ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မိုးသည်းထန်သဖြင့် မြိတ်မြို့ရှိ တောကျောင်းပရိယတ္တိစာသင်တိုက်အုတ်နံရံပြိုကျ

Dawei Watch

October 28, 2025

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြိတ်မြို့ အလယ်ကျွန်းရပ်ရှိ တောကျောင်းပရိယတ္တိစာသင်တိုက် အုတ်နံရံအချို့ ပြိုကျပျက်စီးကြောင်း မြို့ခံအချို့ထံမှ သိရသည်။ အောက်တိုဘာလ ၂၇ ရက်ညက မြိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် အဆိုပါညတွင်ပင် ပြိုကျခဲ့ပြီး အချိန်အတိအကျကို မသိရကြောင်း မြိတ်မြို့ သန်းဖိုရပ်နေ မြို့ခံတစ်ဦးက ဆိုသည်။ “ညက မိုးမနည်းကြီးကြီး(သည်း)။ အိမ်ထဲတွေနဲ့ လမ်းမတွေမှာလည်း ရေကြီးကုန်တယ်။ တောကျောင်းက နံရံတွေလည်းပြိုကျကုန်တယ်။ နေ့ဘက်က နေပူပြီး ညကျတော့ မိုးကြီးရွာတယ်‌လေ။ ဒါကြောင့် အက်ကွဲနေတဲ့နေရာတွေက ရေဝင်ပြီး ပြိုကျကုန်တယ်ထင်တယ်”ဟု အထက်ပါ မြို့ခံက ပြောသည်။ တောကျောင်းပရိယတ္တိစာသင်တိုက်ရှိ မုခ်ပေါက်၊ အုတ်တံတိုင်းအချို့နှင့် ထိုင်တော်မှုဘုရားများ တည်ရှိရာ ဘုရားစောင်းတန်း အုတ်နံရံအချို့ပြိုကျပျက်စီးခဲ့ကြောင်း မြိတ်မြို့ အလယ်ကျွန်းရပ်နေဒေသခံအချို့ထံမှ သိရသည်။ “တော်တော်လည်းကြာနေပြီဆိုတော့ နေဒဏ်မိုးဒဏ်တွေကြောင့် ယိုယွင်းပျက်စီးသွားတာပါ”ဟု အလယ်ကျွန်းရပ်နေ မြို့ခံတစ်ဦးက‌ ပြောသည်။ […]

စစ်ရေးတင်းမာနေသည့် မြိတ် -ဘုတ်ပြင်းလမ်းပိုင်း ယနေ့စပိတ်

Dawei Watch

October 28, 2025

စစ်ရေးတင်းမာနေသဖြင့် မြိတ်-တနင်္သာရီ – ဘုတ်ပြင်းပြည်ထောင်စုလမ်းကို ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊တနင်္သာရီတိုင်းစစ်ဌာန အမှတ်(၃၅)နည်းဗျူဟာအဖွဲ့က ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၂၈ရက်ကစပြီး အဆိုပါလမ်းပိုင်းဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်ကြောင်း ဖော်ပြသည်။ အဆိုပါလမ်းပိုင်းရှိ တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေခြင်း၊ တိုက်ပွဲမဖြစ်သည့် နေရာများကိုလည်း စစ်အာဏာရှင်တပ်က လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်း များကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ယင်းအပြင် လမ်းမကြီးကိုအသုံးပြုကာ စစ်အာဏာရှင်တပ်က စစ်ကူနှင့် ထောက်ပံ့ရေးလုပ်ဆောင်နေခြင်း၊ စစ်ဆေးရေးဂိတ်များက ခရီးသွားများကို တရားမဲ့စစ်ဆေးခြင်း၊ လူနှင့် ကုန်ပစ္စည်းများကို တရားမဲ့ဖမ်းဆီးခြင်း၊ ဆက်ကြေးကောက်နေခြင်း၊ လူငယ်များကို အဓမ္မဖမ်းဆီးပြီး တပ်သားသစ်စုဆောင်းနေကြောင်း ဖော်ပြသည်။ ထို့ကြောင့် လက်ရှိဖြစ်နေသည့် စစ်ရေးအခြေအနေအရ ပြည်သူများများအန္တရာယ်ရှိသဖြင့် အဆိုပါလမ်းကို ဖြတ်သန်းသွားလာခြင်းမလုပ်ရန် အမှတ်(၃၅)နည်းဗျူဟာအဖွဲ့က ထုတ်ပြန်ထားသည်။ လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း […]

ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ ရေးမြို့နယ်၊ နှင်းစုံစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

Dawei Watch

October 28, 2025

ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ ရေးမြို့နယ်၊ နှင်းစုံရွာ တံတားစစ်ဆေးရေးဂိတ် အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်းက ရေးဘီလူးအဖွဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှသိရသည်။ အဆိုပါဂိတ်မှာ စစ်အာဏာရှင်တပ်လက်အောက်ခံ DKBA (Democratic Karen Buddhist Army) တပ်ဖွဲ့ သုံးဆယ်ဝန်းကျင်ခန့် နေရာယူထားသည့်ဂိတ်ဖြစ်ကြောင်း ဒေသခံများနှင့် ရေးဘီလူးတပ်ဖွဲ့ တို့ကဆိုသည်။ အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်သဖြင့် နှင်းစုံဂိတ်တွင် DKBA တပ်ဖွဲ့ဝင်လေးဦး ခန့်သေဆုံးပြီး ဂိတ်သို့အလည်လာသည့် အမျိုးသမီးတစ်ဦးလည်း သေဆုံးကြောင်း ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူ ကပြောသည်။ ” သေဆုံးသူတွေအပြင် ဒဏ်ရာအပြင်းအထန်ရသူတွေလည်းရှိတယ်။ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာတော့ စကစ ဘက်ကနေ လက်နက်ကြီးပစ်တယ်။ ရေးအခြေစိုက် ခလရ ၁၀၆ ကနေပစ်နေတာမျိုးရှိတယ် ” ဟု ၎င်းကပြောဆိုသည် ။ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေနှင့်ပတ်သက်၍ […]

လိင်စိတ်ခံယူမှုကွဲပြားသည့် ဗြိတိန်တပ်ဖွဲ့ဝင်များအတွက် ပထမဆုံး အမျိုးသားအထိမ်းအမှတ်ရုပ်တု ဖွင့်လှစ်

Dawei Watch

October 28, 2025

လိင်စိတ်ခံယူမှုကွဲပြားသည့် ဗြိတိန်တပ်ဖွဲ့ဝင်များအတွက် ပထမဆုံးသော အမျိုးသားအထိမ်းအမှတ်ရုပ်တုကို ချားလ်ဘုရင် ၃ က အောက်တိုဘာလ ၂၇ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်ပေးလိုက်သည်။ ဗြတိန်စစ်တပ်အတွင်း လိင်တူကြိုက်နှစ်သက်မှုကို တားမြစ်သည့် ပိတ်ပင်ချက်ကို ရုတ်သိမ်းခဲ့ပြီးနောက် ၂၅ နှစ်အကြာတွင် အဆိုပါ အမျိုးသားအထိမ်းအမှတ်ရုပ်တုကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ အမျိုးသားအထိမ်းအမှတ်ရုပ်တုကို ပိန်ချိုင့်နေသည့် ကြေးညိုစကားလုံးများ ပေါင်းစပ်ထားဟန်ဖြင့် ဖန်တီးထားသည်။ ယင်းမှာ စစ်တပ်အတွင်း လိင်တူချစ်ကြိုက်မှု ပိတ်ပင်မှုဒဏ်ကို ခံစားခဲ့ရသည့် တပ်ဖွဲ့ဝင်များ ရေးခဲ့သည့် စကားလုံးများဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်သည်။ အဆိုပါ အထိမ်းအမှတ်ရုပ်တု ဖွင့်ပွဲအခမ်းအနားသို့ ချားလ်ဘုရင် ၃ ကိုယ်တိုင် တက်ရောက်ခဲ့ပြီး လက်ရှိတာဝန်ထမ်းဆောင်ဆဲ စစ်မှုထမ်းများနှင့် စစ်မှုထမ်းဟောင်းများလည်း တက်ရောက်ခဲ့သည်။ ၁၉၇၁ ခုနှစ်က အသက် ၂၁ နှစ်အရွယ်၌ […]

စစ်အုပ်စု ရွေးကောက်ပွဲ တရားမျှတမှု ရှိမည်မဟုတ်ဟု ကုလအတွင်းရေးမှူးချုပ်ပြော

Dawei Watch

October 28, 2025

မြန်မာစစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိမည် မဟုတ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်က အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲ၌ မစ္စတာဂူတာရက်စ်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာစစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းက “ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ်လို့ ဘယ်သူမှ ယုံမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်” ဟု ၎င်းက ပြောသည်။ စစ်တပ်၏ အာဏာသိမ်းယူမှုသည် မြန်မာနိုင်ငံအပေါ် ဘေးဒုက္ခများ စုပုံစေခဲ့သည့်အပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကိုပါ ခြိမ်းခြောက်နေကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။ မြန်မာစစ်တပ်အနေဖြင့် ၂၀၂၁ ခုနှစ်ကတည်းက ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ‘စက်ဆုပ်တုန်လှုပ်ဖွယ်’ အကြမ်းဖက်မှုများကို ရပ်စဲကာ […]

ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” အရှိန်ကြောင့် တနင်္သာရီတွင် နိုဝင်ဘာလဆန်းအထိ မိုးရွာမည်

Dawei Watch

October 27, 2025

တနင်္သာရီ အပါအဝင် မြန်မာနိုင်ငံတဝန်းတွင် လာမည့် နိုဝင်ဘာလဆန်းအထိ မိုးဆက်ရွာနိုင်ကြောင်း မိုးဇလ ဌာနများနှင့် မိုးလေဝသလေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” (MONTHA) သည် အောက်တိုဘာလ ၂၈ရက်တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းဖော်ပြသည်။ ယင်းနောက် အိန္ဒိယနိုင်ငံ အင်ဒရာ ပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်ကြောင်း ဖော်ပြသည်။ “မွန်ထာ” မုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်ထား သော်လည်း မှန်တိုင်းအရှိန်ကြောင့် နိုင်ငံအဝှမ်း နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည်တို့ ဖြစ်ပေါ် […]

တနင်္သာရီ လေးမိုင်ရွာကို စစ်အာဏာရှင်တပ်လေကြောင်းဖြင့် ဗုံးကြဲ

Dawei Watch

October 27, 2025

တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီမြို့နယ် လေးမိုင်ရွာကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သည် ယနေ့ အောက်တိုဘာ ၂၇ရက် နေ့လယ် ၁၂နာရီဝန်းကျင်တွင် စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူက ပြောသည်။ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် တစ်လုံးသည် လေးမိုင်ရွာရှိ နေအိမ်တစ်ဆောင်ကို ထိမှန်ကာ နေအိမ် မီးလောင်သွားကြောင်း ၎င်းက ဆိုသည်။ “တိုက်ပွဲအတွင်း နှစ်ဖက်စလုံး ထိခိုက်မှု ရှိတယ်။ အ‌ရေအတွက်တော့ အတိအကျမသိရသေးဘူး။ တိုက်ပွဲက အခုအထိ ဖြစ်နေတုန်းလို့ သိရတယ်” ဟု အထက်ပါနီးစပ်သူက ယနေ့ ညနေ ၅ နာရီခန့်တွင် Dawei Watch […]

တနင်္သာရီ ဖာနီရွာရှိ နေအိမ်တစ်ဆောင်ကို စစ်အာဏာရှင်တပ် ဖြိုချ၊ အိမ် ၂၀ ဝန်းကျင်ရှိ ပစ္စည်းများကို ဖျက်ဆီး

Dawei Watch

October 27, 2025

တနင်္သာရီမြို့နယ်၊ ဖာနီ‌ရွာကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာပြီး ပြန်ထွက်ချိန်တွင် နေအိမ်တစ်ဆောင်ကို ဖြိုချဖျက်ဆီးကာ အခြားအိမ် ၂၀ ဝန်းကျင်ရှိ ပစ္စည်းများကိုလည်း ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၀ရက်က ဇဝဲရွာအခြေစိုက် စစ်အာဏာရှင်တပ်က တပ်သား ၂၀ ဝန်းကျင်သည် ဖာနီရွာသို့ စစ်ကြောင်းထိုးလာခဲ့သည်။ ထို့နောက် အောက်တိုဘာလ ၂၅ရက်တွင် စစ်ကြောင်းပြန်ဆုတ်စဥ် ထရံကာ ဓနိမိုး နေအိမ်တစ်ဆောင်ကို ဖြိုချဖျက်ဆီးခဲ့ကြောင်း ဖာနီရွာနေ ဒေသခံတစ်ဦးက ဆိုသည်။ “အိမ်တစ်ဆောင်လုံး ဖြိုချထားခဲ့တယ်။ စစ်ကြောင်းဝင်လာတုန်းက စစ်သားတွေ အဲဒီအိမ်က မိန်းကလေးကို ထိကပါး ရိကပါး ပြောလို့ သူတို့ အထက်အရာရှိကို သွားတိုင်လို့ စစ်ကြောင်းပြန်အထွက်မှာ ဖြိုခဲ့တယ်လို့ သိရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။ ရွာအတွင်းရှိ အခြားနေအိမ် ၂၀ […]