသက် ၁၂၁ နှစ်အရွယ်အဘွား မြန်မာ့အသက်ကြီးဆုံးအဖြစ် ရွေးချယ်ခံရ

Dawei Watch

October 29, 2025

ကော့သောင်းမြို့ခံ အသက် ၁၂၁နှစ်အရွယ် အဘွားတစ်ဦးအား ယခု ၂၀၂၅ခုနှစ်အတွက် မြန်မာ့အသက်အကြီးဆုံး အဘွားအဖြစ် ရွေးချယ်ဂုဏ်ပြုခံရကြောင်း မြို့ခံများထံမှ သိရသည်။ ရွေးချယ်ဂုဏ်ပြုခံရသည့်အဘွားသည် ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ ပုလဲတွင်းလမ်းတွင်နေထိုင်သည့် အဘွား ဒေါ်ပန်းနွယ်ဖြစ်ကြောင်း စစ်ကော်မရှင်၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ အဘွားနှင့်အတူ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်မှ အသက် ၁၂၁ နှစ်အရွယ် အဘိုး ဦးသိန်းအောင်လည်း ပူးတွဲကာ ယခုနှစ် အသက်အကြီးဆုံးအဖိုးအဖြစ် ရွေးချယ်ခံရကြောင်း ဖော်ပြသည်။ ရွေးချယ်ခံရသူတစ်ဦးလျှင် ကျပ်ငွေဆယ်သိန်းစီကို အောက်တိုဘာလ ၂၈ ရက်တွင် စစ်ကော်မရှင်လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနက ချီးမြှင့်ခဲ့ကြောင်း ဆိုသည်။ အာဏာ မသိမ်းမီကတည်းက လူမှုဝန်ထမ်းဦးစီးဌာနက အောက်တိုဘာ ၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အဖြစ် မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံးအဖြစ် သတ်မှတ်ပြီးဂုဏ်ပြုချီးမြှင့်ရန် […]

အစ္စရေးက ဂါဇာကို လေကြောင်းတိုက်ခိုက်မှု ပြန်စ

Dawei Watch

October 29, 2025

အစ္စရေးက ဂါဇာကို လေကြောင်းတိုက်ခိုက်မှုများ အောက်တိုဘာလ ၂၈ ရက်နေ့က ပြန်လည်စတင်လိုက်သည်။ ယင်းမှာ အမေရိကန် ကြားဝင်စေ့စပ်ပေးမှုဖြင့် ယခုအောက်တိုဘာလအတွင်း ပေါ်ပေါက်လာသည့် အစ္စရေး-ဟားမတ်စ် အပစ်ရပ်သဘောတူညီချက်အပေါ်  ယခု နောက်ဆုံးထွက်ပေါ်လာသည့် စမ်းသပ်ချက်ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။ အပစ်ရပ်သဘောတူညီချက်ကို ဟားမတ်စ်ဘက်က ချိုးဖောက်ခဲ့ကြောင်း အစ္စရေးက စွပ်စွဲပြီးနောက် အဆိုပါ တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အစ္စရေး၏ အဆိုပါ တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ရ‌ကြောင်း ဒေသခံကျန်းမာရေးအာဏာပိုင်များက ဆိုသည်။ ဂါဇာကို ‘ပြင်းထန်သော’ တိုက်ခိုက်မှုများ ချက်ချင်းစတင်ရန် စစ်တပ်ကို အမိန့်ပေးခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟု၏ ရုံးက ထုတ်ပြန်ထားသော်လည်း အစ္စရေးစစ်တပ်က တစ်စုံတရာ မှတ်ချက်ပြုပြောဆိုခြင်း မရှိသေးပေ။ အဆိုပါ တိုက်ခိုက်မှုအကြောင်း အစ္စရေးက အမေရိကန်ကို ကြိုတင်အကြောင်းကြားခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက CNN သတင်းဌာနကို […]

ရာသီဥတုပစ်မှတ် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ထက် မကျော်အောင် မတားနိုင်သဖြင့် ကမ္ဘာကြီးပိုပူလာမည်

Dawei Watch

October 28, 2025

ကမ္ဘာ့အပူချိန် မြင့်တက်မှုကို ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် မကျော်လွန်အောင် ကန့်သတ်နိုင်ခြင်း မရှိသောကြောင့် လူသားထုသည် ချက်ချင်းဦးတည်ရာလမ်းကြောင်း ပြောင်းရတော့မည်ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က သတိပေးပြောကြားလိုက်သည်။ နောက်လတွင် ကျင်းပမည့် Cop30 ရာသီဥတုထိပ်သီးညီလာခံ မတိုင်မီ ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပါရီရာသီဥတုသဘောတူညီချက်၏ ရည်မှန်းချက်ဖြစ်သည့် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်ပြီး ကမ္ဘာကြီး ပိုမိုပူနွေးလာတော့မည်ကို လူသားထုအနေဖြင့် ‘ရှောင်လွှဲမရနိုင်တော့ကြောင်း’ ၎င်းက ဝန်ခံခဲ့သည်။ “လာမယ့်နှစ်အနည်းငယ်အတွင်း ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ထက် မကျော်လွန်အောင် ရှောင်ရှားဖို့ အရေးမှာ ကျွန်တော်တို့ အရေးနိမ့်ခဲ့တယ်။ ကမ္ဘာ့အပူချိန် ၁ […]

ထိုင်း နာမည်ကြီးရှူဆေးဘူးတွင် ဘက်တီးရီးယားနှင့် မှိုများ သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေ

Dawei Watch

October 28, 2025

ထိုင်းနိုင်ငံအတွင်း လူသုံးများသော နာမည်ကြီး အစိမ်းရောင်ရှူဆေးဘူးတစ်မျိုး(ဟွန်ထိုင်း)သည် ဘက်တီးရီးယားနှင့် မှိုများ သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေပြီး သတ်မှတ်စံချိန်မပြည့်မီသဖြင့် သုံးစွဲမှု ရပ်တန့်ကြရန် ထိုင်း FDA က သတိပေးချက် ထုတ်ပြန်လိုက်သည်။ ယခုစံချိန်စံညွှန်းနှင့် မညီသော ရှူဆေးဘူးမှာ ဖော်မြူလာ ၂ အမျိုးအစား Herbal Mixed Balm Thai Eagle Brand ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဘန်ကောက်မြို့ ချာတူးချက်ဈေးက ဝယ်ယူထားသော ဟွန်ထိုင်းရှူဆေးဘူးကို အကြိမ်ကြိမ်စစ်ဆေးပြီးနောက် သတ်မှတ်စံချိန်စံညွှန်းများနှင့် မညီကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ပြည်သူများ သတိပြုကြရန် FDA သတိပေးချက် ထုတ်ပြန်လိုက်သည်။ ဓါတ်ခွဲခန်းထဲ စစ်ဆေးမှုများအရ ရှူဆေးဘူးတွင် သတ်မှတ်ပမာဏထက် ပိုလွန်နေသော ဘက်တီးရီးယားအရေအတွက်၊ တဆေးနှင့် မှိုများအရေအတွက်နှင့် Clostridium အမျိုးအစား ဘက်တီးရီးယားကိုလည်း တွေ့ရှိရကြောင်း […]

တနင်္သာရီ၊ လေးမိုင်ရွာကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပစ်၍ ဒေသခံတစ်ဦးသေဆုံး

Dawei Watch

October 28, 2025

တိုက်ပွဲပြင်းထန်နေသည့် တနင်္သာရီမြို့နယ် လေးမိုင်ရွာကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနတ်ဖြင့်ပါပစ်ခတ်ခဲ့၍ ဒေသခံတစ်ဦးသေဆုံးသွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ အောက်တိုဘာ ၂၇ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်က လေးမိုင်ရွာကို ခြေလျင်စစ်ကြောင်းထိုးဝင်လာရာက တော်လှန်ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ထိုသို့ တိုက်ပွဲပြင်းထန်နေချိန် စစ်အာဏာရှင်တပ်က အနီးဝန်းကျင်ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနတ်ဖြင့်ပါ ပစ်ခတ်ရာ ဗုံးစထိမှန်ပြီး ဒေသခံတစ်ဦး သေဆုံးသွားကြောင်း ၎င်းကပြောသည်။ “ကရင်လူမျိုးတစ်ယောက် သေသွားတယ်။ အနီးကပ်ဖြစ်နေလို့ အလောင်းသွားကောက်လို့ မရသေးဘူး”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ဆိုသည်။ ဗုံးစထိမှန်သေဆုံးသွားသည့် အမျိုးသားမှာ အသက် ၃၀ နှစ်အရွယ်ရှိပြီး ဒူးကြိုးလေးမိုင်ရွာသားဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်မှုများလာသဖြင့် […]

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ် ဒေသခံအချို့ကိုဖမ်းဆီးငွေညှစ်

Dawei Watch

October 28, 2025

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာအတွင်းရှိသည့် နဘုလယ်ဒေသသို့ စစ်ကြောင်းထိုးရောက်ရှိနေသော စစ်အာဏာရှင်တပ်သည် ဒေသခံအချို့ကို ဖမ်းဆီးငွေညှစ်ကြောင်း နဘုလယ်ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သည် အင်အားအများအပြားဖြင့် အောက်တိုဘာလ ပထမပတ်ကစပြီး ထားဝယ်အထူးစီးပွားရေးဇုန် အတွင်း ရောက်ရှိလာပြီးနောက် နဘုလယ်ဒေသတစ်ခွင် စစ်ကြောင်းထိုးနေကြောင်း ၎င်းဒေသခံများက ပြောသည်။ အောက်တိုဘာလ ၂၄ ရက်က နဘုလယ်ဒေသမှ ရေဖြူမြို့ဘက်သို့ လာသည့် ပရဒတ်ရွာသားနှစ်ဦးနှင့် ထိန်ကြီးရွာသား တစ်ဦးတို့ကို လမ်းပိုင်းတစ်နေရာတွင် ဖမ်းဆီးခဲ့ပြီးနောက် ရိုက်နှက်နှိပ်စက်ကာ သုံးရက်အကြာ အောက်တိုဘာလ ၂၇ရက်တွင် တစ်ဦးလျှင် ၂၅ သိန်းနှုန်းဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “လူက ပြန်လွတ်လာပေမယ့် သုံးယောက်စလုံးမှာ ဒဏ်ရာတွေနဲ့။ ဆိုင်ကယ်နဲ့ ဖုန်းကတော့ (စစ်အာဏာရှင်တပ်) သူတို့လက်ထဲ ကျန်သေးတယ်”ဟု ၎င်းက ပြောဆိုသည်။ အဆိုပါစစ်ကြောင်းသည် ထားဝယ် ရေနက်ဆိပ်ကမ်းလမ်း […]

မဲဆောက်တွင် အိမ်သာထဲ မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းပြီး ဓားဖြင့်တိုက်ခိုက်သူကို ဖမ်းမိ

Dawei Watch

October 28, 2025

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် အိမ်သာအတွင်း မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းပြီး လည်ပင်းအား ဓားဖြင့် တိုက်ခိုက်ခဲ့သူကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်းက မဲဆောက်မြို့ ခရိုင်အုပ်ချုပ်ရေးရုံးအနီးရှိ အိမ်သာထဲတွင် မြန်မာအမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်ခံရသူသည် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပြီး လည်ပင်းတွင် သွေးအလွန်အကျွံ ထွက်နေ သည်ကို တွေ့ရသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက မဲဆောက်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။ မြန်မာအမျိုးသမီး၏ အခြေအနေသည် စိုးရိမ်ရပြီး လက်ရှိအချိန်တွင် သွေးလှူဒါန်းမှု လိုအပ်နေကြောင်း သတင်းများတွင် ဖော်ပြသည်။ အခင်းဖြစ်ပြီးနောက် ဓားဖြင့် တိုက်ခိုက်သူသည် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ကို CCTV မှတ်တမ်းများအရ သိရသည်။ ယင်းနေ့ ည […]